အချိန်များများယူ အလုပ်များများလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အချိန်များများယူ အလုပ်များများလုပ်


ဆာယာ-လှမြင့်
.
.
ကျွန်တော်သည် မဟာဂန္ဓာရုံဆရာတော်ဘု ရားကြီး၏ နံနက်ခင်းသြဝါဒစကားများကို လွန် စွာနှစ်ခြိုက်သဘောကျ၍ ငယ်စဉ်က ဓမ္မဗျူဟာ မဂ္ဂဇင်းမှာ တစ်စိုက်မတ်မတ် ဖတ်ရှုခဲ့ပါသည်။ စွဲကျန်ရစ်တာလေးတစ်ခု ပြောပြပါမည်။ အ ကယ်၍များမြန်မာပြည်က ဘုန်းကြီးတွေ အား လုံးလူထွက်သွားပါစေ၊ ရှင်ဇနက တစ်ပါးတည်း ကျန်ခဲ့မယ်လို့မှတ်လိုက်ပါတဲ့။ သိပ်ကြိုက်ပါ၏။ ဤသို့ သြဝါဒပေးတဲ့စာပေမျိုးကိုပဲ ရွေးဖတ်လာ သည်အထိ ဖြစ်ခဲ့၏။ ဤသို့ဖတ်ခဲ့သည့်အဖြစ် ကြောင့်လည်း ကျောင်းဆရာဘဝမှာ Assembly မိန့်ခွန်းကို ဆရာ၊ ဆရာမတွေပြောသည်ထက် ကျွန်တော်ပဲ အပြောများပါ၏။ တဖြည်းဖြည်း ဆုပေးတာကအစ သြဝါဒဆန်ဆန်တွေ ဖြစ်လာ တော့သည်။ မတတ်နိုင်တော့ပါ။
.
ကျွန်တော့်ဘဝပညာရေးက အနားယူပြီး နောက်ပိုင်း အာစရိယပူဇော်ပွဲတွေမှာ ကန်တော့ ခံဘဝရောက်လာခဲ့တဲ့အခါ ဆုတွေပေးရ၏။ သြဝါဒခြွေရ၏၊ အာစရိယပူဇော်ပွဲဆိုလို့ ဆရာ ကန်တော့ပွဲလို့ပြောလျှင် ကျွန်တော်ပိုကြိုက်ပါ သည်။ အကြောင်းမှာ ကျွန်တော့်မှာ ပူဇော်ခံ ထိုက်တဲ့ သီလ၊ သမာဓိ၊ ပညာအလုံအလောက် မရှိလို့ပါ။ တပည့်တွေက ကန်တော့ကြတော့ ကျွန်တော်က လက်အုပ်ပြန်ချီပြီး ဂုဏ်တော် တွေကို ပွားပွားနေရ၏။ ဆရာကို တပည့်က အဘယ်ကြောင့် ကန်တော့ပါသနည်းဆိုသော် ကျေးဇူးရှိလို့ပါ။ အဖြေရှင်းပါ၏။ ထို့ကြောင့် ကျေးဇူးသိပြီး ကန်တော့ကြလျှင် ပြီးပြည့်စုံပါ ၏။
.
တပည့်တွေကို ဆုပေးရတဲ့အခါ ကျွန်တော် အမြဲပေးလေ့ရှိတဲ့စကားမှာ ဤသို့ကန်တော့ကြ သည့်အတွက် ဆရာ၊ ဆရာမတွေဖြစ်လျှင် တပည့်တွေက တစ်သက်လုံး ချစ်ကြည်ညိုလို့မဝ၊ တမ်းတမ်းတတ လွမ်းဆွတ်နေရတဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ကြပါစေ၊ အရာရှိကြီးတွေဖြစ်လျှင်လည်း ရာထူး၊ သြဇာကြောင့်မဟုတ်ဘဲ ပင်စင်ယူ အာဏာကင်းမဲ့သွားသည့်တိုင် လက်အောက် ငယ်သားတွေက ချစ်ခင်လေးစားကြည်ညိုနေ တဲ့ အရာရှိကြီးများ ဖြစ်ကြပါစေလို့ဖြစ်၏။ သြ ဝါဒဆန်နေပါသည်။ သိပ်ကြိုက်ပါ၏။ ဝန်ခံရလျှင် ဤဆုပေးသည် ဆရာကြီးဦးအောင်သင်း စကားလုံးတွေပါ။
.
သို့သော် သည်လို ဆရာနှင့်အရာရှိမျိုးဖြစ် ဖို့ လူတိုင်းကြုံဖူးကြမည်မထင်ပါ။ ဘယ်ဆရာ လာလာ၊ ငါ့ဆရာ ဘယ်ဆရာသွားသွား အလ ကား ဆိုတဲ့သူတွေကလည်း ရှိသေးတာကိုး။ တစ်နေ့က''တုတ်ဆူး''ဆိုပြီး ရှမ်းလူငယ်လေး တွေ တစ်အိမ်တက်ဆင်း ဂစ်တာတီးသီချင်းဆို ရှမ်းလို''ခွန်ရိုင်''တိုးတက်ပါစေ။ ''လီယူ''နေ ကောင်းပါစေ၊ ''မီငင်း''ချမ်းသာပါစေလို့ ဆု တောင်းပေနေကြ၏။ ကျွန်တော့်အိမ်ရောက် တော့ ဘာအတွက်လဲ မေးကြည့်ရာ ရှမ်းနှစ်သစ် ကူးနေ့အတွက်ပါဟုဆို၏။ အေးကွာ နတ်တော် လဆန်း ၁ ရက်နေ့ ရှမ်းနှစ်သစ်ကူးနေ့ကို ကြို ဆိုရမှာပေါ့ကွလို့ပြောရင်း အလှူငွေထည့်လိုက် တော့ ဂစ်တာတီးတဲ့ ရှမ်းလေးက ''မင်္ဂလာပါ ဆရာ''လို့ နှုတ်ဆက်၏။ ကိုရင် ရှင်သုမနပါ။ ဓမ္မောဓယစာသင်တိုက်မှာ ဆရာက ကိုရင်တွေ ကို မြန်မာစာ၊ မြန်မာစကားသင်ပေးတာလေ၊ ခု လူထွက်ပြီး ဆရာသင်ပေးတဲ့ မြန်မာစာကို ကောင်းကောင်း ရေးတတ်ဖတ်တတ်ပြီ။ ဆရာ့ ကို မမေ့သလို ဘဝကိုလည်း မမေ့ပါဘူးတဲ့။ ဤစကားသံလေး လွင်နေတာကြောင့် ကျွန် တော့် သွေးပြန်ကြောတွေ အထက်ကိုပြန်စီးတာ နည်းနည်းမြန်သွားသလား မသိတော့ပါ။
.
အင်္ဂလိပ်ဝါကျတစ်ကြောင်း ဖတ်ဖူးသည် Gifted men achieve time and work as their opportunity တဲ့။ လုံးကောက်ဘာသာမပြန်ပါနှင့်။ ဆိုလိုရင်းကတော့ အချိန်များများယူ အလုပ်များများလုပ်ကြသူတွေ လူစွမ်းကောင်းတွေ ပဲလို့ အဓိပ္ပာယ်ရ၏။ ဖတ်ခဲ့ရသမျှ သတင်းတွေ အရ တချို့က သမ္မာအာဇီဝအလုပ်မလုပ်တော့ ဘူး။ အချောင်နေ၊ အချောင်စား လုယက်တိုက် ခိုက် မူးယစ်ဆေးကုန်ကူး ဥပဒေကို ကျောခိုင်း ထောင်ထဲမှာ မူးယစ်ဆေးမှု၊ ခိုးမှု၊ လုယက်မှု တွေ ပုံခံနေပါ၏။ ဒီအတိုင်းသွားလျှင် တိုင်း ပြည်သည် ငါးနှစ်သားကလေးတွေ လူလား မြောက်မှပဲ တိုးတက်လာတော့မယ်လို့ ပြက်လုံး ထုတ်ရတော့မလို။ သီတဂူဆရာတော်ကြီးက ပြောရှာသည်။ ကမ္ဘာကြီးလွမ်းကျန်ရစ်အောင် လုပ်ကြစမ်းပါတဲ့။ အားနာစရာကောင်းလှသည်။
.
နေမင်းကြီးသည် လောကကို အချိန်မှန်စွာ သူ့အလင်းရောင်ဖြင့် အပြိုင်မရှိ တစ်ခုတည်းသော မင်းအဖြစ် ကျေးဇူးပြု၏။ ဘုရားလောင်းဥ ဒေါင်းမင်းသည် ထိုနေမင်းကို ဥဒေတယဂါထာ ဖြင့် ရှိခိုးပြီးမှ အစာရှာထွက်၏။ အပေတယံဂါ ထာဖြင့် ရှိခိုးပြီးအိပ်၏။ နေမင်းကို ရှိခိုးသလို မကောင်းမှုကို အပပြုပြီးကုန်သော မြတ်စွာဘု ရား၊ သစ္စာလေးပါးသိသော ပုဂ္ဂိုလ်များ ကိလေ သာကင်းသူများကိုလည်း ရှိခိုးသည်ဟု မောရ သုတ်မှာဆိုထားပါသည်။ နေမင်း၏တာဝန်၊ တာဝန်ကျေပုံကို ဘုရားလောင်းပင်လျှင် အသိ အမှတ်ပြုခဲ့ပါလားလို့ တွေးယူမိပါသည်။
.
ထို့အတူသာလျှင် လမင်းကလည်း ညအ ခါ လသာသာဖြင့် ကျေးဇူးပြု၏။ မိုးတိမ်က လည်း ပင်လယ်ထဲကရေကို မြေပြင်ပေါ်ရောက် အောင် သယ်ပေး၊ မြေပြင်က သစ်ပင်ကလည်း မိုးရေကိုထိန်းပေး၏ ဤနေမင်း လမင်း မိုးတိမ် သစ်ပင်တို့ကဲ့သို့ လောကကို အကျိုးမပြုနိုင် သည်ထား ဘဝပေးလေသမျှ သည်ကာလမှာ အလုပ်များများလုပ်ကြဖို့ သီတဂူဆရာတော်ကြီး က သူ့တပည့်တွေကို သြဝါ၏ကထာ ပေးလေ့ ရှိကြောင်း ရှာဖွေ မှတ်သားမိပါသည်။
.
ပညာရေးသတင်းတစ်ပုဒ် ကြားသိရပါ၏။ုKGမှ Gade 5 အထိ မူလတန်း၊ Grade 6 မှ 9 အထိ အလယ်တန်း၊ Grade 10၊ 11၊ 12 ကို အထက်တန်း၊ ၂ဝ၂ဝ မှာ တက္ကသိုလ်ဝင် တန်းစာမေးပွဲမရှိ စသည်ဖြင့်။ သို့သော် စနစ် တွေ၊ မူတွေက ဘယ်လိုပဲ ပြောင်းစေ၊ ပညာ ရေးရဲ့ ရည်ရွယ်ချက်က လောကကြီးအတွက် ပြဖို့ဆိုတဲ့အချက်နှင့် ထောက်ကြည့်ရင် အချိန် နှင့်အမျှ အလုပ်လုပ်ကြမှ လိုရာခရီးအပြီး ရောက်မည်ဖြစ်၏။
.
ဇွဲမနှုန်းသာဘူး။ သဲကုန်းဆရာတော်ရယ် လို့ နေတစ်ဆူ လတစ်ဆူ ကျော်ကြားတော်မူ သော သီတဂူဆရာတော်ကြီးက ပြည်တွင်းပြည် ပ သာသနာပြုလုပ်ငန်းတွေဖြင့် နေ့စဉ် ဘယ်လို ပဲ ပင်ပန်းနေပါစေ သူ့ကျောင်းပြန်ရောက်တဲ့အခါ ပရိတ်နှင့် ပဋ္ဌာန်း ဒေသနာများကို မပြတ်အ စဉ်ရွတ်ဆိုတော်မူတဲ့အကြောင်း၊ အလုပ်ကို အချိန်ရသမျှလုပ်ပြီး ရသမျှလှူ နောက်ဆုံး ကင်မရာတစ်လုံးနှင့် ဘောပင်တစ်ချောင်းပဲ ကျန်နေ လျှင် တော်ပြီဆိုပဲ။ အားကျစေချင်ပါကြောင်း။
.
အများတကာရဲ့ ကောင်းကျိုးအဆတစ်ရာ သယ်ပိုးကြမယ်ဆိုလျှင် ဘုရားလောင်းတော်တို့ ကျင့်ကြံပုံမျာကို ကျွန်တော်တို့ နည်းနာယူသင့် လှပေသည်။ ဘုရားဖြစ်ဖို့အရေး ပါရမီတွေဖြည့် ကျင့်တဲ့အခါမှာ (၁)အချိန်ကြာကြာ လုပ်၏၊ ဘယ်လောက်ကြာသလဲ၊ လေးသင်္ချေနှင့်ကမ္ဘာ တစ်သိန်း၊ (၂) လုပ်စရာအလုပ် အကုန်လုပ် သည်၊ ပါရမီ ၁ဝ ပါးစလုံးဖြည့်၏။ တစ်ပါးမှ မချန်ပါ၊ (၃) မရပ်မနားလုပ်၏၊ တစ်ကမ္ဘာမှ နားမနေခဲ့ပါ၊ (၄) လေးလေးစားစားလုပ်၏၊ (၅) ပျော်ပျော်ပါးပါးလုပ်၏။ သည်လိုမလုပ်ခဲ့ဘူး ဆိုလျှင် လူတစ်ယောက်က ချွေးဒီးဒီးကျအောင် ကျောက်တုံးကြီးကို အချိန်ကြာကြာဘယ်လိုပဲ တွန်းပါစေ မရွေ့ဘူးဆိုပါတော့။ ရူပဗေဒအီကွေးရှင်း W=F x D  အရ အလုပ်မဖြစ်ဘူးဟု ဆိုရ လိမ့်မည်။
.
ဤလုပ်ငန်း ငါးရပ်၏ တရားကိုယ်သဘော ကို ကောက်သော ဝီရိယ ပင် အဖြေထွက်၏။ ဘဝရဲ့ ဒုက္ခအဖုံဖုံကို ဘာနဲ့ဖယ်ရှားမလဲလို့ အာဠာဝကဘီလူးကြီးရဲ့ အမေးကို မြတ်စွာဘု ရားက ဝီရိယနဲ့ ဖယ်ရှားရမှာပေါ့တဲ့။ ကုသိုလ် တိုးပွားအောင် အကုသိုလ်နည်းပါးအောင် အား ထုတ်ခြင်းသည် ဝီရိယပဲမဟုတ်လား။ မဂ္ဂင် လည်း ထိုက်ပါ၏။ အချိန်များများယူ၊ အလုပ် များများ လုပ်ဆိုပေမယ့်လည်း ရမ်းလုပ်လို့တော့ မရဘူးပေါ့။ အလုပ်မခက် အစီအစဉ်ခက် ဆိုတဲ့စကားရှိသေးတယ်မဟုတ်လား။
.
စကားစဉ်ကို ပြန်ကောက်ရသော် ပညာ တွေစုံ၊ ရာထူးဂုဏ်၊ ငွေဂုဏ်တွေနှင့် အရာရှိ ကြီးတွေ ဖြစ်လာခြင်းသည် အတ္တအကျဉ်းသား ဖြစ်ဖို့ မဟုတ်ပါဘူး။ လောကကြီးကို အကျိုး ပြုရန်ဟု မှတ်ယူပါ။ လူတစ်ယောက်၏ အရည် အချင်းသည် BA, B Sc မဟုတ်ပါ။ တကယ် တော့ အလုပ်လုပ်ခြင်းသာလျှင် သူရဲ့အရည်အ ချင်း ဒီဂရီလို့ဆိုပါ။ ဤတွင် သီတဂူဆရာတော် ကြီး၏ သြဝါဒစကားတစ်ခွန်းနှင့် ချိန်ထိုးကြည့် ပါဦးမည်။
.
''တို့မှာ BA, B Sc မရှိဘူး၊ Ph-D က လည်း မိုးပေါ်ကျ၊ တို့ရဲ့ ဒီဂရီဘွဲ့က ဘာလဲဆို တော့ Time and Work ပဲ။ အချိန်ရှိသလောက် အလုပ်လုပ်တယ်၊ ဒါတို့ရဲ့ ဒီဂရီပဲ''တဲ့။ ဒီအ သက်၊ ဒီခန္ဓာ အိုးစားမကွဲသမျှ ကာလပတ်လုံး နှလုံးသားမှာ မှတ်ထားလိုက်ပါပြီဘုရား၊ နိဂုံး စကားအနေဖြင့် သိကြားမင်းက သူ့သားငပျင်း ကို ဤသို့ပြောသတဲ့။ ''ဒီမှာငါ့သား ဘာအလုပ် မှ မလုပ်ဘဲ ကြီးပွားမယ့်နေရာများရှိရင် ငါ့ကို ပြောစမ်းပါ''ဟူသတည်း။ တကယ် အလုပ်လုပ် ကြပါ။   
.
.
.
#KBZTai #Shan

Journal Download

Photo of three cats