အောင်ဆန်းဝင်း
.
.
ရပ်ကွက်အဝင်ပေါက်လမ်းမဘေး စာအုပ် အငှားနဲ့ တယ်လီဖုန်းပြင်ဆိုင်လေးဖွင့်ထား
တော့ ပုံသဏ္ဍာန်မျိုးစုံ လူသားတွေကို နေ့စဉ် မြင်တွေ့ခွင့်ရတယ်။ လူတန်းစားစုံတယ်။ ခေါင်း
ရွက်ဗျက်ထိုးဈေးသည်တွေ လွန်းပြန်ထိုးကြ တယ်။ ပခုံးဆိုင်းထမ်းဈေးသည်တွေ သွားကြ လာကြ
ဈေးရောင်းကြတယ်။ ရောင်းကုန်မျိုးစုံ နဲ့ ဈေးဆိုင်တန်း တွေရှိတယ်။ တချို့က ခပ်စောစော
ဈေးဦးပေါက်တယ်။ တချို့က နေမြင့်ချိန် ထိ ဝယ်သူကိုစောင့်ရတယ်။ အနိမ့်အမြင့် ကွာခြားချက်ကြီးမားတာတွေရှိတယ်။
ကားမှတ်တိုင်မှာ ကလေးမ တချို့ကားရပ်စောင့်နေတယ်။ အရင်လို တစ်ဦးနဲ့တစ်ယောက်တွတ်ထိုးတွန်း
ထိုးနေတာတော့မဟုတ်။ ခေတ်ရေစီးကြောင်းထက် လင်းလင်းလက်လက် ကူးခတ်တာလား၊ ရေစုန်မျောကြတာလား
မပြောတတ်။ သေချာ တာကတော့ စကားသံတွေ ပျောက်ဆုံးသွား ခြင်းပါ။
.
ကားမှတ်တိုင်ကို အမှီပြုတဲ့ တစ်ဝမ်းတစ်ခါး ဆိုင်ကယ်ကယ်ရီခေါက်တိုသမားတွေရှိတယ်။
အနီးအပါးတစ်ကြောင်း ကို မြန်မာငွေ ငါးရာကျပ်ယူတယ်။ ခပ်လှမ်းလှမ်းဆို တစ်ထောင်လောက်ပေးရတယ်။
ဈေးနေ့လိုရက်ပိုအလုပ် ဖြစ်တယ်။ အရပ်ထဲ ဈေးဝယ်သူတွေက ဈေးကနေ ရပ်ကွက်ထိပ်မှတ်တိုင်ကို
သုံးရာ ကျပ် ပေးပြီးလိုင်းကားစီးတယ်။ အိမ်ရောက်ဖို့အတွက် ငါးရာကျပ်နဲ့ဆိုင်ကယ် ကယ်ရီတစ်ဆင့်
စီးကြတယ်။ အရေးအကြောင်း ညနေစောင်း ကားကြီးကွင်းဆင်းမယ့်လူနဲ့တိုးရင် ကယ်ရီသမားတွေ အခေါက်ကြီးရတတ်တယ်။
ရှားရှားပါး ပါး ဝေးဝေးတစ်ခါပေါ့။ အဆွဲပါးတဲ့နေ့ဆို လေးငါးယောက်စုပြီး ရှေးဟောင်းနှောင်းဖြစ်ပြောတဲ့
အခါ ပြောကြ။ ပြောစရာစကားကုန်ရင် ထုံးစံ အတိုင်း တယ်လီဖုန်းကိုယ်စီပွတ်။ ဒီရက်ပိုင်း
လေလှိုင်းမှာ မြန်မာအမြင်ရိုင်းတဲ့ သူငယ်မအကြောင်း လူပြောသူပြောများတယ်။
ဦးသိန်းစိန်ကောင်းမှုအကြောင်းပြုတဲ့ ဆင်းကတ်လား၊ ၁၅ဝဝ တန်ကို သိန်းလေးငါး
ဆယ်နဲ့ ရောင်းပြီး မျက်နှာလို အားရ ၁၅ဝဝ ဈေးပြန်ချတဲ့ ဆင်းကတ်လို့ ခေါ်မလား။ ပေါ ချင်းသောချင်းလမ်းဘေးဆင်းလာလိုက်တာ
အရပ်ထဲ ကလေးမတွေ အရွယ်မတိုင်ခင် လင်ရတဲ့အထိ။ မရှိတုန်းကလည်း မရှိလို့တဲ့။ ရှိလာ ပြန်တော့
အရူးအမဲသားကျွေးသလို လိုင်းပေါ် က ဆင်းတယ်မရှိဘူး။ မျက်လုံးတစ်စုံပွင့်တာနဲ့ (Active
Now)မီးစိမ်းပြလိုက်ရမှ နေ့သစ်တစ် ခုက အသက်ဝင်တော့မယ့်အတိုင်း။ တန်ဆေး လွန်ကောင်းများ
ဗဲရီးဂွတ်လုပ်ကြတော့ တစ် ပတ်နေရင်း အပျိုမတစ်ယောက်ပါသွားရင်း။ နောက်တစ်ပတ်ကြာ တစ်ယောက်က
လင် နောက်လိုက်။ ဟိုအရင် သမီးရည်းစား ဘဝ စကားတစ်လုံးပြော စာလေးတစ်စောင်ပေးဖို့ မိဘအလစ်ကြည့်ရတယ်။
ခုများတော့ မိဘရှေ့ ထား ဖုန်းအပြားနဲ့ ဖြစ်ချင်တိုင်းဖြစ်ကြတယ် ပြောရမလား။
.
တစ်ခါတစ်ခါ တယ်လီဖုန်းအပြား တချို့ဆီ က ထူးထူးဆန်းဆန်းအသံကြားရတယ်။
ဆွဲမှာလား၊ စားမှာလား၊ ဖမ်းတယ်တဲ့။ အင်တာနက် သုံးပြီး ဖဲရိုက်ကြတာ။ တချို့လေးငါးယောက်စု
ပြီးရိုက်တယ်။ တချို့က တစ်ကိုယ်တော်ဖဲပွတ်တယ်။ လေလှိုင်းပေါ်ရိုက်တဲ့ဖဲဆိုတော့ ကိုလှရွှေကို
အသာခေါက်ပြီး လမ်းဘေးအုတ်ခုံထိုင် ရိုက်ကြတယ်။ ဝါသနာကြီးတဲ့လူတွေဆို အချိန် အားတာနဲ့
ဆွဲမှာလား၊ စားမှာလားကို လက်က မချဘူး။ အုပ်စုဖွဲ့စစ်တိုက် ဂိမ်းကစားတဲ့လူတွေ ရှိတယ်။
အများစုက လူရွယ်လူလတ်ပိုင်းတွေ။ သူတို့ကစားတဲ့ ဂိမ်းတွေက တစ်မျိုးနဲ့ တစ်မျိုး ရိုးတယ်လို့မရှိဘူး။
တစ်ယောက်တည်း ဖဲကစားရင်း အုပ်စုလိုက် စစ်တိုက်ကြတယ်။ တစ် ယောက်တစ်နေရာရောက်နေရင် အင်တာနက်
ပေါ်က လှမ်းခေါ်တယ်။ တယ်လီဖုန်းဆက် ဂိမ်း ကစားဖို့ အကြောင်းကြားတယ်။ သဲကြီးမဲကြီး လုံ့လရှိတယ်
ဆိုရမှာပေါ့။
.
ညနေတိုင်းဆိုင်မှာ လာထိုင် ဂိမ်းကစားတဲ့ လူတွေရှိတယ်။ အဖွဲ့မစုံရင်
ဖဲရိုက်တယ်။ လူစုံ ရင် စစ်တိုက်ကြတယ်။ ဆိုင်ထဲမှာ သတင်းအဆက်မပြတ် လွှင့်တဲ့ ဒီဗွီဘီရုပ်သံလိုင်းကို
နေ့ စဉ်ဖွင့်ထားပါတယ်။ ဖုန်းအပြားနဲ့ ဂိမ်းကစားတဲ့ လူတွေက သတင်းစကားတွေကို လုံးဝစိတ်ဝင်
စားခြင်းမရှိပါဘူး။ ဂိမ်းကစားချိန် စိတ်မဝင်စား တာထင်လို့ ကျန်တဲ့အချိန်တွေ စေ့ငုကြည့်မိ
တယ်။ သူတို့အိမ်မှာရှိတဲ့ ရုပ်မြင်သံကြားစက်တောင် သတင်းလာချိန်ဆို လိုင်းပြောင်းကြ
တယ်ဆိုပဲ။ နိုင်ငံရေးစိတ်မဝင်စားသလို ဘာသတင်းမှလည်း စိတ်မဝင်စားဘူး။ နောက်ဒီသတင်းတွေကြည့်ပြီးတော့
ဘာများထူးခြားလာမှာလဲ။ ကိုယ်လုပ်မှ ကိုယ်စားရတာ။ အလုပ်ရှိတဲ့ ရက် အလုပ်ဆင်းမယ်။ အလုပ်နားချိန်
ကိုယ့် ဟာကို နားအေးပါးအေးနေမယ်။ ဦးနှောက်စား မခံနိုင်ဘူးတဲ့။ အားကောင်းမောင်းသန်
နိုင်ငံ့ သားကောင်းအများစုဆီက ကြားရတဲ့အသံပါ။
.
နိုင်ငံရေးစိတ်မဝင်စား၊ သတင်းစိတ်မဝင် စားတဲ့လူတွေကိုသိချင်တဲ့
အကြောင်းအရာတစ် ခု မေးကြည့်ပါတယ်။ ၂ဝ၁၅ နိုဝင်ဘာမှာ ပြုလုပ်သွားတဲ့ ရွေးကောက်ပွဲအကြောင်းပါ။
အဲဒီ ရွေးကောက်ပွဲ အချိန်ကာလက အားလုံးသိတဲ့ အတိုင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဝိုင်းဝန်း ဖော်ဆောင်ကြ ရမယ့်အချိန်။ လူတိုင်းလိုလို ကိုယ်နှစ်သက်တဲ့
ပါတီကို မဲပေးဖို့ ပြင်ဆင်ကြပါတယ်။ မဲစာရင်း မှာ ကိုယ့်နာမည် ပါ/မပါ သွားကြည့်ကြတယ်။
မဲပေးဖို့ လိုအပ်တဲ့ အချက်အလက်တွေကို စု ဆောင်းတယ်။ မဲရုံထဲရောက်တဲ့အချိန်ကိုယ် နှစ်သက်ရာ
ပါတီကို မှန်မှန်ကန်ကန် တံဆိပ်တုံး ထုမဲပေးတတ်အောင် လေ့လာကြပါတယ်။ ဖုန်း အပြားနဲ့ ဂိမ်းကစားတဲ့
ဖဲသမားတစ်စုကို မေး ကြည့်တာ တစ်ဦးတစ်ယောက်မှ မဲပေးခဲ့ခြင်း မရှိ။ မဲရုံသွားဖို့ အသာထား
ရပ်ကွက်ထိပ်က မဲစာရင်းတောင် သွားမကြည့်ဘူးတဲ့။
.
၂ဝ၁၅ ရွေးကောက်ပွဲကာလက သူတို့လို မဲစာရင်းကြည့်ကောင်းမှန်းမသိ။
မဲလုံးဝမပေးတဲ့ လူတွေ ဘယ်လောက်များ ရှိခဲလဲဆိုတာ ဆင့်ပွားတွေးစရာတစ်ခုဖြစ်လာပါတယ်။
ရွေးကောက်ပွဲတစ်ခု လုပ်တယ်ဆိုတာ ကိုယ်အပါအဝင် နိုင်ငံနဲ့ ပြည်သူအားလုံးကို အုပ်ချုပ်မယ့်
အကြီးအကဲတွေကို နိုင်ငံအတွင်းနေထိုင်တဲ့ ပြည်သူတွေကိုယ်တိုင် တင်မြှောက်တဲ့ပွဲလို့
သတ်မှတ်ရင်လည်း ရပါတယ်။ ဒီလိုအရေးကြီးတဲ့ ကိစ္စတစ်ခုကို ကိုယ်နဲ့မဆိုင်သလို နေတတ် တဲ့
လူတွေရဲ့ စိတ်ဓာတ်က အံ့သြစရာတစ်ခုလို့ ဆိုရမလား။ ဒီၾကျားထဲကိုယ္တိုင္ဘာတစ္ခုမွ မလုပ္ခဲ့ဘဲ
အကြောင်းအရာတစ်ခုပေါ်ရင် အစိုးရမကောင်းဘူး လုပ်တဲ့လူတွေကလည်း ရှိသေး။ ကုန်ဈေးနှုန်းတက်တယ်။
အစိုးရသောက်သုံးမကျလို့။ ဓာတ်ဆီဈေးနှုန်းတက်တယ်။ အစိုးရ မှာ တာဝန်အရှိဆုံး။ ကိုယ်တိုင်တာဝန်မကျေ
ဘဲ အစိုးရလက်ညှိုးထိုးတဲ့လူတွေထဲမှာ ဖဲသမားလိုလူတွေအများဆုံးပါ။
.
ဒီမိုကရေစီနည်းအရ တွေးရင်တော့ မဲပေး ခြင်း၊ မပေးခြင်းဆိုတာ သူ့လွတ်လပ်ခွင့်နဲ့သူမို့
ဇွတ်ပေးခိုင်းလို့ မရသလို အပြစ်တင်လို့လည်း မရနိုင်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်အတွက်
နစ်နာ တယ်ဆိုတာကိုတော့ အားလုံးသိထားဖို့ လို အပ်တာအမှန်ပါ။ နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူးဆို
ပေမယ့် နှမ်းစေ့တွေမပါဘဲ ဆီတစ်ခွက်မရနိုင်ပါဘူး။ ဆီကောင်းတစ်ခွက်ရဖို့ နှမ်းစေ့တွေ
လည်းကောင်းဖို့လိုအပ်ပါတယ်။ ရွေးကောက်ပွဲမဲ ပေးတယ်ဆိုတာ ဆီကောင်းတစ်ခွက်ကို နှမ်းစေ့တွေ
ကိုယ်တိုင်ဖန်တီးခြင်းပါ။ နှမ်းပျက်တွေ ကြောင့် ဆီကောင်းတစ်ခွက်ရလဒ် ပျက်စီးသွား နိုင်လို့
နှမ်းစေ့နဲ့တူတဲ့ ပြည်သူအားလုံး သတိ ပြုဖို့လိုအပ်ပါတယ်။ ကိုယ့်အလုပ်ကို မလုပ်ဘဲ နောင်အရေးကြုံမှ
ဘုပြောဘေးထိုင် သောက်တင်းကိုင်တာကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ နဲ့ အတူတူပါပဲ။ ကိုယ်လုပ်မှ
ကိုယ်စားရတာဆို တဲ့ စကားအတိုင်း လိုချင်တဲ့ အစိုးရတစ်ရပ်ဆို တာလည်း ကိုယ်တိုင်ဖန်တီး
တည်ဆောက်ရတာပါ။
.
ထားတော့။ ဒါက နှမ်းစေ့နဲ့တူတဲ့ ပြည်သူ လူထုဘက်ကအပိုင်း။ ဆီကောင်းတစ်ခွက်လို
အစိုးရလုပ်မယ့် ပါတီတွေ ဘက်ကြည့်တော့ လည်း ဂယောင်ချောက်ချား ဟိုလိုလိုဒီလိုလိုက ခပ်များများ။
တကယ့်ပွဲကြီးလုပ်မယ့်အချိန်မှ ပါတီအလံတွေ ကားပေါ်လွှင့်။ နားကွဲမတတ် ဆောင်းဘောက်တွေနဲ့
တွေ့ကရာလူကားပေါ် တင်ပြီး မြို့ထဲအရပ်ထဲလှည့်မဲဆွယ်။ ကျန်တဲ့ အချိန်တွေရှိလို့ ရှိမှန်းမသိရ၊
ရှိကောရှိကြရဲ့လား ဆိုတာ မှန်ဘီလူးနဲ့ လိုက်ရှာရမယ့် အနေအထား။ ရင်လောက်မှန်းမှ ဒူးလောက်ကျတယ်ဆို
တဲ့ မြန်မာစကားပုံ ရှိပါတယ်။ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်း မလုပ်ရင် ရလဒ်ကောင်းဆို
တာ မဖြစ်နိုင်ပါဘူး။ ဖုန်းတစ်ပြားနဲ့ ဖဲကစား နေတဲ့ လေလွင့်မဲပြားတွေ မဲရုံဆီရောက်လာ
အောင် စည်းရုံးလှုံ့ဆော်ဖို့က သက်ဆိုင်ရာပါတီ တွေရဲ့ အဓိက တာဝန်တစ်ရပ်ပါ။ တာဝန်ယူမှု
တာဝန်ခံမှုဆိုတဲ့ စကားရပ်နဲ့လည်း အကျုံးဝင်ပါ တယ်။
.
၂ဝ၂ဝ ရွေးကောက်ပွဲလုပ်ဖို့ အချိန်ကာလ အားဖြင့် သိပ်မကျန်တော့ပါဘူး။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ၊ အတိုက်အခံ ပါတီကြီးတွေအနေနဲ့ ပို့ဆွမ်းကို
အသာအယာ စောင့်စားဖို့ထက် ကိုယ်တိုင်လည်း ဆွမ်းခံထွက်ဖို့ လိုအပ်ပါတယ်။ လေလွင့်ဆုံးရှုံးနေတဲ့
မဲပြားပိုင် ရှင်တွေ ၂ဝ၂ဝ မှာ မဲရုံကို ကိုယ်တိုင်ကိုယ်ကျ မဲလာပေးဖို့အတွက် သက်ဆိုင်ရာပါတီတွေအ
နေနဲ့ အခုချိန်တည်းက ကြိုးစားစည်းရုံးလှုံ့ဆော် ရမှာဖြစ်ပါတယ်။ မြန်မာပြည်သူအများစုက
နိုင်ငံရေးနဲ့ ပတ်သက်ရင် စိတ်ဝင်စားမှုအခံအား နည်းကြပါတယ်။ ထိရောက်တဲ့ စည်းရုံးမှုမရှိဘဲ
နဲ့တော့ မဲပေးခြင်းအလုပ်ကို အင်တာနက်ပေါ် ဖဲတက်ရိုက်တာလောက် စိတ်ဝင်စားမှုရှိမှာမ ဟုတ်ပါဘူး။
ကြိုတင်ပြင်ဆင်အောင်ပွဲဝင်ဆိုတဲ့ စကားအတိုင်း လေလွင့်မဲပြား ဖဲသမားလိုလူ တွေ မဲရုံဆီရောက်လာအောင်
ပြင်ဆင်သင့်ကြောင်း အကြံပြုလိုက်ရပါတယ်။ ။
.
.
.
#KBZTai #Shan