ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပိုးမွေးမြူရေး လုပ်ကိုင်သူ များပြားလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပိုးမွေးမြူရေး လုပ်ကိုင်သူ များပြားလာ


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ပိုးစာပင် စိုက်ပျိုးခြင်းနှင့် ပိုးမွေး မြူရေးလုပ်ငန်းသည် ကုန်သွယ်မှု တိုးတက်မြင့်မားရေးအတွက် အထောက်အကူ ပြုလျက်ရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း အများအပြား တိုးချဲ့လုပ်ကိုင်လာကြကြောင်း သိရသည်။
.
 
.
''ရှမ်းပြည်နယ်မှာကတော့ အများစိုက်ပျိုးကြပြီး ကျန်တဲ့ဒေသတွေမှာတော့ အနည်းငယ်လုပ်ကိုင်နေ ကြတာကို တွေ့ရပါတယ်။ ရှမ်း မြောက်ကတော့ ပိုးစာပင်စိုက်ပျိုး ဖို့အတွက် သင့်တော်တဲ့ရေမြေ အနေ အထား အခြေအနေနဲ့ ကိုက်ညီ ပြီးတော့ ပိုးမွေးမြူဖို့အတွက်လည်း လိုအပ်တဲ့ အပူချိန်မှာရှိနေတဲ့အတွက် လုပ်ကိုင်တဲ့ သူတွေ ပိုများလာတာပါ''ဟု လားရှိုးမြို့ရှိ ပိုးမွေးမြူရေးလုပ် ကိုင်သူ ဦးစောမောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊  ချင်းပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် ပိုးစာပင် စိုက်ပျိုးခြင်းကို ပိုးမွေးမြူရေးနှင့် တွဲဖက် လုပ်ကိုင်လျက်ရှိပြီး အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လား ရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့တွင် အများဆုံး စိုက်ပျိုးလျက် ရှိ ကာ တန့်ယန်း၊ ကွမ်းလုံ၊ ဟိုပန်မြို့ တို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် ပိုးစာပင်စိုက်ပျိုးရန်သင့်တော်သည့် ရေမြေရာသီဥတုအခြေအနေများနှင့် ကိုက်ညီလျက်ရှိပြီး ပိုးမွေး မြူရန်လိုအပ်သည့် နေ့အပူချိန် တွင်ရှိကြောင်း သိရသည်။
.
ပိုးစာမျိုးစိတ် ပေါင်း ၆၈ မျိုး ရှိပြီး ရှမ်းပြည်နယ်တွင် စိုက်ပျိုးလျက် ရှိသော မျိုးများမှာ အရွက်ထွက်နှုန်း ကောင်းမွန်သည့် မြန်မာ ရွက်ကြီးမျိုး၊ BR-၆ဝ မျိုး၊ S-၂၈ ဗီယက်နမ်မျိုး နှင့် တရုတ်မျိုးများ ဖြစ်ကြောင်း သိရသည်။
.
ပိုးစာတစ်ကတ်လျှင် ပိုးကတ် ၄ ကတ်မှ ၈ ကတ် အထိမွေးမြူနိုင်ပြီး ပိုးတစ်ကတ်တွင် ပိုးကောင်၂၅ဝဝဝ မှ ၃ဝဝဝဝ အထိ ပါရှိကာ ပိုးတစ် ကတ်လျှင် ချည်လုံး ပိဿာ ၄ဝ အထိ ထွက်ရှိပြီး ပိုးအိမ်အရည်အ သွေးပေါ်မူတည်၍ ချည်လုံး တစ် ပိဿာလျှင် ကျပ် ၇ဝဝဝ မှ ၈ဝဝဝ အ ထိ ပေါက်ဈေးရှိကြောင်းသိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပိုး စာပင် စိုက်ဧက၂၁၉၇ ဧက အထိ စိုက်ပျိုးပြီးဖြစ်ကာ ထပ်မံတိုးချဲ့ စိုက်ပျိုးသွားရန် ရှိနေကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats