မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ပညာရေးဝန်ကြီးဌာနမှ တစ်နိုင်ငံ လုံးရှိ ကျောင်းများတွင် တိုင်းရင်းသား
စာပေသင်ကြားမည့် Teaching As sistant
ESifh Language Teacher နှင့် Language Teacher များကို နေ့စားလပေး ခန့်ထားနိုင်ရန်
မူဝါဒများနှင့် လျှောက်လွှာ ပုံစံများကို စာပေနှင့် ယဉ်ကျေးမှု အသင်းများမှ တဆင့် ဖြန့်ဝေပေးလျက်ရှိရာ
သတ် မှတ်ရက်အမီ လျှောက်ထားကြစေလို ကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်
ကျေးမှု ဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းဖုန်းကျော်က
ပြောသည်။
.
.
''တချို့ အသင်းတွေက ဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်။ အာခါ၊ လားဟူ၊
ဝ၊ မြောင်ဇီး၊ ကချင်၊ ပအိုဝ်း၊ ဓနု၊ လီဆူး၊ အင်း၊ ကယန်း စတဲ့ ရှမ်းပြည်နယ် တခွင်လုံးက
တိုင်း ရင်းသားစာပေနဲ့ ယဉ်ကျေးမှုအသင်း တွေကိုတော့ ဗဟိုအသင်းတွေဆီ အကူအညီတောင်းပြီး
မူဝါဒနဲ့ လျှောက် လွှာပုံစံတွေ ဖြန့်ဝေပေးနေပါတယ်။ ရှမ်းဆိုရင် ရှမ်းအရှေ့မှာရှိတဲ့
တိုင်းလိ၊ တိုင်းနေ၊ တိုင်းဂုံစသဖြင့်ထပ်မံဆက် သွယ် ဖြန့်ဝေပေးနိုင်ရေးအတွက် အ ကူအညီတောင်းထားပါတယ်''ဟု
ဦး စိုင်းဖုန်းကျော်က ပြောသည်။
အဆိုပါ Teaching As
sistant ESifh Language Teacher နှင့် Language Teacher ဆရာ/ဆရာမများ ခန့်ထား ရေး မူဝါဒများတွင်
ဆရာဖြစ်လိုသူ များသည် အနည်းဆုံး ၉ တန်းအောင် မြင်ရမည်ဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ရန်၊
ပြဌာန်းထားသည့် သက်ဆိုင် ရာဘာသာစကားကိုကျွမ်းကျင်စွာ အ ရေး၊ အဖတ်၊ အပြော သင်ကြားနိုင်
စွမ်းရှိရန်၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းရင်းသား ရေးရာဝန်ကြီး တစ်ဦး ဦး သို့မဟုတ်
အစိုးရအဖွဲ့မှ တာဝန် ပေးအပ်ထားသည့် ဝန်ကြီးတစ်ဦး၏ ထောက်ခံချက် ပါရှိရန်၊ ကျန်းမာရေး
ကောင်းမွန်ရန်တို့ကို သတ်မှတ်ထား ပြီး ခိုင်လုံမှန်ကန်သော ပညာအရည် အချင်း ထောက်ခံချက်၊
အလုပ်သမား မှတ်ပုံတင်၊ ကျန်းမာကြောင်းထောက် ခံချက်၊ နိုင်ငံသား စိစစ်ရေး ကတ် မိတ္တူ၊
သက်ဆိုင်ရာ လူမျိုးမှန်ကန် ကြောင်း ရပ်/ကျေး ထောက်ခံချက်၊ ပြစ်မှု ကင်းရှင်းကြောင်း
ထောက်ခံ ချက်၊ ဓာတ်ပုံ ၃ ပုံနှင့် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့၏
ထောက်ခံချက်တို့ ပါရှိရန် လိုအပ်ကြောင်း ဖော်ပြပါရှိသည်။
.
တိုင်းရင်းသားစာပေ သင်ကြား ရာတွင် တစ်ရက်လျှင် အနည်းဆုံးစာ သင်ချိန်
၁ နာရီ သင်ကြားရမည်ဖြစ် ပြီး ရက်သတ္တတစ်ပတ်လျှင် အနည်း ဆုံး ၅ နာရီ သင်ကြားရမည်ဖြစ်ကာ
ဒေသခံများကိုသာ ခန့်ထားမည် ဖြစ် သည့်အတွက် ဒေသပြောင်း လျှောက်ထားမှုကို လက်ခံမည်မဟုတ်ဘဲ
အနည်းဆုံး ၃ နှစ်ဆက်တိုက် တာဝန် ထမ်းဆောင်ရန် လိုအပ်ကြောင်း မူလတန်းအဆင့်တွင် ကျောင်းသားဦး
ရေ ၁ဝ ဦးမှ ၁ဝဝ ဦးအထိ ဆရာ တစ်ဦးနှုန်း၊ ၁ဝ၁ ဦးမှ ၂ဝဝ ဦးအထိ ဆရာ/ဆရာမ ၂ ဦးနှုန်းဖြင့်
ခန့်ထား ပေးမည်ဖြစ်ပြီး သင်ကြားမည့် တိုင်း ရင်းသားဘာသာ အရေအတွက် အ ရ လိုအပ်ပါက ထပ်ခံခန့်ထားရန်
ရှိ ကြောင်း သိရှိရသည်။
.
ယင်းကဲ့သို့ တိုင်းရင်းသားစာပေ သင်ကြားရေးနှင့် ပတ်သက်၍ နေ့စား
လပေး ဆရာ/ဆရာမများ ခန့်ထားမှု နှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှု
(ဗဟို)အ သင်း ဥက္ကဌ ဦးစိုင်းမောင်တင်က ''အရင်က ရှမ်းစာသင်ရင်ကို အဖမ်းခံ နေရတာကနေ အခုလို
ဝန်ကြီးဌာန အနေနဲ့ တရားဝင် ခန့်ထားသင်ကြား စေတာဟာ ဝမ်းသာစွာနဲ့ ထောက်ခံရ မှာပါ။ အရင်ကလို
ကြောက်ရွံ့နေစရာ မလိုဘဲ အင်တိုက်အားတိုက် သင် ကြားရေးမှာ ဒေသခံ တိုင်းရင်းသား တွေ ပါဝင်လာနိုင်ဖို့
အထူးလိုအပ်တာ ဖြစ်လို့ လျှောက်ထားကြစေလိုပါ တယ်'' ဟု ¤င်း၏ အမြင်ကို ကမ္ဘော ဇတိုင်းသို့
ပြောသည်။
.
လျှောက်ထားသူများအနေဖြင့် လာမည့် ဇန်နဝါရီလ ၁၈ ရက် မတိုင်မီ လျှောက်ထားရန်
လိုအပ်ပြီး သတ်မှတ်ရက် ကျော်လွန်သည့် လျှောက်ထားမှုများကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်းနှင့်
ပညာရေးမှူးရုံးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနများတွင် လျှောက်လွှာတင်
သွင်းနိုင်ကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan