တောင်ကြီးတန်ဆောင်တိုင် စာပေပြိုင်ပွဲ ကဗျာဆု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင် စာပေပြိုင်ပွဲ ကဗျာဆု


ဒေါက်တာ အောင်ကျော် (သွား/ဆရာဝန်)
.
.
ပွင့်လင်းမြင်သာ
.
တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်(၂၃/ ၁၁/၂ဝ၁၈)ကထိန် ရာသီကုန်ဆုံးခဲ့ပြီဖြစ်သလို တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ပိတ်ပွဲနေ့ လည်းဖြစ်ပါသည်။ ဖွင့်ပွဲနှင့်ပိတ်ပွဲရက်တို့သည် လူကြိတ်ကြိတ်တိုးမြဲ။ နောက်ဆုံးဘိတ် အိတ် နှင့်လွယ်ဆိုစကားအတိုင်း၊ ရောင်းသူ၊ ပွဲနွှဲသူ နှင့် ပြိုင်ပွဲဆုရသူများ မီးကုန်ယမ်းကုန်ပျော်ကြ မြဲ။ ပိုမို၍ ကြည်နူးပျော်ရွှင်ဂုဏ်ယူစရာကောင်း လှသည်မှာ ရှမ်းပြည်နယ်ကိုယ်စားပြု တောင် ကြီးအခြေစိုက် အပတ်စဉ်ထုတ်ဝေနေသည့် ကမ္ဘောဇတိုင်းသတင်းဂျာနယ်၏ အယ်ဒီတာအ ဖွဲ့မှ စတင် ကမကထပြု လှုံ့ဆော်မှုကြောင့်၊ ယ ခုနှစ်၌ စာပေပြိုင်ပွဲတစ်ရပ်ကို စတင်ထည့်သွင်း နိုင်ခဲ့ခြင်းဖြစ်၏။ အမှန်မှာ ယမန်နှစ်ကတည်း က ရှမ်းအစိုးရအား အကြံပြုတင်ပြခဲ့သော်လည်း ပွဲရက်ရောက်ရန် တစ်လလျော့လျော့သာ ကျန် ရှိတော့၍ နောင်နှစ်တွင် ထည့်စဉ်းစားပေးပါ မည်။ အဖြေကို ကျေနပ်ခဲ့ရသည်။ ရှေးအစဉ် အလာအရ မီးပုံးပျံပြိုင်ပွဲ၊ မီးပဒေသာပြိုင်ပွဲနှင့် မသိုးသင်္ကန်းရက်ပြိုင်ပွဲတို့ ရှိနှင့်ပြီးသားပါ။ နောက်တိုးအနေအားဖြင့် ဓာတ်ပုံပြိုင်ပွဲနှင့် တေးသီချင်းရေးဖွဲ့ သီဆိုပြိုင်ပွဲများ ပါဝင်လာခဲ့ ရာ၊ စာပေပြိုင်ပွဲတစ်ရပ်ထည့်သွင်းပေးစေဖို့ စာ ပေဝါသနာအိုးများ၏ ရင်တွင်း၌ ကိန်းအောင်းခဲ့ သည်ကား အမှန်တရားဖြစ်၏။ အောင်မြင်ပါပြီ။
.
တောင်ကြီးစာပေညီနောင်အသင်းအဖွဲ့ များဖြစ်ကြသည့် မြို့နယ်စာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း(ရှမ်းပြည် နယ်)၊ ရှမ်းပြည်နယ်စာဖတ်ရှိန်မြှင့်တင်ရေးကွန် ရက်တို့နှင့်အတူ ကမ္ဘောဇတိုင်း သတင်းဂျာနယ်  မီဒီယာအဖွဲ့ကလည်း စိတ်ဝမ်းတူစွာ ညီညွတ်စု ပေါင်းအားဖြင့် မြိုင်ဆိုင်သွားပါ၏။ ရှမ်းအစိုးရ ဦးဆောင်မှု ပြည်နယ်ပြန်ဆက်ဌာန၏ အဓိက အကောင်အထည်ဖော်မှုတို့ကို ကျေးဇူးတင်ရ ၏။ တောင်ကြီးတက္ကသိုလ်၊ မြန်မာစာဌာနနှင့် သမိုင်းဌာနတို့မှ ပါမောက္ခများပါဝင်ပံ့ပိုးမှုကို လည်း ဂုဏ်ယူမှတ်တမ်းတင်ရပါမှ ပြည့်စုံနိုင်ပါ မည်။ ပြည်နယ်ပြန်ဆက်ရုံး၌ ပထမအကြိမ် ဆွေးနွေးတာဝန်ခွဲယူစဉ်က ကျွန်တော်မသိရှိ လိုက်ရပါ။ ဖိတ်စာခေတ်မဟုတ်၊ Online ပေါ် တင်လိုက်သည်နှင့် ပြီးရသည့်ခေတ်သစ်မှာ Facebook မသုံး၊ Internet မချိတ်သည့် ကျွန် တော် ခေတ်နောက်ကျနေခဲ့ခြင်းဖြစ်၏။ ကဗျာ စာမူ စိစစ်ရွေးချယ်ရေးအဖွဲ့ငယ်၌ ကျွန်တော့် ကို ထည့်ထားကြောင်းတော့ ဖုန်းဆက်အ ကြောင်းကြား၍ နောက်ရက်များ၌ ကြားသိရပါ သည်။ ''ဒိုင်ထဲမှာ ပါတယ်ဆရာ''ဆိုတော့ ရုတ်တရက် ကျွန်တော်ကြောင်သွား၏။ ဘောက် ဆင်ပွဲဒိုင်၊ မီးပုံးပျံဒိုင်တို့ကိုတော့နားယဉ် နေပြီ။ စာပေဒိုင်ဆိုတော့ အဆန်းပါလားဟူလို့။ တေး ရေးသီဆိုလည်းဒိုင်၊ ဓာတ်ပုံပြိုင်ပွဲလည်း ဒိုင် ဟူ၍ပင် ယခုတန်ဆောင်တိုင်ပွဲမှာ သုံးနေ ကြောင်းကို နောင်မှသိရ၏။ မည်သို့ဆိုစေ ကဗျာဒိုင်အဖွဲ့ဝင်ဆို၍ အလှည့်ကျတော့မနွဲ့စတမ်း ပေါ့။ ကိုယ့်မြို့ပွဲကိုယ့်စာပေကိစ္စလေ။ ထို့ ကြောင့် ဒုတိယအကြိမ် စည်းဝေးပြန်ခေါ်တော့ ''ဒီဆရာ ဖုန်းမဆက်လို့မဖြစ်''သိသွားကြ၍ ဖြစ်မည်။ ဖုန်းဆက်လာ၍ တက်ရောက်ဖြစ်၊ အမှတ်ပေး စည်းမျဉ်းပါဝင်ဆွဲဖြစ်ခဲ့သည်။
.
စည်းမျဉ်းစနစ်
.
မည်သည့်ကိစ္စမဆို၊ စည်းကမ်း၊ စည်းမျဉ်း၊ စနစ်ဆိုသည်များအရေးကြီးလှ၏။ အများကိစ္စ ၌ ပိုမိုသတိကြီးစွာ ထားရ၏။ ဘောင်အတွင်းက အဖွဲ့သားများနှင့် ညှိနှိုင်းဆုံးဖြတ်ရ၏။ အနည်း ဆုံးတော့ သဘောထားဖော်ပြပြီး အများဆန္ဒ အတိုင်းဖြစ်စေရ၏။ ဝေဖန်ခြင်းကား လွယ်ကူ ၏။ အဝေဖန်ခံနိုင်ဖို့က ပိုပြီးခက်တတ်၏။ လူ ဆိုသည်မှာ ပုထုဇဉ်သားဖြစ်ရာ အတ္တတွေ၊ မာန်မာနတွေ၊ လောဘဒေါသ၊ မောဟတွေဖုံး လွှမ်းနေမြဲ။ တရားသတိဖြင့် ထိန်းချုပ်နိုင်၊ ကိုယ်ချင်းစာနာနိုင်၊ သည်းခံနားလည်ခွင့်လွှတ် နိုင်ပါမှ အများအကျိုးဆောင်ရွက်နိုင်ပါမည်။ ကဗျာစိစစ်အဖွဲ့ဝင် ငါးဦးတွင် အသက် ၇ဝ ကျော် သုနောင်အင်း(အင်းလေး)နှင့် မင်းသန့် ဦး(တောင်ဦး)၊ အသက် ၆ဝ ဝန်းကျင် မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ မောင်ခွန်နွယ်(အင်း လေး)၊ စာပေဗိမာန်စာမူဆုရ ခင်(တောင်ကြီး) အသက် ၅ဝ နှစ်ဝန်းကျင် တောင်ကြီးတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဒေါက်တာ စုစုလွင်တို့ ပါဝင်၏။ အားလုံးသဘောတူ အမှတ်ပေးစည်း မျဉ်းရေးဆွဲကြရာ အောက်ပါအတိုင်းဖြစ်ပါသည်။
.
၁။ ကဗျာ ခေါင်းစဉ်နှင့်အကြောင်းအရာ ပြည့်စုံကိုက်ညီမှုရှိခြင်း ၂ဝ မှတ်၊ ၂။ ကဗျာစပ် ထုံးစပ်နည်း မှန်ကန်ခြင်းနှင့် သတ်ပုံ ၂ဝ မှတ်၊ ၃။ ကဗျာကာရန်ညီညွတ်၍ အသံသာခြင်း ၂ဝ မှတ်၊ ၄။ ကဗျာအနှစ်သာရပြည့်ဝခြင်းနှင့် ဒဿန ၂ဝ မှတ်၊ ၅။ ကဗျာဝိÓာဉ်နှင့်ကဗျာအ လှ ပြည်စုံခြင်း ၂ဝ မှတ်။ အားလုံးပေးမှတ် ၁ဝဝ အပေါ်၌ အပြစ်အနာအဆာ ချွတ်ယွင်းမှု တို့အတွက် အမှတ်လျှော့ချသွားမည်ဖြစ်၏။ မူ လချမှတ်ထားသော စည်းမျဉ်းရှိ၏။ ပြိုင်ပွဲဝင်စာ မူများပို့ရာ၌ အောက်ပါအတိုင်း စည်းကမ်း သတ်မှတ်ချက်များနှင့် ညီညွတ်ဖို့ကို ကြေညာ ထားပြီးဖြစ်၏။ ၁။ ''တောင်ကြီးမြို့လုံးကျွတ်ဘုံ ကထိန်နှင့် တန်ဆောင်တိုင်ပွဲတော်''အကြောင်း နှင့် ပတ်သက်သော ခေါင်းစီးဖြစ်ရမည်။ ၂။ စပ်ထုံးစပ်နည်းနှင့်ညီညွတ်သော (အစဉ်အလာ) ကဗျာဖြစ်ရမည်။ ၃။ ဗ၄ တစ်မျက်နှာထက်မ မနည်း နှစ်မျက်နှာထက်မပိုသော ကဗျာဖြစ်ရ မည်။ ၄။ လက်ရေးမူတစ်မူ၊ ကွန်ပျူတာတစ်မူ (ံမေိ ဃသစပ+ှသ်အ ဃသစပ)ဇော်ဂျီဖောင့်ဆိုဒ် ၁၁၊ ယူနီကုတ်၊ မြန်မာ-၃ ဖောင့်ဆိုဒ် ၁၃၊ ၅။ မည်သည့်စာနယ်ဇင်း၌ ဖော်ပြပြီးမဖြစ်စေရ။ ၆။ အမည်ရင်း၊ ကလောင်အမည် ကိုယ်တိုင်ရေးဝန် ခံချက်၊ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ဖုန်း နံပါတ်တို့ ဖော်ပြရမည်။ ၇။ ပြိုင်ပွဲဝင်သူ ပြည် ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။ ၈။ ဒိုင်အဖွဲ့ဆုံးဖြတ်ချက်အတည်ဖြစ်ပြီး ဆုရစာမူများကို ရှမ်းပြည်နယ်အစိုးရနှင့်ပွဲတော်ကျင်းပရေးဦးစီး ကော်မတီတို့ လိုအပ်ချက်အရ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခြင်းနှင့် အခြားနည်းလမ်းများ အသုံးပြု ခြင်းကို သဘောတူညီရမည်ဟု ၁၁/၁ဝ/၂ဝ၁၈ ထုတ်အတွဲ ၄ အမှတ် ၃၉ ကမ္ဘောဇတိုင်းသ တင်းဂျာနယ်၌ ဖော်ပြထားပြီးဖြစ်၏။ အမှတ် ၄ဝ ၌လည်း ၃၉ တွင်ကြည့်ရန်ညွှန်းပေး၏။
.
စာမူပိတ်ရက် ၅/၁၁/၂ဝ၁၈ ဆိုသော်လည်း အောက်တိုဘာ ပထမပတ်စည်းဝေးပြီးသည်နှင့် Online ပေါ်၌ ပြန့်နှံ့သိရှိကြပြီးဖြစ်၏။ အောက်တိုဘာ စတုတ္ထပတ်မှာ စာမူများအတော်အတန် ဝင်လာကြကာ ပိတ်ရက်၏ နောက်နေ့ ၆/၁၁/ ၂ဝ၁၈ စည်းဝေး၌ ဝတ္ထု ၂၂ ပုဒ်၊ ဆောင်းပါး အပုဒ် ၄ဝ၊ ကဗျာ ၈၃ ပုဒ် စာရင်းထွက်လာ သည်။ ဒိုင် ၅ ဦးစီးဖွဲ့စည်းပေးထားရာ ကဗျာ ၌ ခင်(တောင်ကြီး)ခရီးလွန်နေ၍ ၄ ဦးသာဖတ် ရှုရွေးချယ်ပါသည်။
.
ရက်နည်း
.
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံကွင်း (အဝေရာကုန်းမြင့်သာယာကွင်း)ဖွင့်ပွဲနေ့ ၁၄/ ၁၁/၂ဝ၁၈ ကွင်းဖွင့်ပွဲ အခမ်းအနား၌ ဆုရစာမူရှင်စာရင်း ကြေညာပေးနိုင်ရန်အတွက် ၁၃/ ၁၁/၂ဝ၁၈ နံနက် ၁ဝ နာရီနောက်ဆုံးထားပြီး ဆုစာရင်းတင်ပြနိုင်ရပါမည်။ ၂၃/၁၁/၂ဝ၁၈ ညနေပိုင်း ကွင်းပိတ်ပွဲ၌ဆုချီးမြှင့်မည့် အစီအ စဉ်ရှိသည်။ တစ်ပတ်ခန့်သာ ရက်ရပြီး စနေ တနင်္ဂနွေရုံးပိတ်ရက်ခံနေသေး၍ ၅ ရက်ခန့်ဖြင့် အဖြေထွက်ရှိရပါမည်။ ဝင်လာသည့် စာမူများ အနက် ကဗျာကဏ္ဍသည် ပုဒ်ရေ ၈ဝ ကျော်နေ သဖြင့် အများဆုံးဖြစ်၏။ စာသင်ကျောင်းများ ၌ ညံ့၊ သင့်၊ ကောင်း၊ တော်ဟု စာစစ်မှတ်ချက် အတိုင်း လိုက်နာကာ အကြမ်းစစ်ချလိုက်ရ၏။ အမှတ် ၃၈ ဝန်းကျင်ကိုညံ့၊ ၆၅ မှ ၇၅ အ ထက်ကိုတော် သတ်မှတ်လိုက်ရာ ညံ့အုပ်စုတွင် ထက်ဝက်ကျော်၊ တော်အုပ်စုမရှိ၊ ကောင်း ၇ ပုဒ်နှင့် သင့် ၁၂ ပုဒ်ကွဲပြီးထွက်လာသည်။ မီး ပုံးပျံဒိုင်များ လိုက်နာရသည့်အတိုင်း ပ ဆုနှင့် ဒုဆုနှိုင်းယှဉ်ဝေဖန်ချက် ရေးတင်ရပါမည်။ သင့်အုပ်စုသည် ဆုမချိတ်နိုင်သော်လည်း ရမှတ်အ မြင့်နှစ်ဦးနှိုင်းယှဉ်ဝေဖန်ချက်လည်း လိုအပ်ပါ သည်တဲ့။ ခြုံငုံတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက် အစီရင်ခံစာကိုမူ မလွဲမသွေတင်ပြ ရေးသားပေးဖို့ တာဝန်ကလည်းရှိနေပါ၏။ နောင်နှစ်များ၌ ရက်ပိုမိုရရှိနိုင်ရန် အကြံပြုဖို့ စိတ်ထဲတေးမှတ်လိုက်ရသည်။
.
တွေ့ရှိချက်
.
စာပေဝါသနာအိုးတိုင်း ကဗျာဖြင့် စတင် တတ်ကြသည်မှာ အများစုဖြစ်၍ ကဗျာပုဒ်ပေါင်း ၈ဝ ကျော်ဝင်လာသည်မှာ မဆန်းလှပါ။ ထူးခြား သည်ကား မူလတန်းအရွယ်မှသည် အသက် ၈ဝ ကျော် ဘိုးဘွားအရွယ်အထိ ရေးပို့ဝင်ပြိုင် ခြင်းကို အားရစရာကောင်း၏။ ကျောင်းသုံး ဗလာစာအုပ်စာမျက်နှာ ထက်ဝက်ခန့်သာရှိခြင်း နှင့် စည်းကမ်းချက် ဗ၄ နှစ်မျက်နှာထက် မကျော်ရကို သုံးလေးမျက်နှာထိရှိရှိနေခြင်းတို့ကား ဘောင်မဝင်ပေ။ စည်းကမ်းချက်ကို သေ ချာစွာမဖတ်ခြင်း၊ ဖတ်သော်လည်းသတိမထား ခြင်းတို့ကြောင့် ဖြစ်လိမ့်မည် ယူဆရ၏။ အစဉ်အလာ (ဂန္ထဝင်)စပ်ထုံးစပ်နည်းမှလွဲချော်နေ သော ကဗျာများနှင့်အကြောင်းအရာလွဲမှာ ကဗျာများ ပါလာ၏။ သာဓကအားဖြင့် တာဝ တိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ မြတ် ဗုဒ္ဓဆင်းကြွချီသည်မှာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်၏။ တန်ဆောင်တိုင်ပွဲနှင့် မသက်ဆိုင်ပါ။ မီးပုံးပျံလွှတ်တင်ခြင်းကား သိကြားမင်းက ဘုရားလောင်းသိဒ္ဓတ္တမင်းသားပယ်သည့်သျှောင် ထုံး(ဆံထုံးမဟုတ်)ကို စူဠာမဏိစေတီတည်၍ ဌာပနာ၏။ ကျွန်တော်တို့ တောင်ကြီးမြို့က စူ ဠာမုနိစေတီဘုရားဖြစ်၏။ ပုဂံအာနန္ဒာဘုရား၏ သုံးချိုးတစ်ချိုးတည်ခြင်းကြောင့်ပါ။ ရောထွေး ပြီး ရေးကြ၊ စပ်ကြပါသည်။ ရန်ကုန်၊ မန္တလေး၊ ဟင်္သာတ၊ မိတ္ထီလာ၊ စစ်ကိုင်း၊ ပျဉ်းမနား၊ ညောင်ဦး၊ မုံရွာ၊ ကျိုက်လတ်၊ ပဲခူး၊ ဘားအံ၊ ချောက်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် စ သည်အားဖြင့် နိုင်ငံနှင့်အဝှမ်း ပြိုင်ပွဲဝင်စာမူများ ရောက်လာသည့်အပြင် ပြည်ပ-သီရိလင်္ကာမှ ပင် ပါဝင်လာကြ၍ အလွန်အားရမိ၏။ နောင် နှစ်များဆိုလျှင် ပိုမိုများပြားလာမည်မှာ မလွဲဧ ကန်မို့ ရွေးချယ်ပေးသူတို့ ခေါင်းခဲဖို့သာ ပြင် ဆင်ထားရပေတော့မည်။ နယ်မြေကန့်သတ်ရန် လိုလားမည်လား။ အကြောင်းအရာ ဘောင်ခတ် ရန်လိုလာမည်လား။ ကဗျာအတွက် ခေတ်ပေါ် (မော်ဒန် ဏသျအ သြိနမညူ.စ စသည်)တို့အ တွက်လည်း သီးခြားရွေးချယ်အဖွဲ့ဖြစ်စေချင် စိတ်ရှိနေကြပါသည်။ ခေတ်လူငယ်တွေကို လည်း အခွင့်အရေးတစ်ရပ်ပေးသင့်ပါ၏။ အ မှတ်ပေးစည်းမျဉ်းစနစ်ကျနရေးဆွဲဖို့တော့လိုပါ မည်ဟု ယူဆမိပါသည်။ အထူးလိုအပ်မည်က တော့ ဆုရွေးချယ်ပေးမည့်အဖွဲ့ဝင်များ အရည် အချင်းပြည့်ဖို့ဖြစ်၏။
.
သုံးသပ်ချက်
.
လူကြီးမင်းတွေက ဆုကြေးကို နိုင်ငံတော် အဆင့်အတိုင်းနီးပါးပေးထား၍ နိုင်ငံတော်အ ဆင့်မီမှပေးဖို့ အကြံပြုကြ၏။ အဖွဲ့ဝင်များအား လုံး ၂ဝ ဦးတို့ကတော့ ပထမဆုံးပွဲဦးနှစ်လည်း ဖြစ်၊ လက်ရှိပါဝင်သူတို့လည်း ပျော်ကြပါစေ၊ နောင်နှစ်များ၌လည်း အားတက်စွာ ဆက်လက် ပြိုင်ပွဲဝင်ကြပါစေ စသော စာနာစိတ်ဖြင့် ရောက်ရှိသည့်အနက် ကောင်းသည့်အဆင့်ကို ပင် ဆုအပြည့်ပေးကြရန်ကို သဘောကြိုက်ညီ စွာ ဆုံးဖြတ်ပေးအပ်လိုက်ပါသည်။ ကဗျာကဏ္ဍ အနေနှင့်မူ ပေမီဒေါက်မီပြည့်ဝတော်လွန်းသည် များပါမလာခဲ့ပေ။ ပြိုင်ပွဲဝင်အပုဒ်တိုင်း လိုအပ် ချက်များ တစ်မျိုးမဟုတ် တစ်မျိုးမျိုးတော့ ရှိ နေကြ၏။ ရတနာတန်းဝင်ကျောက်မျက်၌ပင် လျှင် အပြစ်အနာပါနေတတ်မြဲ သဘောပိုက် လျက် ဆုအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ရ၏။ နောင်နှစ်တွေ၌ အဆင့်မြင့်များပါဝင်လာပြီး နှာ တစ်ဖျားသာကို အတော်လေးရွေးရလိမ့်မည်ဟု များစွာမျှော်လင့်နေမိပါသည်။
.
ကဗျာ ပထမဆုရသူ၏ ခေါင်းစည်းလေး ကဗျာဆန်မနေသည့်ပြင် နေ့လွှတ်၌အုပ်စုကျန် ရစ် သည်ကလွဲ၍ လေးလုံးစပ်၊ ကာရန်ညီအသံ သာ ပြီး အကြောင်းအရာ ပြည်စုံကာ ပြည်တွင်း ပြည် ပဧည့်များ ဖိတ်ခေါ်ထားပုံ အတွေးလေး က လှပလို့နေပါ၏။ ဒုတိယဆုရသည့်ကဗျာ မှာ အချိုးတွဲလေးမို့ ပိုပြီးအသံသာသင့်ပါသော် ငြား ကာရန်ညီအောင် ကြိုးစားထားလင့်ကစား အသံမသာလှဘဲ ထောင့်တောင့်တောင့်ဖြစ်နေ ၏။ စည်းကမ်းချက်ထက် ရှည်လျားပြီး ခေါင်း စည်း၌ တူယှဉ်နွှဲသုံးပုံသည် ရောက်ရှိလာသူများ အတူ ပျော်ဖို့မျှသာရည်ညွှန်းသလို ဖြစ်နေ၏။ ထို့ကြောင့် အကဲဖြတ် ၄ ဦး၏ ပေးမှတ်စုပေါင်း ကို ပျှမ်းမျှချလိုက်ရာ အမှတ်ဝက်(ဒသမ ၅)သာ ကွာခြားနေသည်ကို သိရှိကြလျှင် ခိုးလိုးခုလု ဖြစ်ကြပေရော့မည်။ အသံမသာလျှင် ကဗျာ အလှလျော့ပြီး ဒသနလျော့လျှင် ကဗျာဝိညာဉ် လည်း ကြာရှည်မရှင်သန်နိုင်ပေ။ ကဗျာသည် သိမ်မွေ့လေးနက်လွန်း၍ ကဝိဥစ္စာဟုဆိုကြ သည်လေ။
.
ကောင်း ၇ ပုဒ်အနက် အမှတ် ၇ ၏ ရ မှတ် ၅၂.၅ ဖြစ်ပြီး သင့်အုပ်စု၏ အမြင့်ဆုံး ၅၂.၂၅ ဖြစ်၍ ခြားနားချက် ဝ.၂၅ (အမှတ် တစ်စိတ်)ဒသမ ၂၅ သာဖြစ်၏။ ရိုးစွဲလိုက်သူ ၅၁.၅ နှစ်ဦးအမှတ်တိုက်နေကြ၏။ သင့်အုပ်စု ထပ်ဆုံးပြေးကဗျာလက်ရာမှာ အချိုးတွဲ ပိုမို ကောင်းမွန်ပါသည်။ ရိုးစွဲလိုက်သူ၏လက်ရာမှာ ခေတ်ပေါ်တင်စားမှု ဆန်းသစ်သော်လည်း အ စဉ်အလာ စပ်ထုံးမှလွဲချော်နေသည့်ပြင် ကဗျာ ခေါင်းစည်းကလည်း တောင်ကြီးတန်ဆောင်  တိုင်ပွဲအကြောင်းနှင့် မအပ်စပ်နေပါ။ ကျွန်တော့် သဘောထား အတ္တနောမတိကို ဖော်ပြရလျှင် အစဉ်အလာယဉ်ကျေးမှုမြင့်မား ဂုဏ်တင့်ခဲ့ဖူး သည့် ကဗျာကဏ္ဍသည် မျက်မှောက်ခေတ်၌ လျော့ကျလာရခြင်းတွင် လေ့လာလိုက်စားမှု နည်းသွား၍ဖြစ်၏။ အခြေခံပညာမြန်မာစာသင် ရိုး၌ ကဗျာထည့်ထားသော်လည်း ပါဠိပေါရာ ဏ အနက်ဖွင့်ဆိုချက်၊ ကဗျာရည်ရွယ်ချက်၊ တင်စားချက်တို့ကိုသာ အလွတ်ကျက်ဖြေခဲ့ကြ ၏။ ကဗျာသဘောတရားနှင့် စပ်နည်းသင်ရန်လို နေပါကြောင်း အကြံပြုချင်။                   
.
.
.
#KBZTai #Shan

Journal Download

Photo of three cats