လားရှိုး-မူဆယ်အသွား ၁၄ မိုင်ကုန်းဆင်းတွင် အိမ်စီးယာဉ်ငယ်နှင့် ကုန်တင်ယာဉ်တို့ တိုက်မိပြီး အိမ်စီးယာဉ်ငယ်မှ ယာဉ်မောင်း သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, December 24, 2018

လားရှိုး-မူဆယ်အသွား ၁၄ မိုင်ကုန်းဆင်းတွင် အိမ်စီးယာဉ်ငယ်နှင့် ကုန်တင်ယာဉ်တို့ တိုက်မိပြီး အိမ်စီးယာဉ်ငယ်မှ ယာဉ်မောင်း သေဆုံး


နောင် (မြစ်မခ)  
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း မူဆယ်ဘက်အသွား ၁၄ မိုင်ကုန်းဆင်းတွင် အိမ်စီးယာဉ်ငယ် တစ်စီး တစ်ဖက်ယာဉ်ကြောလမ်းဘက်သို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်လာသော ကုန်တင်တွဲကားနှင့် တိုက်မိပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးသွားကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ သိရှိရသည်။
.

လားရှိုးဘက်မှ မူဆယ်ဘက်သို့ သွားသော MARK X အဖြူရောင် အိမ်စီးယာဉ်ငယ်သည် ဒီဇင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းက မျက်နှာချင်းဆိုင်မှလာသော ကုန်တင်တွဲကားရှေ့ရောက်ရှိပြီး တိုက်မိကာ အိမ်စီးကားအတွင်းမှ ယာဉ်မောင်းမှာ ညပ်မိနေပြီး ဆွဲထုတ်၍ ဆေးရုံသို့ ပို့ဆောင်ပေးစဉ် လမ်း၌ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“မန္တလေးဘက်က လာတဲ့ အိမ်စီးကားလေးနဲ့ တွဲကား တိုက်မိတာပါ။ ကားလေးယာဉ်မောင်း ကားထဲမှာ ညပ်နေလို့ ပရဟိတအသင်းတွေနဲ့ လားရှိုးမြို့မီးသတ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆွဲထုတ်ခဲ့ကြတာပါ။ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပို့ပေးတာ လမ်းမှာ ဆုံးသွားခဲ့ပါတယ်။’’ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ စိုင်းဝသုန်က ပြောသည်။
.  
လက်ရှိတွင် သေဆုံးသွားသည့် ယာဉ်မောင်း ကိုထွန်းကျော် (၂၉)နှစ်အား လားရှိုးမြို့မ ရဲစခန်းက သက်ဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။  
.


မန္တလေး-မူဆယ်သွားပြည်ထောင်စုလမ်းမကြီးပေါ် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းလမ်း၊ မိုင်တိုင်(၈၇)တွင် ဒီဇင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက ကုန်ကားတစ်စီး ကုန်းဆင်းတွင် ဘရိတ်ပေါက်ကာ သစ်ပင်ကို ဝင်တိုက်မိပြီး ယာဉ်မောင်းမှာ ကားနှင့် သစ်ပင်ကြားညပ်၍ သေဆုံးခဲရကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube