ကောင်းမြင့်မြတ်စိန်
.
တစ်ခုသော တနင်္ဂနွေနေ့တွင် ကျွန်တော် သည် GTI ကျောင်းသားဟောင်း ကိုထွေးနှင့်အတူ
ဆံပင်ညှပ်ဆိုင်သို့ သွားခဲ့ပါသည်။ ဆံပင်ညှပ်ဆရာ ကိုအောင်တို့ သုံးဦးမှာ ရင်းနှီးခင်မင်
သူများ ဖြစ်သည်။ တစ်ခါတစ်ရံမှ ဆုံမိခြင်းဖြစ် ၍ တစ်ဦးအကြောင်း တစ်ဦးမေးရင်း စကားပြောနေကြလေသည်။
.
.
ကိုထွေး ။ ကိုအောင်
သုံးဘီးမမောင်းတော့ဘူး လားဗျ။ ကိုအောင်ကတော့ အလုပ်မျိုးစုံလုပ်တာ ပဲနော်။
ကိုအောင် ။ ဟုတ်တယ်
ညီလေး၊ သုံးဘီးရောင်း ပြီး ကုန်ကားထောင်လိုက်တာကွာ။ အဆင်မပြေ ဘူးကွ။ ကိုယ်က ရိုးရိုးပဲ
လုပ်စားတတ်တာ။ သူ တို့လောကက ချိုလည်းစား၊ ချဉ်လည်းစားတဲ့ လောကကွ။ ပြီးတော့ ပေါင်းရသင်းရတာ
သိပ် ခွကျတယ်။ ကိုယ်က မသောက်မစားသူဆိုတော့ အဲဒီလောကက လူတွေနဲ့ ပေါင်းရသင်းရတဲ့အခါ စားသောက်ဆိုင်တွေမှာ
သောက်ရင်းစားရင်း ပြောနိုင်မှကွ။ သူတို့နဲ့ တစ်ဝိုင်းထဲထိုင်ရင် ကိုယ် တစ်ယောက်တည်း
မသောက်ဘဲနေတော့ မဝင်ဆံ့ဘူး။ အံဝင်ခွင်ကျ မဖြစ်ဘူးပေါ့ကွာ။ အဲဒီ ကြာတော့ ကိုယ့်ရဲ့ကုန်ကားအတွက်
ကုန်လဲမရတော့ဘူး။ ကားသမားတွေနဲ့လည်း အဆင်မပြေ တော့ဘူးကွ။ အခုတော့ ဆံပင်ပဲ ပြန်ညှပ်နေပါ
တယ်ကွာ။ ရသမျှနဲ့ပဲ ရောင့်ရဲပါတယ်ကွာ။
ကိုအောင်က ထိုသို့ ပြောသောအခါ ကျွန် တော်အလွန် သဘောကျသွားပါသည်။
ပြီးတော့ လည်း သူတို့လို စီးပွားရေးလုပ်နေသော လူ ငယ်များကို ယခုလို ကြုံတုန်းအားပေးစကားပြော
ချင်မိသည်။ ကိုအောင်သည် (ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် GTI, ETC ဆရာကောင်း) ဆရာချစ်၏
ညီတစ်ဝမ်းကွဲဖြစ်ပြီး ကျွန်တော်တို့ နှင့် အေးသာယာ GTC ကျောင်းဝန်း ဝန်ထမ်း လိုင်းခန်းမှာ
အိမ်နီးချင်းအဖြစ် နေခဲ့ဖူးသည်။ ကျွန်တော့်ကိုလည်း ခင်မင်လေးစားသူ ဖြစ်ပါ သည်။ ကိုထွေးမှာ
တပည့်ဟောင်းဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးကို ကျွန်တော်က ဆုံးမ စကား၊ အားပေးစကားအဖြစ်
ဝင်ပြောလိုက်ပါ သည်။
.
ကျွန်တော် ။ ကိုအောင်ကိုတော့
ဆရာချီးကျူး တယ်ကွာ။ ဒီလိုခေတ်ကြီးထဲမှာ ဒီလိုတစ်ဝိုင်း တည်း ထိုင်သောက်နေသူတွေကြားမှာ
မ သောက်ဘဲ ရှောင်နိုင်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် စီးပွားရေး အဆင်မပြေတာ စိတ်မကောင်း
ဖြစ်စရာ မရှိပါဘူးကွာ။ စီးပွားကပြန်ရှာလို့ ရပါ တယ်။ စာရိတ္တ မခိုင်လို့ ယိုင်လဲပျက်စီး
မသွား တာ သိပ်ဂုဏ်ယူစရာ ကောင်းပါတယ်ကွာ။ ဘီယာအရက်ဆိုတာ စွဲတတ်တာပဲလေ။ တကယ် လို့ မင်းစိတ်
မနိုင်လို့ သောက်ခဲ့ရင် အရက် သောက်တတ်သွားမယ်။ စွဲသွားမယ်။ ဒါဆိုစီး ပွားရေး၊ ကျန်းမာရေးမှာ
ထိခိုက်လာမှာပဲ။ မိသားစုမှာလည်း မယားက မကြည်ဖြူ၊ သားက မရိုသေ ဖြစ်လာဦးမယ်။ မကောင်းကျိုးတွေက
တော့ အများကြီး ဖြစ်လာမှာပါ။ ဒီလိုအဖြစ်မျိုး က ပြန်တွေးလိုက်တိုင်း ကြည်နူးစရာ ကောင်းပါ
တယ်ကွာ။ ရိုးရိုးသားသား လုပ်စားလည်း ဖြစ် တာပါပဲ။
ကိုထွေး ။ ဟုတ်ပါတယ် ဆရာ။ ကျွန်တော် လည်းကျောင်းသား
ဘဝတုန်းကတော့ သောက်ခဲ့ စားခဲ့၊ မူးခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ကျပြီး တော့ ရှောင်ခဲ့ပါတယ်
ဆရာ။ သူငယ်ချင်းတွေ က ခဏခဏ စားသောက်ဆိုင်ကို ခေါ်ကြပါ တယ်။ ကျွန်တော် မသွားတော့ဘူး။
သွားရင်သူ တို့နဲ့အတူ သောက်ဖြစ်မှာ ဆရာ။ မသွားတော့ မသောက်ဖြစ်တော့ ဘူး။ သူငယ်ချင်းတွေက
လည်း ခေါ်မရတာ များလာတော့ မခေါ်တော့ပါ ဘူး။ အခုဆို သားလည်းလည်း ရလာပြီဆိုတော့ ပိုပြီး
ဆင်ခြင်ပါတယ် ဆရာ။ ဆေးလိပ်၊ ကွမ်း ယာကအစ ရှောင်ပါတယ်။
ကျွန်တော် ။ ဟာ ကောင်းပါတယ်ကွာ။
ဆရာ အခုလို ကြားရတာ ဝမ်းသာတယ်ကွာ။ အေး ကွာ ရှောင်သင့်တာ ရှောင်နိုင်တာ သတ္တိပဲကွ။ ရှောင်သင့်တာ
ရှောင်ရဲတဲ့သူဟာ လူတော်ပဲကွ။ ပြီးတော့ ရှောင်သင့်တာ မရှောင်နိုင်တာ၊ မ ရှောင်ရဲတာလည်း
လူညံ့ပဲကွ။ ဆက်ပြီး ကြိုး စားကြပါကွာ။ ကိုယ်ကျင့်သီလဆိုတာ ကိုယ်တိုင် ကျင့်ကြံမှ ရတာကွ။
ဆရာ့အတွေ့အကြုံအရ ပြောရရင် (သီလရှိရင် လူရာဝင်)တယ်ကွ။ မင်း တို့လည်း နောက်ကျရင် ဒီစကားကို
ပိုပြီးလက် ခံလာမှာပါ။ ဒီခေတ်လူတွေ တော်တော်များက တော့ (အူမတောင့်မှ သီလစောင့်မယ်)လို့
ပြော ပြီး (သီလထိန်းနေရင် လူရာမဝင်ဘူး)လို့တောင် ပြောနေကြတယ်ကွ။ ဒါကတော့ မင်းတို့လဲ
ကြားဖူးနေမှာပါ။
ကိုထွေး ။ ဟုတ်လိုက်တာ ဆရာရယ်။ ကျွန် တော့်သူငယ်ချင်း
စီးပွားရေး သမားတွေတော် တော်များများ အဲဒီလိုပဲ ပြောကြတယ် ဆရာ။ ပြီးတော့ သောက်ရင်းစားရင်း
စကားပြောကြရ တာ ပိုရင်းနှီးသတဲ့လေ။ အသိမိတ်ဆွေလည်း တိုးသတဲ့ ဆရာ။
ကိုအောင် ။ အာ အဲဒါတော့
လက်မခံပါဘူးကွာ။ အရက်ဝိုင်း၊ ဘီယာဝိုင်းမှာ တွေ့ရတဲ့မိတ် ဆွေဆိုတာ မိတ်ဆွေကောင်း မဖြစ်နိုင်ပါဘူး။
အဲဒီလို မိတ်ဆွေမျိုးတော့ မလိုချင်ပါဘူးကွာ။ အသိမိတ်ဆွေ မတိုးလည်း နေပါစေကွာ။
ကျွန်တော် ။ ဒီနေ့လူငယ်
လူကြီးတော်တော် များများကတော့ ပုံစံအမျိုးမျိုးနဲ့ သောက်ဝိုင်းစား ဝိုင်းဖွဲ့ မိတ်ဖွဲ့ကြ၊
စီးပွားရေးစကား ပြောကြ၊ အလုပ်စကား ပြောကြတာ ယဉ်ကျေးမှုတစ်ခုလို လုပ်နေကြပြီကွ။ ''အတုမြင်
အတတ်သင်''ကူးစက်သွားတာလည်း ပါတာပေါ့ကွာ။ အခုဆို ဗွီဒီယို ဇာတ်လမ်းတွေ ရုပ်ရှင်တွေထဲမှာ
အဲဒီဘီယာဝိုင်း၊ အရက်ဝိုင်းက မပါမပြီးပဲကွ။ မြန်မာ ဇာတ်လမ်းတွေ ကြည့်ကြည့်၊ နိုင်ငံခြား
ဇာတ် လမ်းတွေ ကြည့်ကြည့် အဲဒီအခန်းတွေက မမြင် ချင်အဆုံးပဲ။ မိန်းကလေးတွေတောင် မြိန်ရည်
ယှက်ရည် သောက်ပြနေကြပြီ။ ကလေးတွေ၊ လူငယ်တွေ အတွက်ရင်လေးစရာပဲကွ။
.
ကျွန်တော် ဆံပင်ညှပ်ပြီးသောအခါ မောင် ထွေးဆံပင်ညှပ်ပါသည်။ ထို့ကြောင့်
စကားဝိုင်း က ဆက်ပြောဖြစ်နေပါသည်။ ဆံပင်ညှပ်ဆိုင်ထဲ တွင်လည်း လူအနည်းငယ် ရှင်းနေချိန်
ဖြစ်ပါ သည်။ ဆံပင်ညှပ်ရန် စောင့်နေသူ ကျောင်းသား လေးနှစ်ဦးသာရှိသည်။ ကျွန်တော်တို့
သုံးဦး သည် အရက်သမားများအကြောင်း၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ KTV များ
အကြောင်း ဆက်ပြောဖြစ်ခဲ့ကြပါသည်။ ကိုထွေး ဆံပင်ညှပ်ပြီးသောအခါ ဆံပင်ညှပ်ဆိုင်မှ ပြန်ခဲ့
ကြသည်။ ကိုထွေးက သူ၏ ကားဖြင့် ကျွန် တော့်အိမ် အရောက်လိုက်ပို့ပေးခဲ့ပါသည်။ ကို ထွေးသည်
ယခုအခါ ကိုယ်ပိုင်တစ်နိုင်တစ်ပိုင် ''အိမ်ဆောက်ပစ္စည်းဆိုင်'' ဖွင့်ထားသည်။ အဝတ်လျှော်စက်ရုံ
တည်ထားသည်။ ရိုးသားကြိုး စားသော လူငယ်တစ်ဦးပင် ဖြစ်ပေ၏။
.
ကျွန်တော်သည် အထက်ပါ အတိုင်း လူ ငယ်နှစ်ဦးနှင့် တွေ့ကြုံစကား ပြောပြီးနောက်
''စာရိတ္တ သတ္တိ'' ရှိသူများအကြောင်း ပြန်တွေး မိပါသည်။ စာအုပ်များတွင် ပြန်ရှာမိပါသည်။
''စာရိတ္တ သတ္တိ''အရာမှာလည်း ကျွန်တော်တို့၏ နိုင်ငံတော်၏ ကျေးဇူးရှင်ကြီး ဗိုလ်ချုပ်အောင်
ဆန်းသည် စံပြပင် ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင် ဆန်းသည် ရဲဘော်သုံးကျိပ်နှင့်အတူ ဂျပန်ပြည်
မှာ စစ်ပညာ သင်ကြားစဉ်က ဖြစ်ပျက်ခဲ့သော အံ့ဖွယ် ထူးခြားဖြစ်ရပ်ပင်တည်း။ စစ်ပညာသင် နေစဉ်
ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး)က ကိုအောင်ဆန်းထံသို့ ဟော်တယ်မက်တစ်ဦးကို လွှတ်ပေးလိုက်လေသည်။
သို့ရာတွင် ရိုးသား ဖြောင့်မတ်ပြီး ဆင်ခြင်တုံအသိတရား ကြီးမား လှသော ကိုအောင်ဆန်းက
လုံးဝလက်မခံ၊ ပြင်း ပြင်းထန်ထန် ငြင်းဆန်လွှတ်လိုက်သည်။ဂျပန် စစ် ဗိုလ်မှူးကြီး ဆူဇူကီးကိုယ်တိုင်
ဟော်တယ် မက်ကို နှစ်ကြိမ်တိတိ လွှတ်ပေးခဲ့သည်။ ကို အောင်ဆန်းကတော့ နှစ်ကြိမ်စလုံးပင်
ပြင်းပြင်း ထန်ထန် ငြင်းဆန်ခဲ့လေသည်။ ယောကျာ်းသား လူပျိုစစ်စစ် တစ်ယောက်အတွက် ငြင်းရန်ခက်
သော ကိစ္စကြီးပါ။ သို့သော် ''သူရဲကောင်း'' ပီသသော သူ့လိုလူ အတွက်ကား အရေးမထား စရာ၊ ကလေးကစားစရာမျှသာ
ပါပဲ။
.
လူထူးလူဆန်း နောက်တစ်ဦး
.
ဒုတိယ ကမ္ဘာစစ်ကာလ (၃-၄-၄၂) တွင် မန္တလေးမြို့ကြီးကို ဂျပန်ဗုံးကြဲလေယာဉ်
အစင်း (၈ဝ)က ဗုံးကြဲချပြီး မီးလောင်တိုက်သွင်းခဲ့သည်။ တစ်မြို့လုံးနီးပါး မီးလောင်ပြာကျ
ပျက်စီးခဲ့ရ၏။ မန္တလေး ဘူတာကြီး ငွေစာရင်းဌာနမှ ဝန်ထမ်း များလည်း အများနည်းတူ ကြောက်လန့်တကြား
ထွက်ပြေးကြရာ တစ်ယောက်မျှပင် မကျန်ချေ။ အင်္ဂလိပ်အရာရှိများလည်း ပြင်ဦးလွင်မြို့သို့
ထွက်ပြေးခဲ့ကြရသည်။ ငွေစာရင်းဌာန အရာရှိ ဦးဘခင် ကတော့ ဗုံးတွေကြဲနေသည့်ကြားထဲက ပင်
သူ၏ ငွေစာရင်းရုံးခန်းထဲ အသက်ပဓာနမ ထားဘဲ ဝင်ရောက်ပြီး ငွေများကို အိတ်တစ်လုံး တွင်
ထည့်ယူခဲ့လေသည်။ ပိုင်ရှင် အင်္ဂလိပ်များ လည်း မရှိတော့ပါ။ သူ ထိုသို့ ပြုလုပ်သည်ကို
မည်သူမျှလည်း မသိပါပေ။ ထိုငွေများကိုလည်း မည်သူမျှ သတိမရခဲ့ကြပါပေ။ ဦးဘခင်ကတော့ တာဝန်သိသူပါတည်း
တာဝန်ယူရဲသူလည်း ဖြစ် ပါ၏။ ဦးဘခင်သည် ထိုငွေများကို တစ်ပြားတစ် ချပ်မျှ ကိုယ်ကျိုးအတွက်
မသုံးခဲ့။ ငွေအားလုံး ကို အင်္ဂလိပ်အရာရှိများထံ သွားကာ ပြန်အပ် ပေးသည်။ အင်္ဂလိပ်လူမျိုး
အရာရှိကြီးများပင် အလွန်အံ့အားသင့်သွားခဲ့ကြရလေသည်။
.
လစာဝင်ငွေ အပြင် အောက်ဆိုဒ် ဝင်ငွေ များများ ရှာသော ယနေ့ခေတ် လူများ၊
အဲယား ကွန်းအောက်က လက်မှတ်ထိုးကာ ဝင်ငွေ ကောင်းကောင်း ရှာသူကြီးများ၊ သချာင်္ဂဏန်းအ ရွေ့အပြောင်းဖြင့်
ငွေရှာသူများကတော့ ဦးဘခင်ကို မည်သို့ ပြောမည်မသိ။ ယုံနိုင်ပါ့မလား။ ခိုးနည်း၊ လိမ်နည်း၊
မသမာနည်းပညာခေတ်မီ တိုးတက်သော ခေတ်တွင် ဦးဘခင်လို ပုဂ္ဂိုလ် ကတော့ ရှားမည်ပင်။ သို့သော်
ထိုသို့သော သူ များကို သမ္မတကလည်း အလိုရှိနေပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်းလိုလား
ပါသည်။ ပြည်သူပြည်သား အားလုံးကလည်း အလွန် လိုချင်တောင့်တ နေကြပါသည်။
.
ပုံပြင်ထဲမှာ ''ခိုးသားငါးရာ''အကြောင်း ကြားဖူး၏။ ခိုးသားငါးရာဆိုသော
စကားကြားဖူး ခဲ့၏။ ယခုတော့ ''ခိုးသားငါးထောင်''ပင်မက တော့ပါ။ ခိုးသားငါးသောင်း၊ ခိုးသားငါးသိန်း
ထက်ပင် နည်းအံ့မထင်။ ''အစစ်တစ်ခု၊ အတု တစ်ထောင်၊ အယောင်ဆောင် တစ်သိန်း၊ အပလိန်း အနန္တ''
ဆိုသော စကား။ မှန်နေပြီလား မသိတော့ချေ။ အလိမ်အညာ မသမာမှုများ၊ မ သမာသူများက နေရာအနှံ့
ရှိနေသည်။ ရှောင် ၍လည်း မလွတ်။ ရှောင်၍လည်း မလွယ်တော့ ပါချေ။ အစိုးရရုံးဌာနများ သွားမလား၊
ကား ဂိတ်သွားသွား၊ ရထားဘူတာရုံသွားသွား ပက် ပင်းတိုးရမည်။ ဈေးသွားလည်း မသမာသူတွေ က
စောင့်နေတာပဲ။ မြို့ထဲက ဆိုင်ကြီးတွေသွား လည်း ကြုံရတာပါပဲ။ ဆေးရုံမှာလည်း ရှိတာ ပဲ။
တရားရုံးမှာ အုပ်ချုပ်ရေးရုံးမှာ နေရာတကာ မှာ မသမာမှုများစွာ ရှိနေပါ၏။ အများမိုးခါးရေ
သောက်လို့ လိုက်သောက်ကုန်ကြပြီလား မဟုတ်ပါ။ တကယ်တော့ ကောင်းသောသူများ များစွာရှိနေပါသေးသည်။
ကောင်းချင်နေသူများ လည်း ရှိပါသည်။ အချို့က (ငါ့ဝမ်းပူဆာ မနေ သာ၍) အချို့က (အဆွယ်ကောင်း၍)၊
အချို့က (မှန်တယ်ထင်၍) မသမာမှုများ လုပ်မိနေကြ ခြင်းပါ။ လူတို့သည် မိခင်မွေးဖွားသန့်စင်ပေး
လိုက်၍ လူ့ဘဝရောက်စက အဖြူထည်သက် သက်ပါ။ ပတ်ဝန်းကျင်ကြောင့်၊ ခေတ်စနစ် ကြောင့်၊ ခေတ်အခြေအနေကြောင့်သာ
အ ရောင် ပြောင်းကုန်ကြခြင်း ဖြစ်ပါသည်။ ပတ်ဝန်းကျင်ကောင်း၊ ခေတ်စနစ်ကောင်း ခေတ်အ ခြေအနေကောင်းနှင့်
ကြုံတွေ့ကြရသူများသည် မသမာမှု လုပ်ရန်ရွံရှာကြပါသည်။ မကောင်းမှု များ၊ ဒုစရိုက်များ မသမာမှုများကို
ရှောင်ရှား ကြပါသည်။
.
ယခုအခါ ကျွန်တော်တို့ နိုင်ငံတော်ကြီးကို နိုင်ငံခေါင်းဆောင်များနှင့်
ပြည်သူလူထုက ဝိုင်း ဝန်းပြုပြင် ပြောင်းလဲနေကြပါပြီ။ ခေတ်အဆက် ဆက် ယိုယွင်းပျက်စီးခြင်းတွေက
များပြားလှပါ သည်။ ရုပ်ဝတ္ထုများ ပျက်စီးခဲ့ခြင်းထက် စိတ် ပိုင်းဆိုင်ရာများ ပျက်စီးခြင်းများက
ပြုပြင်ဖို့ပို၍ ခက်ခဲလှပါသည်။ နိုင်ငံမှာ သယံဇာတများ၊ ဓန ဥစ္စာများ မည်မျှပင်ြ<ွကယ်ဝချမ်းသာနေပါစေ၊
နိုင်ငံရှိ လူများ စိတ်ဓာတ်ညံ့ဖျင်း အောက်တန်း ကျနေလျှင် ထိုနိုင်ငံသည် ရေရှည်သာယာဝ
ပြော မနေနိုင်ပါ။ မငြိမ်းချမ်းနိုင်ပါ။ အထူးသဖြင့် နိုင်ငံကို ဦးဆောင်အုပ်ချုပ်နေသူများ၊
ဦးဆောင် အဖွဲ့အစည်းများမှ လူများသည် စိတ်ဓာတ်အ ဆင့်မြင့်မားကာ ကိုယ်ကျင့်တရားကောင်းဖို့
လို ပါသည်။ လူအများအပေါ် ပြည်သူလူထုအပေါ် စိတ်စေတနာကောင်း ထားရပါမည်။ ကိုယ်ချင်း စာ ညှာတာထောက်ထားရပါမည်။
ခေါင်းဆောင် နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ် သိုက် စိုက်စိုက်လိုက်၏ ဟူ၍
ဆိုရိုးရှိပါသည်။ ရှေ့ကလည်းဖြောင့်ဖြောင့် သွားဖို့ လိုပါသည်။ နောက်ကလည်း ဖြောင့်ဖြောင့်လိုက်ဖို့
လိုပါ သည်။ ရှေ့နောက်မညီ၊ မပီအပြင် ''နွားကွဲလျှင် ကျားဆွဲ''ပင် ခံရပါလိမ့်မည်။
.
ရှေ့က ဖြောင့်ဖြောင့် သွားဖို့နဲ့ နောက်က ဖြောင့်ဖြောင့် လိုက်ဖို့အတွက်
စာရိတ္တ သတ္တိ ရှိကြဖို့ အထူးပင် လိုပါသည်။ အစွမ်းသတ္တိ အ မျိုးမျိုးတွင် စာရိတ္တ သတ္တိ
သည်သာအလိုလား အပ်ဆုံး၊ အကောင်းမြတ်ဆုံး ဖြစ်ပါသည်။ ရဲ စွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲ
သတ္တိရှိ သော်လည်း စာရိတ္တ သတ္တိ နည်းနေလျှင် လူ့ လောကကို အကျိုးမပြုတော့ပါ။ အဆိုးပြုဖို့သာ
များနေပါလိမ့်မည်။ လိမ်ရဲညာရဲ၊ မသမာလုပ်ရဲ မတရား မမျှတ လုပ်ရဲခြင်းသည် သတ္တိမဟုတ် စိတ်ကောင်းမဟုတ်ပါ။
စာရိတ္တ သတ္တိမရှိခြင်း သာ ဖြစ်ပါသည်။ စာရိတ္တ သတ္တိမွေးကြပါစို့။ စာရိတ္တ သတ္တိရှိကြပါစို့။
.
.
.
#KBZTai #Shan