ရဲဘော်မြသိန်း (ဟိုပုံး)
.
ကျွန်တော်တို့
မြန်မာနိုင်ငံမှာ မူလတန်းကျောင်းတွေကနေ အထက်တန်းကျောင်းတွေအထိ ကျောင်းသား၊ ကျောင်းသူတွေဟာ
အစိမ်းရောင်လုံချည်နဲ့ ထဘီတွေကို ဝတ်ဆင်ကြပါတယ်။ အက်ႌကေတာ့ အျဖဴေရာင္ပါ။ တချို့လူနည်းစု
စတုတ္ထတန်းလောက်အထိ ငယ်ရွယ်သူတွေကတော့ ဘောင်းဘီ အတိုအရှည် အစိမ်းရောင်နဲ့ စကတ်အစိမ်းရောင်တွေ
ဝတ်ဆင်ကြပါတယ်။ အက်ႌကေတာ့ အျဖဴပါပဲ။ ဆရာ၊ ဆရာမတွေကတော့ အစိမ်းရောင်လုံချည်နဲ့ ထဘီတွေ
ဝတ်ဆင်ကြပါတယ်။ ပညာရေးမှူးနဲ့ လက်ထောက်ပညာရေးမှူးတွေကလည်း ဒီအတိုင်းပါပဲ။ သူတို့ အင်္ကျီတွေလည်းအဖြူရောင်ပါပဲ။
ကျောင်းသား၊ ကျောင်းသူတွေရော ဆရာ၊ဆရာမတွေနဲ့ ပညာရေးမှူးတွေရဲ့ တူညီကျောင်းဝတ်စုံဟာ
ပညာရေးရဲ့ သင်္ကေတအမှတ်အသားတွေပါပဲ။ စည်းလုံးညီညွတ်ခြင်းရဲ့ ပြုယုဂ်တွေပါပဲ။
ကျွန်တော်ဟာ
အဖြူနဲ့ အစိမ်း ကျောင်းဝတ်စုံတွေကို မြင်မိလေတိုင်း စိတ်ထဲ ကြည်နူး ဝမ်းမြောက်မိတာ
အမှန်ပါပဲ။ အလိုလို ရွှင်မြူးပီတိဖြစ်မိတာကလည်း အသေအချာပါပဲ။ အထူးသဖြင့် ပျိုရွယ်သူ
ကျောင်းသား၊ ကျောင်းသူတွေကို မြင်မိရင် တက်ြ<ွကလန်းဆန်းသလို၊ ချစ်ခင်မြတ်နိုးသလို၊
အေးငြိမ်းချမ်းမြသလို ခံစားမိ ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေကို မြင်မိရင်တော့ အားကျသလို၊
ရိုသေလေးစားသလို၊ ယုံကြည် အားကိုးသလို ခံစားရပြန်ပါတယ်။ သြော် ပညာရေးဌာရဲ့ တူညီဝတ်စုံအစိမ်းရောင်နဲ့
အဖြူရောင်ကလေးတွေရဲ့ အစွမ်းသတ္တိတွေပဲလား။ သို့တည်းမဟုတ်၊ အစိမ်းရောင်နဲ့ အဖြူရောင်တွေရဲ့
ညှို့ယူဖမ်းစားနိုင်မှုတွေ ကြောင့်ပေပဲလား။ ကျွန်တော် အနုပညာဆန်ဆန် တွေးတော နေမိပါတယ်။
.
အဖြူ၊ အစိမ်းကျောင်းဝတ်စုံတွေအကြောင်းပြောတော့
ရှေးရှေးတုန်းက ကျောင်းဝတ်စုံတွေအကြောင်းကိုလည်း တင်ပြလိုပါတယ်။ ကျွန်တော်တို့ တန်းမြင့်ကျောင်းထွက်
(အစိုးရစစ်ကိုးတန်း)နဲ့ တက္ကသိုလ်ဝင်တန်း (အစိုးရစစ်ဆယ်တန်း)တွေထိ ဒီလို အဖြူ၊ အစိမ်း
ကျောင်းဝတ်စုံတွေကို မဝတ်ခဲ့ကြရပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၃ နှစ် (၁၉၆၅ ခုနှစ်)
ပတ်ဝန်းကျင်လောက်အထိပါ။ ဘယ်လို အဝတ်အစားတွေ ဝတ်ဆင်ကြပါသလဲလို့ မေးချင်ကြပါလိမ့်မယ်။
အဲဒီ ၁၉၆၅ ခုနှစ်လောက်အထိ ကျောင်းအမျိုးမျိုးက ကျောင်းဝတ်စုံ အမျိုးမျိုး ဝတ်ဆင် ကြပါတယ်
လို့သာ ဖြေရပါလိမ့်မယ်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပေါ့ဗျာ။
.
ရန်ကုန်မြို့မှာ
ကျောင်းနေတုန်းက ၁၉၆၅ ခုနှစ် မတိုင်ခင်လောက်အထိ ကျောင်းတိုင်း ကျောင်းတိုင်းဟာ တစ်ကျောင်းနဲ့
တစ်ကျောင်းဝတ်စုံတွေ မတူညီကြပါဘူး။ ဥပမာ - ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်က ကျွန်တော်နေခဲ့တဲ့
အစိုးရမူလတန်းကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေ အပြာရောင်လုံခြည်နဲ့ ထဘီတွေ ဝတ်ဆင်ကြရပါတယ်။
အင်္ကျီကတော့ အဖြူရောင်ပေါ့ဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ လောက် ၁၉၅၇/၅၈ လောက်ကပါ။ တစ်ခါ
၁၉၅၉ ခုနှစ်လောက်က ၅ တန်းရောက်တော့ လမ်းမတော်မြို့နယ် အထက်တန်းကျောင်းမှာ ကျောင်းသား၊
ကျောင်းသူတွေ နိညိုရောင်လုံချည်နဲ့ ထဘီတွေ ဝတ်ဆင်ကြပါတယ်။ အင်္ကျီကတော့ အဖြူရောင်ပေါ့။
ဆရာ၊ ဆရာမတွေလည်း ဒီအတိုင်းပါပဲ။ ကျွန်တော် ၆ တန်းကနေ ၁ဝ တန်းအထိကြတော့ ရန်ကုန်တိုင်း၊
လသာမြို့နယ်၊ အထက (၁) ကျောင်းကို ပြောင်းရွှေ့ကျောင်းတက်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ လုံချည်အပြာနဲ့
အဖြူကွက်၊ အင်္ကျီအဖြူ၊ တိုက်ပုံအပြာရောင်တို့ ဝတ်ဆင်ခဲ့ရပါတယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊
ဆရာမတွေလည်း ဒီလိုပါပဲ။
.
အဲဒီကာလတွေတုန်းက
အစိုးရကျောင်းတွေ၊ အလွတ်ပညာသင်ကျောင်းတွေ (အခုခေတ် ကိုယ်ပိုင်ကျောင်း ပုံစံတွေ)နဲ့
ခရာစ်ယာန်သာသနာပြုကျောင်းတွေဆိုပြီး ရှိကြပါတယ်။ ဘယ်ကျောင်းမဆို တစ်ကျောင်းနဲ့ တစ်ကျောင်း
ဝတ်စုံတွေ မတူကြပါဘူး။ အစိုးရကျောင်းချင်းလည်း မတူကြပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ လမ်းမတော်
အထက်တန်းကျောင်းနဲ့ လသာအထက်တန်းကျောင်းတွေဟာ အစိုးရကျောင်းတွေပါပဲ။ ဝတ်စုံတော့ မတူကြပါဘူး။
မြင့်မေတ္တာလိုအလွတ်သင်ပညာကျောင်းက လုံချည်နဲ့ ထဘီမှာအနီရောင်အနုနဲ့ အပေါ်အင်္ကျီအဖြူ ဖြစ်သလိုကြပါတယ်။
ခရာစ်ယာန်သာသနာပြုကျောင်းယောက်ျားလေးများကတော့ ဘောင်းဘီ ကာကီရောင်၊ အင်္ကျီအအဖြူများ ဝတ်ဆင်ကြပါတယ်။
လည်စီးအစိမ်းရောင်တွေလည်း ဝတ်ဆင်ကြပါတယ်။ ဘိုဆန်တယ် ပြောကြပါစို့ရဲ့၊ ဒါကတော့ ကျောင်း
အမျိုးမျိုး ဝတ်စုံအမျိုးမျိုး ဝတ်ဆင်တဲ့ အကြောင်း ရန်ကုန်မြို့ တစ်စိတ်တစ်ပိုင်းကို
နမူနာပြပြီး တင်ပြခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးလည်း ဒီအတိုင်းပဲ ဖြစ်ပုံရပါတယ်။
ကျွန်တော် တစ်နိုင်ငံလုံးကို မရောက်ဖူးလို့ ဒီလိုပဲခြုံငုံပြီး ပြောလိုက်တာပါ။
.
ကျွန်တော်
တက္ကသိုလ်ဝင်တန်း (၁ဝ တန်း)အောင်ပြီးတော့ လုပ်ငန်းခွင် ဝင်တဲ့အခါ၊ လုပ်သားကောလိပ် တက်တဲ့အခါ
အထက်တန်းကျောင်းကိစ္စတွေနဲ့ မပတ်သက်တော့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရှိ ကျောင်း အားလုံးကို
(အထူးသဖြင့် အလွတ်သင် ပညာကျောင်းနဲ့ ခရစ်ယာန်သာသနာပြုကျောင်းတွေကို) အစိုးရက ပြည်သူပိုင်
သိမ်းထားပြီးလို့ အစိုးရကျောင်းတွေ ဖြစ်ကုန်ပါပြီ။ ကျွန်တော် အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း
(၁ဝ တန်း)မှာ ရှိတုန်း ကတည်းက ပြည်သူပိုင် သိမ်းထားပုံ ရပါတယ်။ အတိအကျကို ကျွန်တော်
မသိတော့ပါဘူး။ အဲဒီခုနှစ်သက္ကရာဇ်က အဓိက မကျလို့ ချန်လှပ်ခဲ့ပါမယ်။ ပြည်သူပိုင်တွေ ဖြစ်သွားပြီဆိုတော့
မြန်မာတစ်နိုင်ငံလုံးက ကျောင်းအားလုံး အစိုးရကျောင်းတွေချည်း ဖြစ်ကုန်တာပေါ့။
.
ဒီတော့ကာ
အစိုးရကျောင်းတွေဖြစ်ပြီး မကြာခင် ၂/၃ နှစ်လောက်မှာ အစိမ်းရောင်နဲ့အဖြူရောင် ဝတ်စုံတွေကို
တစ်နိုင်ငံလုံး တစ်ပြေးညီ ဝတ်ဆင်ကြဖို့ သတ်မှတ်လိုက်တယ်လို့ ထင်ပါတယ်။ ကျောင်းအားလုံး
(ကျောင်းသား၊ကျောင်း/သူအားလုံး) အစိမ်းရောင်လုံချည်နဲ့ အဖြူရောင်အင်္ကျီတွေ ဝတ်ဆင်လာကြတာ
အခုချိန်ထိပါပဲ။ ဆရာ၊ ဆရာမ၊ ကျောင်းအုပ်ကြီးနဲ့ ပညာရေးမှူးတွေလည်း ဒီလိုပဲ ဝတ်ဆင်ကြရပါတယ်။
ကျောင်းဝတ်စုံ အစိမ်းရောင်နဲ့ အဖြူရောင်မှာ အောက်ပိုင်းဝတ်ဆင်ကြရတဲ့ အစိမ်းရောင်ဟာ
ပိုမိုပေါ်လွင်ပါတယ်။ ပိုပြီးတော့လည်း အလေးထားကြပါတယ်။ အပေါ်ပိုင်း အဖြူကတော့ သိပ်အလေးမထားကြရိုး
အမှန်ပါ။ ဝတ်ရိုးဝတ်ဆင်ပါပဲ။ သာမန်သဘောမျိုးလောက်ပါပဲ။ ဘာပဲဖြစ်ဖြစ် ကျောင်းဝတ်စုံတွေ
(အထူးအားဖြင့်အစိမ်းရောင်တွေ) မြင်မိကြရင် ကျက်သရေကို ရှိနေတာပါပဲ။ ခန့်ညားထည်ဝါနေတာပါပဲ။
စည်းလုံးညီညွတ်ခြင်းရဲ့ ပြကွက်တွေပါပဲ။
.
ဒါပေမဲ့ အခုနောက်ပိုင်းမှာ
ဆွမ်းဆန်ထဲ ကြွက်ချေး ရောသလိုမျိုး၊ ကျောင်းဝတ်စုံ အစိမ်းရောင်တွေထဲမှာ စိတ်အနှောက်အယှက်ဖြစ်စရာတွေ
ရောပြွန်းလာကြတာ တွေ့နေရပါတယ်။ အဲဒါကလည်း ဆရာမတွေဆီက ကူးစက်စတင်တာလို့ ပြောရမှာပါပဲ။
ဒီလိုပါ။ အစိမ်းရောင်ထဘီအောက်ပိုင်းမှာ ပန်းပွင့် အဖြူတန်းကလေးတွေ အပိုထည့်လာကြခြင်းပါ။
အဆန်းထွင်တယ်လို့ ပြောရင် ရသလို၊ သူများထက် ပိုလှချင်၊ ပိုထူးခြားချင်လို့ တီထွင်လာကြတယ်လို့
ပြောရင်ရပါတယ်။ ဆရာမတိုင်းကို မဆိုလိုပါ။ တချို့ကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီတော့
တပည့်ကျောင်းသူ တချို့ကလည်း လိုက်ပြီး တု ပ ကြပြီပေါ့။ တကယ်ဆိုရင် ကျောင်းဝတ်စုံ အစိမ်း
ရောင်ဟာ အစိမ်းပုပ် အရောင်ရင့်ဖြစ်မှ သရုပ်သကန်မှန်တယ်လို့ ဆရာအတတ်သင်ပညာရေးကောလိပ်က
ဆရာမကြီး တစ်ဦးက ဆိုပါတယ်။ အဲဒီလောက်ထိ မဟုတ်တောင်မှ အစိမ်းရောင် နုလွန်းခြင်းမျိုးကို
ဆရာမနဲ့ ကျောင်းသူတွေ (အမျိုးသမီးတွေ) ရှောင်ရှား သင့်ကြပါတယ်။ သင့်တင့်တဲ့ အစိမ်းရောင်နဲ့
ပန်းအပွင့်များကို ဖယ်ရှားကာ သရုပ်သကန် မှန်မှန် ဝတ်ဆင်သင့်ပါကြောင်း အကြံပြပါတယ်။
ဆရာမနဲ့ ကျောင်းသူလေးတွေကို ပိုပြီး ကျက်သရေ မင်္ဂလာရှိစေ ချင်လွန်းလို့ပါ။
.
နောက်ပြီးတော့
အစိမ်းရောင်လုံချည် ဝတ်ဆင်တဲ့ ဆရာနဲ့ ကျောင်းသား (အမျိုးသား)တွေကိုလည်း အကြံပြုချင်
ပါတယ်။ ကျွန်တော့်အထင် ဆရာတွေဟာ ကျောင်းစိမ်းလုံချည် ဝတ်ရတာကို ရှက်ကြတယ်နဲ့ တူပါတယ်။
အစိမ်းရောင်လုံချည်ကို ဗြောင်ကျကျ မဝတ်ဆင်ကြပဲ အစိမ်းရောင်နဲ့ ရောနေတဲ့ အနက်ကွက်ကလေးတွေကို
ရောယှက်ဝတ်ဆင်ကြပါတယ်။ ခပ်လှမ်းလှမ်းကကြည့်ရင် အစိမ်းရောင်လို့ ထင်ရပေမဲ့ တကယ်က အစိမ်းကွက်လုံချည်တွေပါ။
သာမန်အရပ်သားအသွင်ပါပဲ။
ကျောင်းဆရာလို့မထင်ရအောင် ပုံဖျက်ထားတဲ့ ဝတ်ဆင်မှုပါပဲ။ ပညာရေးမှူး တွေကလည်း ဒီအတိုင်းပါပဲ။
ကျောင်းဆရာလို့ အထင်ခံရမှာ ဂုဏ်ငယ်ရမှာစိုးသလားတော့ မသိပါဘူး။ ရဲရဲတင်းတင်းနဲ့ စံပြအဖြစ်
ဝတ်ဆင်သင့်ပါတယ်။ ကျောင်းသားတွေကတော့ တချို့ဆိုရင် ချက်ပြုတ်နဲ့ လုံချည် အောက်ပိုင်း
လုံးထွေးပြီး အောက်ပိုင်း လျော့တိလျော့ရဲ့ ဝတ်င်ကြပါတယ်၊ လုံချည် ကျွတ်ကျမတတ်ပါပဲ။
(တချို့လည်း မကြာ မကြာ လျှောကျ၊ ကျွတ်ကျ တာတွေ ရှိကြပါတယ်။)
.
အမျိုးသား
စည်းကမ်းအစ စာသင်ကျောင်းကလို့ ပညာရေးနယ်ပယ်မှာ ဆိုရိုးစကားရှိပါတယ်။ စည်းကမ်းသည် လူ၏
တန်ဖိုးတို့၊ စည်းကမ်းရှိမှ တိုးတက်မည်တို့ စသဖြင့် စကားတွေလည်း ရှိကြပါတယ်။ စည်းကမ်းဆိုတာ
အသေးအဖွဲကအစ အကြီးမားဆုံးထိ အကျုံးဝင်ပါတယ်။ ပြီးတော့ စည်းကမ်းဟာ တိကျပါတယ်။ ခြွင်းချက်မရှိပါဘူး။
လက်တစ်လုံးခြား လုပ်လို့ မရပါဘူး။ အားလုံး
အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်၊ ပညာခေတ်ကြီးမှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကျောင်းသား၊
ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်ကြီးတွေနဲ့ ပညာရေးမှူးတွေဟာ ကျောင်းဝတ်စုံ
အဖြူအစိမ်းတွေနဲ့ ကျက်သရေ မင်္ဂလာရှိရှိ ဝတ်စား ဆင်ယင်ကြရင်း ပညာရေး တာဝန်များကိုတက်တက်ကြွကြွ
ရွှင်ရွှင်လန်းလန်းနဲ့ ထမ်းဆောင်နိုင်ကြ ပါစေကြောင်းနဲ့ အဲဒီလို ရှုခင်း၊ မြင်ကွင်းတွေကိုသာ
မြင်တွေ့လိုလှပါကြောင်း တင်ပြလိုက်ရပါတယ်။
.
.
.
#KBZTai
#Shan