ဆရာ ယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက် အထိ
.
တနင်္ဂနွေ
.
ကံဇာတာကောင်းမွန်စပြုလာမည်၊ မထင်မှတ်သော ငွေကြေးများ ပြန်ဝင်လာမည်။
မြေယာရှိသူတို့ အရောင်းထွက်ခြင်း၊ အငှားတင်ရခြင်းကြုံမည်။ သားသမီးများ ပညာရေးကောင်းမွန်လိမ့်မည်။
အလှူမင်္ဂ လာဆောင်သွားရမည်။ အဝတ်အထည်ဝင်မည်။ လက်ဝတ်ရတနာဝင်မည်။ နေအိမ်အတွင်း အငြင်းပွားစ
ရာကြုံမည်။ ကုန်သည်များမှာ အရောင်းအဝယ်နည်းနည်းဖြစ်လာမည်။ ဝန်ထမ်းများ အလုပ်လွဲချော်တတ်
သောကြောင့် သတိထားပါ။ ပွဲစားများ အသေးစားပွဲခရလိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင်
ချစ်သူ အဝေးသို့ ပြန်သဖြင့် ဝမ်းနည်းခြင်း၊ ယာယီဝေးကွာနေခြင်းကြုံမည်။ ကျန်းမာရေးကိစ္စများတွင်
မူးဝေခြင်း၊ နေထိုင်မကောင်းခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၅/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ နှင်းဆီလှူပါ။
တနင်္လာ
.
ယာဉ်အသစ်ဝင်မည်။ ကားနှင့်ဆက်စပ်သောကိစ္စများဆောင်ရွက်ရမည်။ ရစရာရှိသော
ငွေများ နှောင့် နှေးနေမည်။ လုပ်ငန်း စိတ်တိုင်းမကျသဖြင့် စိတ်မပျော်ဖြစ်မည်။ သူတစ်ပါး
အလုပ်များကို ဝင်ရောက်ကူ ညီပေးရလိမ့်မည်။ ကြီးသူအတွက် ကောင်းကျိုး ဆောင်ရွက်ပေးနိုင်မည်။
အလိုရှိသော အရာများ ဝင်မလာ သေးချေ။ ကုန်သည်များမှာ အလုပ်အကိုင် ရှုပ်ထွေးသလောက် အမြတ်နည်းမည်။
ဝန်ထမ်းများ ခရီးသွား ရခြင်း၊ သင်တန်း တက်ရခြင်း ကြုံမည်။ ပွဲစားများမှာ အတိုက်အခံတွေ့မည်။
အဖျက်တွေ့မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူ၏ မူမမှန်သော သတင်းကြားသိရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင်
ဖျားလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် ကောက်ညှင်းပေါင်းလှူပါ။
.
အင်္ဂါ
.
မရောက်ဖူးသော နေရာများ၊ မရောက်တာကြာသောနေရာများသို့ ခရီးသွားလာရမည်။
အကြံအစည် ကောင်းတွေ့မည်။ လုပ်ငန်းကောင်းတွေ့မည်။ ငွေများများ မြတ်မည့်အလုပ်မျိုး တွေ့ပါမည်။
ထူးခြားသော အစားအစာများ စားရလိမ့်မည်။ အထက်တန်းလွှာများနဲ့ မိတ်ဆွေဖြစ်ခွင့်ကြုံမည်။
အဝတ်အထည်ဝင်မည်။ ကုန်သည်များမှာ အလုပ်အောင်မြင်သော်လည်း အောက်လူတပည့်ဖောက်ပြန်လိမ့်မည်။
ဝန်ထမ်းများ ဘာမှမထူးခြားဘဲ အချိန်ကုန်နေလိမ့်မည်။ ပွဲစားများမှာ ပွဲခကောင်းကောင်းရကြလိမ့်မည်။
ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့လမ်းခွဲမည်။ အချစ်ရေး ယာယီအဆင်မပြေလည်ဖြစ်နေမည်။
ကျန်းမာရေးကိစ္စ တွင် နားနာမည်။ ပြည်ယိုမည်။ နားပိတ်နေမည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၄/၅)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ရွှေကပ်လှူပါ။
.
ဗုဒ္ဓဟူး
.
ကားဝင်မည်။ အသစ်လဲလှယ်ရမည်။ စီးပွားရေးလုပ်ငန်းများ အခက်အခဲတွေ့မည်။
သို့သော် ကူညီသူ တွေ့သဖြင့် အဆင်ပြေမည်။ ရုံးကိစ္စဆောင်ရွက်ရမည်။ ဖြေရှင်းရမည်။ ငွေအခက်အခဲကြုံမည်။
လိုငွေပြ မည်။ ပိုင်ဆိုင်မှုတစ်ခုခုရောင်းခြင်း၊ ပေါင်နှံခြင်း၊ ငွေချေးငှားခြင်း ပြုလုပ်ရမည်။
ကြီးသူအတွက် သောက နည်းနည်းကြုံမည်။ ကုန်သည်များမှာ စာရင်းကွာဟမည်။ လွဲမှားမည် သတိထားပါ။
ဝန်ထမ်းများမှာ အလုပ်သက်သာခွင့်ရနေလိမ့်မည်။ ပွဲစားများ ဘာမှမထူးချေ။ ငယ်ရွယ်သူများမှာ
ချစ်သူနဲ့ပြန်ဆုံမည်။ အဖြေတောင်းခံထားသူများ အဖြေရမည်။ ကျန်းမာရေးတွင် သွေးတိုးမည်။
သတိပြုပါ။ ကံကောင်းစေသော ဂဏန်းမှာ (၁/၂/၆)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ထီးဖြူ
၅ လက်လှူပါ။
.
ကြာသပတေး
.
လုပ်ငန်းကိစ္စပြဿနာဖြစ်လိမ့်မည်။ တောင်အရပ်မှ လာသောသူများနဲ့ စကားများရမည်။
သတိထား ဆက်ဆံပါ။ စီးပွားရေးငွေဝင်နေသော်လည်း စုဆောင်းမိခြင်းမရှိပါ။ အထွက်များမည်။
သူတစ်ပါးကိစ္စ တာဝန်မယူသင့်ပါ။ ပိုင်ဆိုင်ပြီးသော ပစ္စည်း ပြန်ထွက်လိမ့်မည်။ မမျှော်လင့်ဘဲ
အလှူလုပ်ရမည်။ ဘုရား ဖူးမြော်ရလိမ့်မည်။ ကုန်သည်များ အလုပ်တိုးချဲ့မည်။ ကုန်ပစ္စည်းအသစ်တင်ရလိမ့်မည်။
ဝန်ထမ်းများ လုပ်ဖော်ကိုင်ဖက်ချင်း အငြင်းပွားရမည်။ ပွဲစားများမှာ ပြောဆိုထားသော အလုပ်ဖြစ်ခါနီးမှ
ပျက်သွားမည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့အတူလည်ရမည်။ ကျန်းမာရေးကိစ္စများတွင်
မျက်စိယားယံ ခြင်း၊ အကောင်ဝင်ခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၇/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ပျားရည်လှူပါ။
.
သောကြာ
.
ထပ်မံခရီးဝေးသွားရမည်။ အလိုရှိသောပစ္စည်းများ ဝင်လာမည်။ မိတ်ဆွေကောင်းတွေ့မည်။
ကွဲကွာ နေသော သူများနဲ့လည်း ပြန်တွေ့မည်။ လက်ဝတ်ရတနာဝင်မည်။ြေ<ွကးဟောင်းရှိပါက
ပြန်ဆပ်နိုင်မည်။ စီးပွားရေးအခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာမည်။ ဆွေမျိုးများအတွက်
အပူတွေ့တတ်ပါသည်။ ထင်ရှားသော သူများနဲ့လည်း ခင်မင်ခွင့်ရမည်။ ကုန်သည်များမှာ အရောင်းအဝယ်ကောင်းမွန်ကာ
မြတ် စွန်းလိမ့်မည်။ ဝန်ထမ်းများမှာ ရာထူးတက်ခြင်း၊ လစာတိုးခြင်း၊ ငွေကြေးဝင်ခြင်းကြုံမည်။
ပွဲစားများမှာ အရောင်းအဝယ်တည့်သဖြင့် ပွဲခရမည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူပေးသော
လက်ဆောင်ရမည်။ အကူအညီရမည်။ ကျန်းမာရေးကိစ္စများတွင် ညောင်းညာမည်။ြ<ွကက်တက်တတ်သည်။
ကံကောင်းစေ သော ဂဏန်းမှာ(ဝ/၇/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆွမ်း+ဟင်းလှူပါ။
.
စနေ
.
စီးပွားရေး အလုပ်အကိုင်များ ပြုပြင်ပြောင်းလဲရမည်။ ခက်ခဲသော အနေအထားများမှ
လွတ်မြောက် လိမ့်မည်။ မိမိလိုချင်သော ပစ္စည်းဝင်လာမည်။ သူငယ်ချင်းအခက်အခဲကို ကူညီရလိမ့်မည်။
အိမ်ထောင် ရှိသူများ ဇနီးအတွက် တစ်ခုခု ဝယ်ပေးရလိမ့်မည်။ ငယ်သူအတွက် အပူသောက တွေ့ပါမည်။
အိမ်နည်း နည်းပြင်မည်။ ကုန်သည်များမှာ အရောင်းအား ကောင်းမွန်နေမည်။ ဝန်ထမ်းများ ကြီးသူအထင်လွဲတတ်သည်။
အဆင်မပြေဖြစ်မည်။ ပွဲစားများ အိမ်အပေါင်တည့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့
သဘောကွဲမည်။ စကားများမည်။ စိတ်ကောက်သဖြင့် မခေါ်မပြောကြုံမည်။ ကျန်းမာရေးကိစ္စတွင် ဝမ်း
ချုပ်မည်။ ဝမ်းကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် သစ္စာပန်းလှူပါ။
.
.
.
#KBZTai #Shan