မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာလ ၁၁ ရက်က မြန်မာနိုင်ငံသား
၂ ဦးနှင့် ထိုင်းနိုင်ငံသား ၄ ဦးတို့ လိုက်ပါစီးနင်းလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ
ပစ္စတိုသေနတ် ၃ လက်နှင့် ကျည်တောင့် များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ရဲအုပ်ကိုကိုဦးစီးသော
ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဒီဇင်ဘာလ ၁၁ ရက်၊ ညနေပိုင်းက တာချီလိတ်မြို့၊
လွယ်တော်ခမ်းအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်ရှေ့ လမ်းမပေါ်တွင် ရှောင်တခင်ပိတ်ဆို့ရှာဖွေ
စစ်ဆေးခြင်း ဆောင်ရွက်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော Vigo
အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်းလာသူမှာ စိုင်းဆိုင်း(၅၀
နှစ်)ဖြစ်ပြီး ရှေ့ခေါင်းခန်းတွင် ကျော်စိန်(၄၄ နှစ်)မှ ထိုင်ကာ နောက်ခန်းတွင် ထိုင်းနိုင်ငံသားမျာြးုဖစ်သော
Mr.Somchai Maha Frannoon၊ (၂၉ နှစ်)၊ Mr.Suberk(၄၀ နှစ်)၊ Mr.Thanatip (၃၇ နှစ်)၊
Mr.Naijai (၃၉ နှစ်)ထိုင်းနိုင်ငံသားများ လိုက်ပါစီးနင်းလာသည်ကို တွေ့ရပြီး မော်တော်ယာဉ်နှင့်
လူများအား ရှာဖွေရာ ထိုင်းနိုင်ငံသား Mr.Somchai Maha Frannoon လွယ်ထားသော အိတ်အတွင်းမှ
Colts (.45 Automatic Caliber) အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ကျည်
၁၀ တောင့်၊ Mr.Thanatip လွယ်ထားသော အိတ်အတွင်းမှ Pietro Beretta (PB) အမျိုးအစား ပစ္စတိုသေနတ်
တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ 9MM Luger ကျည် ၁၂ တောင့်နှင့် Pietro Beretta(PB) အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊
၎င်းကျည်အိမ် တစ်ခု၊ 9 MM Luger ကျည် ၁၂ တောင့်တို့အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
သို့ဖြစ်၍
တရားမ၀င် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား
၎ ဦးတို့အား တာချီလိတ်မြို့မရဲစခန်းက(ပ)၄၄၅/၂၀၁၈၊ ၁၉၂၄ ခုနှစ်၊ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ်
၁၂(က)ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai
#Shan