အောင်ဆန်းဝင်း
.
.
မြန်မာ့အလင်း၊
ကြေးမုံနဲ့ တခြားသတင်းစာ ဂျာနယ်တွေဖတ်တိုင်း
အာစရိယပူဇော်ပွဲကျင်းပမယ့်အကြောင်း၊ အာစရိယပူဇော်ကန်တော့ပွဲ ဖိတ်ကြားလွှာ ကြော်ငြာကို
နေ့စဉ်လိုတွေ့ရပါ တယ်။ ဂျီတီအိုင်ကျောင်းသား ဟောင်းများအသင်း ၂၃ ကြိမ်မြောက် ဂျီတီအိုင်ကျောင်းပေါင်း
စုံ အာစရိယပူဇော်ကန်တော့ပွဲ ဖိတ်ကြားလွှာ။ အထက ၂ ကျောင်းသား၊ ကျောင်းသူဟောင်း များ၏
တတိယအကြိမ်မြောက် အာစရိယပူဇော် ပွဲ နိုးဆော်လွှာ။ တောင်ကြီးမြို့ အထက ၆ ကျောင်းတည် ၅၅
နှစ်ပြည့် မြရတုအထိမ်းအ မှတ်နှင့် ၁၉၆၃ ခုနှစ်မှ ၂ဝ၁၈ ထိ တတိယအ ကြိမ်မြောက် အာစရိယပူဇော်ပွဲ။
ရန်ကုန်စက်မှု တက္ကသိုလ်ဗိသုကာနှင့် အင်ဂျင်နီယာဘာသာ
ရပ်ဆိုင်ရာ ကျောင်းသားများ၏ နဝမအကြိမ် မြတ်ဆရာပူဇော်ပွဲအစရှိတဲ့ မြန်မာပြည်တစ်ဝှမ်း
ကျောင်းပေါင်းစုံ မြတ်ဆရာကန်တော့ပွဲ ဖိတ်ကြားလွှာတွေပါ။
မူလတန်း၊
အလယ်တန်း၊ အထက်တန်း အဆင့်ကနေ တက္ကသိုလ်အသီးသီးက ဘွဲ့ရတဲ့ အထိ သင်ကြားပြသ ပေးခဲ့တဲ့ ဆရာ၊
ဆရာမ တွေရဲ့ ဂုဏ်ကျေးဇူးကို သတိရလို့ ဂါရဝတရား ရှေ့ထားပြီး အာစရိယမြတ်ဆရာ ကန်တော့ပွဲ
တွေပြုလုပ်ကြတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြို့ တော်၊ တောင်ကြီးမြို့ပေါ်မှာလည်း သက်ဆိုင်ရာ
ကျောင်းအလိုက် အာစရိယမြတ်ဆရာပူဇော် ပွဲတွေ ပြုလုပ်ကြပါတယ်။ တချို့ကျောင်းတွေက နှစ်စဉ်လုပ်ပြီး
တချို့ကျောင်းတွေက နှစ်နှစ်တစ် ခါ၊ သုံးနှစ်တစ်ကြိမ်လောက် လုပ်ကြပါတယ်။ သင်ဆရာတွေရဲ့
ကျေးဇူးကို လက်အုပ်မိုးကန် တော့ရင်း ဝေးကွာနေတဲ့ သူငယ်ချင်းအပေါင်း အသင်းမိတ်ဆွေရင်းတွေ
တစ်ကျော့ပြန်ဆုံတဲ့ အခိုက်အတန့်ဆိုရင်လည်း မမှားပါဘူး။ လေး ဆယ်ကျော်ငါးနှစ်ပတ်လည် သီချင်းလို(မစွံသေး
တဲ့လူများ)ဆုံမယ့်လူတွေအတွက် ဆရာကန် တော့ရင်း လိပ်ဥလည်းတူးရင်း ဆိုရမလား။
.
ငယ်ကအချစ်နှစ်တစ်ရာ။
ငယ်ချစ်ဦးနဲ့ ပြန် ဆုံကြရာဝယ်တဲ့။ အတူးနဲ့အသက်တို့လို ငယ် ကျွမ်းဆွေတွေများ ကျန်နေသေးရင်ပေါ့။
ပြော မယ့်သာပြောနေရတာ။ ၄ဝ ကျော် ၅ဝ နှစ်ပတ်လည်ဆုံမယ့်လူကအရှားသား။ နီးစပ်ရာ အပေါင်းအသင်း
ရောင်းရင်းတွေကြည့်လိုက်ရင် သူလို ကိုယ်လို ရွှေလက်တွဲ ကိုယ်စီ၊ သားထောက် သမီးခံ စုံညီညီနဲ့။
အကျစော အရစော (အိမ်ထောင်)တဲ့ ဘော်ဒါတချို့ဆို နှစ်ဦးနှစ်ဖက် ခမည်းခမက် အက်ဖ်စီ ထောင်လို့ရတဲ့
အနေအထား။ အဝေးရောက်အဆက်အသွယ်ပြတ်တဲ့ ရောင်းရင်းတချို့တော့ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုးဖို့
ငှက်ပျောပင်လက်သတ် မွေးရင်းချက်ကောင်းစောင့်နေကြလား မပြော တတ်။ ထားတော့။ အတွန့်တက်တတ်တဲ့လက်
အကျင့်ဖျောက်မရတာနဲ့ မြတ်ဆရာကန်တော့ ပွဲအကြောင်းရင်းကနေ အညာမင်္ဂလာဆောင် ရောက်တော့မယ်
ထင်ပါတယ်။
.
ဆရာဆိုတာ
ဦးဆောင်သူ၊ လမ်းပြသူ၊ ကိုယ်တိုင်ထက်မြက်တဲ့အရည်အချင်းရှိသူ၊ စွန့် လွှတ်အနစ်နာခံတတ်သူ၊
ညံ့တဲ့တပည့်တော် အောင်သင်တယ်။ တော်တဲ့တပည့်ထက်အောင် သွေးတယ်။ နိမ့်ကျတဲ့တပည့်ကို ဆွဲတင်တယ်။
အမြင့်ရောက်တဲ့တပည့်ကိုထမ်းပိုးတယ်။ ကိုယ် တိုင်ဘယ်နေရာရောက်နေနေ တပည့်တိုင်း အမြင့်ဆုံးရောက်စေချင်တာ
ဆရာရဲ့စေတနာ။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့် ဖို့ဝတ်ငါးဖြာတဲ့။ အနန္တောအနန္တဂိုဏ်းဝင် ကျေး ဇူးရှင်ဆရာတို့ရဲ့ ဝတ်ပါ။ ကိုယ့်တပည့်ကို
ကိုယ့်ထက်တတ်အောင်သင်တယ်။ လိမ္မာရေး ခြားရှိအောင် သွန်သင်ပဲ့ပြင်ဆုံးမတယ်။ ဘေး ရန်ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးတယ်။
အဲဒီတော့ မြတ်ဆရာတစ်ယောက်ဖြစ်ဖို့လွယ် သလား၊ ခက်သလားမေးခွန်းနှစ်ခု ထုတ်စရာ တောင်မလိုပါဘူး။
.
လူတစ်ယောက်သက်တမ်းကြည့်မယ်ဆို
ရင် လူမမယ်ကလေး(မူကြိုကျောင်းသား)ဘဝ ကနေ လူလားမြောက် (ဘွဲ့ရ)တဲ့အထိ အချိန်အ များဆုံးနေခွင့်ရတာ
မြတ်သောဆရာတွေရဲ့ အနီးအပါးမှာပါ။ မျက်မှောက်ခေတ် ကာလကြည့် ရင် ပိုလို့တောင်ထင်သာမြင်သာရှိလိမ့်မယ်ဆို
ရမလားပါပဲ။ မိုးလင်းတာနဲ့(တချို့မိုးမလင်းခင်) ကျူရှင်ပြေး။ ကျူရှင်ပြီးတာနဲ့အိမ်ကိုတက်သုတ်
ရိုက် ခဏပြန်။ အဆာပြေဖြည့်ပြီးတာနဲ့ အချိန်မီ စာသင်ကျောင်းအရောက်သွားရ၊ ကျောင်း ဆင်းလို့
ဒုံးဒုံးချနားရမယ် မထင်လိုက်ပါနဲ့။ ည နေကျူရှင် တစ်ကြောင်းက ကလေးတွေကိုစောင့် ကြိုနေပြီးသား။
ဒီကြားထဲ ကွန်ပျူတာသင် တန်း၊ အင်္ဂလိပ်စာစကားပြော သင်တန်း၊ တရုတ် စကားပြောသင်တန်း၊ ကျောင်းနဲ့ကျူရှင်
အားမရလို့ ကိုယ်ပိုင်ဂိုက်ခေါ်သင်တာကရှိသေး။ ဆရာနဲ့တပည့်ဆိုတာ နှစ်လွှာပေါင်းမှ တစ်ရွက်
လို စွယ်တော်ရွက်လေးတွေ ဖြစ်နေကြတာပါ။
.
အဲဒီတော့
ဝလုံးကလေးဝိုင်းအောင်ရေး တတ်တဲ့အရွယ်ကနေ စာကြောင်းလေးတစ် ကြောင်း ဖတ်နေတဲ့ အခုချိန်ထိ
မြတ်သော ဆရာတွေရဲ့ ကျေးဇူးကဆပ်လို့မကုန်နိုင်ပါဘူး။ ကိုယ်စီလူ့လောကထဲ လျှောက်လှမ်း
ချိန်မှာ လည်း အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်၊ လုပ်သင့်မလုပ်သင့်ခွဲခြားတတ်
တာလည်း ဆရာ၊ ဆရာတွေရဲ့ သွန်သင်ဆုံးမ ခဲ့မှုကြောင့်သာဖြစ်ပါတယ်။ မြတ်ဆရာတွေရဲ့ ကျေးဇူးဂုဏ်ကို
သတိရတဲ့အနေနဲ့ မြန်ပြည်တစ် ဝှမ်း၊ ရှမ်းပြည်တစ်ခွင်၊ တောင်ကြီးမြို့မှာရှိတဲ့ စာသင်ကျောင်းတွေမှာ
အာစရိယပူဇော်ဂါရဝ ပြုပွဲတွေ လုပ်ကြပါတယ်။ ၁ဝ-၁၁-၂ဝ၁၈ နေ့က တောင်ကြီးမြို့၊ ချမ်းသာရပ်၊
နယ်မြေ ၃ မှာရှိတဲ့ အလက ၇ ကျောင်း ပထမအကြိမ် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားပြု
လုပ်ပါတယ်။ ၁၉၈၅-၈၆ ကနေ ၂ဝဝ၁-၂ဝဝ၂ ကျောင်းသား၊ ကျောင်းသူဟောင်းတွေ ပြုလုပ်တဲ့ပွဲပါ။
.
၁၉၈၆ လေးတန်းကျောင်းသားဘဝမှာ
အ လက ၇ ကျောင်းကို စရောက်ပါတယ်။ ၈၈ လူထုအရေးတော်ပုံ ကြောင့် ခြောက်တန်းတစ် နှစ် နားရတဲ့အတွက်
လေးတန်းကနေရှစ်တန်း အထိ ခြောက်နှစ်တိတိ တက်ရောက်ပညာသင် ကြားခဲ့တဲ့ကျောင်းဖြစ်ပါတယ်။
ခြောက်နှစ်တာ ပညာရည်နို့သောက်စို့ခွင့်ရခဲ့တဲ့ အချိန်အတွင်း သင်ကြားပြသပေးတဲ့ ဆရာ၊
ဆရာမတွေ၊ ကျောင်းတက်ဖော် သူငယ်ချင်းတွေ၊ အတန်း မတူပေမယ့် အလက ၇ ဆိုတဲ့ကျောင်းတော် အရိပ်အောက်မှာ
တက်ရောက်ပညာသင်ကြား တဲ့ ကျောင်းသား ကျောင်းသူ အားလုံးနဲ့ ပတ် သက်တဲ့အကြောင်းအရာတွေက
အမှတ်ရစရာ နေ့ရက်တွေဖြစ်ပါတယ်။ ဒီလိုနေ့ရက်ပေါင်း ၂၁၉ဝ တက်ရောက်ခဲ့တဲ့ ကျောင်းမှာ ပထမ
အကြိမ်မြတ်ဆရာကန်တော့ပွဲ လုပ်မယ်ကြား တော့ ပွဲဖြစ်အောင်ဦးဆောင်ဦးရွက်ပြုတဲ့ အစ် ကို၊
အစ်မ၊ ညီ၊ ညီမနဲ့ သူငယ်ချင်းရောင်းရင်း တွေကို ကျေးဇူးတင်မိတာအမှန်ပါ။
.
ဆရာကန်တော့ပွဲတစ်ခုဖြစ်မြောက်ဖို့
လက်တွေ့ကျကျလုပ်ကိုင်ရတာ မလွယ်ပါဘူး။ ၁၉၈၅ ကနေ ၂ဝဝ၂ ပညာသင်နှစ်အတွင်း သင်ကြားပြသခဲ့တဲ့
အငြိမ်းစား ဆရာကြီး၊ ဆ ရာမကြီးတွေ၊ လက်ရှိအချိန်ထိ သင်ကြားပြသ ဆဲ ဆရာ၊ ဆရာမတွေ ကန်တော့ခံ
အခမ်းအ နားတက်ရောက်နိုင်အောင် လုံ့လပြုကြရပါ တယ်။ ၁၇ နှစ်တာကာလအတွင်း အလက ၇ ကျောင်းတ်ာမှာ
တက်ရောက်ပညာသင်ကြား ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းတွေ နိုင်သလောက် ပါဝင်လှူဒါန်းနိုင်အောင်
ကိုယ် တိုင်ကိုယ်ကျပါဝင် ကန်တော့နိုင်အောင် ကြိုး စားလှုံ့ဆော်ကြရပါတယ်။ ၁ဝ-၁၁-၂ဝ၁၈
အခမ်းအနား မတိုင်ခင် လပိုင်းအလိုတည်းက ကျောင်းတော်သူ ကျောင်းတော်သားဟောင်း ညီအစ်ကို
မောင်နှမတွေရဲ့ ကြိုးပမ်းမှုကြောင့် ပထမအကြိမ် မြတ်ဆရာပူဇော်ကန်တော့ပွဲကို အောင်မြင်စွာ
ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
.
ရောင်စုံပွင့်ပန်း
တင့်ဆန်းဝေဆာ၊ အလံ တော်လွှင့် ဝဲလွင့်လေထဲမှာ၊ ကျောင်းတော်မ ဟာ ပညာဋ္ဌာန၊ အတတ်ထွေထွေ သင်ပြပေ၊
ခွဲဝေတာဝန်ယူကြသည်နှင့်လေး။ ခေါင်းလောင်း သံမြ ချိုလှပေသည်။ ပညာရည်နို့သောက်စို့ ချိန်ခါမီ၊
အတန်းဝင်မည် စုံညီတပည့်၊ တတ် သိဖွယ်ရာ သုတဖြာ၊ပညာအမွန် ဖြည့်သည် နှင့်လေး။ နိုးကြားအသိ
လျှံပြည့်စေရန်၊ လူ ချွန်လူကောင်းဖြစ်ကြောင်း စိတ်ရည်သန်၊ တို့ တိုင်းနိုင်ငံပြည့်လျှံစီးပွား၊
ထွန်းကားနိုင်စေ တိုး တက်စေ၊ မသွေတည်ဖန် စိတ်ထားသည်နှင့် လေး။ မြတ်ကျင့်ဝတ်ငါး ရှိသားအညီ၊နာအမျိုး
မျိုး ပြည့်ဖြိုးစုံလှသည်၊ ဆရာ့ဂုဏ်ရည် ဝင့် ထည်ပေစွ၊ လောကသာအောင် အကျိုးဆောင်၊ တိုင်းဘောင်စည်သာမျှစေဖို့လေး။
မှောင်မျိုး ကုန်ကျ ဘဝဇာတ်ခုံသာဖို့ရည်၊ ရောင်မျိုးစုံစွ ဆရာ့မြတ်ဂုဏ်ဖြာလို့ကြည်တဲ့။
ကဗျာဆရာကြီး ကြည်သိန်းဇော် စပ်ဆိုထားတဲ့မြတ်ဆရာဘွဲ့ တျာချင်းပါ။
.
မြတ်သောဆရာတို့
စိတ်ထားက တပည့် ဟောင်း၊ တပည့်သစ်၊ တပည့်စိမ်း၊ တပည့် ကျက်ရယ်မရှိ။ ကျောင်းတော်အရိပ်အမိုး
အောက် ပညာရည်နို့သောက်ဖို့ ရောက်လာတဲ့ တပည့်တိုင်းအတွက် လုံခြုံနွေးထွေးမှု စာပေ သင်ကြားမှုဆိုတာ
အားလုံးအတွက် သာတူညီ မျှ။ တပည့်တိုင်းလူချွန်လူကောင်းဖြစ်စေချင် တာ တိုင်းနိုင်ငံအတွက်
အကျိုးဖြစ်ထွန်းစေချင် တာ ဆရာ့စေတနာ။ ကျင့်ဝတ်ငါးပါးမြတ်တရား နဲ့ ဝင့်ထည်နေတာ ဆရာတို့ရဲ့
ဂုဏ်ကျေးဇူး။ လူ့လောက ဘဝဇာတ်ခုံပေါ်ရောက်တဲ့အထိ တင့်တင့်တယ်တယ် လင်းလက်စေချင်တာ လည်း
မြတ်ဆရာတို့ရဲ့ ဆန္ဒပါ။ ညံ့တဲ့တပည့် တတ်အောင်သင်တယ်၊ တော်တဲ့တပည့်ကို ထက်အောင်သွေးတယ်၊
နိမ့်ကျတဲ့ တပည့်ဆွဲ တင်တယ်။ အမြင့်ရောက်တဲ့တပည့်ကိုထမ်းပိုး ပြန်တယ်။ ဆပ်မကုန်တဲ့
မြတ်ဆရာတို့ကျေးဇူး ကို ရည်မျှော်ပြီး အာစရိယဂုဏောအနန္တောဆိုတဲ့ ဆရာကန်တော့ပွဲကို ပြုလုပ်ကြပါတယ်။
.
အခုဆိုရင်
တောင်ကြီးမြို့၊ ချမ်းသာရပ် ကွက်အတွင်းက အလက ၇ ကျောင်းရဲ့ ပထမ အကြိမ်မြတ်ဆရာပူဇော်
ကန်တော့ပွဲကို အောင် မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပထမအ ကြိမ်ကနေ နောင်အကြိမ်ရေများစွာ
ဆက် လက်ပြုလုပ်နိုင်အောင် အားလုံးဝိုင်းဝန်းကြိုး စားကြရမှာပါ။ ပထမအကြိမ်ဖြစ်မြောက်အောင်
မြင်ဖို့ နေ့မအား၊ ညမနား အောက်ခြေသိမ်း ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ခဲ့တဲ့ ကျောင်းသား
ကျောင်းသူဟောင်းတွေရဲ့ စည်းလုံး ညီညွတ်မှုက လည်း စံပြုထိုက်တယ်ဆိုရမှာ ဖြစ်ပါတယ်။ ပထမအကြိမ်
ဆရာကန်တော့ပွဲ မတက်ရောက် ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ နီးရက်နဲ့ဝေး ဆိုသလို
အကြောင်းကြောင်း ကြောင့် မတက်ရောက်ဖြစ်တဲ့ ကျွန်တော်အပါ အဝင် ဒုတိယအကြိမ် ပြုလုပ်မယ့်
ဆရာကန် တော့ပွဲမှာ ဆက်ဆက်ဆုံတွေ့ကြပါစို့လို့ အလ က ၇ ကျောင်းသားဟောင်းတစ်ယောက်အနေ နဲ့
ဂုဏ်ပြုရေးသားတိုက်တွန်းလိုက်ရကြောင်း ပါ။ ။
.
.
.
#KBZTai
#Shan