မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘေဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊
ပါဝုန်းကျေးရွာအနီး မယ်ယန်း-ဝမ်ပုံ သွားကားလမ်းမပေါ်တွင် ဒီဇင်ဘာ ၃ ရက်ညပိုင်းက ဆိုင်ကယ်အား
မဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်သူ အမည်မသိ အမျိုးသားတစ်ဦး လမ်းဘေး ကွန်ကရစ်တိုင်အား
တိုက်မိကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်မြို့နယ်၊ ပါဝုန်းကျေးရွာအနီးတွင် ဒီဇင်ဘာလ ၃ ရက်၊ ညပိုင်းက
ဝမ်ဆောက်ခုံရွာဘက် မှ မယ်ယန်းဘက်သို့ အမည်နေရပ်လိပ်စာ စုံစမ်းဆဲ အမျိုးသား တစ်ဦးမောင်းနှင်လာသော
Wave ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ကွန်ကရစ်ဓါတ်တိုင်အား
ဝင်ရောက်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မောင်းသူ အမျိုးသားတွင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်
သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်ကာ လမ်းဘေးကွန်ကရစ်ဓါတ်တိုင်အား
ဝင်ရောက်တိုက်မိ သေဆုံးခဲ့သူကို တာချီလိတ်မြို့ရဲစခန်းက ယာဉ်(ပ)၄၇/၂ဝ၁၈၊ ရာ ဇာသတ်ကြီးပုဒ်မ
၂၇၉/၃ဝ၄-က ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan