တောင်ကြီးမြို့တွင် အသားအရေ ထိန်းသည့် အလှကုန်ပစ္စည်းများ ရောင်းအား ကောင်းနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် အသားအရေ ထိန်းသည့် အလှကုန်ပစ္စည်းများ ရောင်းအား ကောင်းနေ


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ဆောင်းရာသီကာလသို့ ရောက် ရှိလာသည့်အတွက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အလှဆီနှင့် ရေ ဓာတ်ဖြည့် အသားအရေထိန်းသည့် အလှကုန်ပစ္စည်းများ ရောင်းအား ကောင်းနေကြောင်း သိရသည်။
.
.
''အလှကုန်ပစ္စည်း အများဆုံး ရောင်းရတဲ့ ရာသီကတော့ ဆောင်းရာ သီပါ။ အလှဆီတွေနဲ့ ရေဓာတ်ဖြည့် အသားအရေ ထိန်းပစ္စည်းတွေကတော့ ရောင်းအားအကောင်းဆုံးပါ။ နွေကာလဆိုရင်တော့ နေရာင်ခူံသ-အငသည လေးတွေ ရောင်းအားကောင်းပါ တယ်။ အခုက နယ်ရောမြို့ပါ အ ရောင်းအဝယ် ကောင်းနေသလို နယ် က အမှာလည်း တော်တော်ရောက်ပါ တယ်''ဟု တောင်ကြီးမြို့ရှိ အလှကုန် ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်မှ မ နှင်းဟေမာန်ထွန်းက ပြောသည်။
.
လက်ရှိဆောင်းရာသီ အအေးကာလ၌ ငွေကျပ် ၁၂ဝဝ မှ ၃ဝဝဝ အတွင်းရှိ အသားအရေထိန်း ပစ္စည်း များနှင့် အလှဆီများ၊ ပြည်တွင်းထုတ်ူသအငသည တံဆိပ်မျိုးစုံနှင့် အရွယ်အ စားမျိုးစုံတို့ ရောင်းအားကောင်းနေပြီး နယ်ရော မြို့ပါ အရောင်းအဝယ်လိုက် နေကြသည့်အတွက် တစ်ခါတစ်ရံတွင် ပစ္စည်းပြတ်လပ်မှုများကို ကြုံတွေ့နေ ရကြောင်း သိရသည်။
.
''သစ်သီးရနံ့တွေ ပန်းရနံ့တွေပါ တဲ့ လိုးရှင်းတွေဆိုရင် ပိုပြီးတော့ ရောင်းအား ကောင်းတယ်။ အများဆုံး ရောင်းရတာကတော့ ဈေးနှုန်းသင့် တင့်တဲ့ ပစ္စည်းလေးတွေဆိုရင် နယ် တွေက အဝယ် လိုက်တယ်။ ဈေး ကြီးတာတွေကျတော့ မြို့ပေါ် က လူတွေကပဲ လာဝယ်ကြတာ များ တယ်။ တရုတ် ပစ္စည်းတွေ အ ဝင် များပါတယ်။ ဒါပေမဲ့ သုံးစွဲသူ တွေကျတော့ တရုတ်ပစ္စည်းတွေ ထက် ပြည်တွင်းဖြစ်လေးတွေကို ပိုမို သုံးစွဲကြတာ များတယ်''ဟု တောင် ကြီး မြို့မဈေးရှိ အလှကုန်ပစ္စည်း ရောင်းချသူ ဒေါ်ခင်အေးရွှေက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ထို့အပြင် ထိုင်းနိုင်ငံထုတ် အလှ ကုန်ပစ္စည်းများနှင့် အသားအရေထိန်း ပစ္စည်းများလည်း ရောင်းအားကောင်း နေပြီး ထောက်ခံချက် အမှတ်တံဆိပ် ပါဝင်သည့် ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူကြကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats