မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်း ချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ
(ငြိမ်းစုစီ)ဖြင့်တရား စွဲ ဆိုခံရသော အမှုစုစုပေါင်း ၄၂ မှုအထိ ရှိနေကြောင်း ဒီဇင်ဘာလ
၆ ရက် က အသံအဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး ဒီမိုကရေစီကို ထိန်းကျောင်းပေးရမည့် လူထုဆန္ဒဖော်ထုတ်မှုများအား
ကန့်သတ်ခံနေရကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။
.
.
''ဒီမိုကရေစီရဲ့ခိုင်မာတဲ့ အုတ်မြစ်ဖြစ်တဲ့ ဆန္ဒဖော်ထုတ်မှုတွေကို
သူတို့ကြိုက်ရင် ခွင့်ပြုမယ်၊ မကြိုက်ရင် ခွင့်မပြုဘူး ဆိုတဲ့အနေအထား တွေ များသထက်များ
လာနေတယ်။ ဆိုင်းဘုတ် စကားလုံးမှားတာကအစ အရေးယူမှုတွေ ရှိလာနေပါတယ်။ ငြိမ်းချမ်းရေး တန့်နေတယ်ဆိုတာ
ဒီလိုဒီမိုကရေစီရဲ့ အနှစ်သာရတွေ လျော့ပါးနေလို့ ဖြစ်ပါတယ်''ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်
လှုပ်ရှားမှု (အသံ)အဖွဲ့မှ သုတေသန မန်နေဂျာ ကိုရဲဝေဖြိုးအောင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် ငြိမ်းစုစီ ဥပဒေအရ ဆန္ဒဖော်ထုတ်သူများ ကိုင်ဆောင်သည့်
ဆိုင်းဘုတ်ပါ စာလုံးပေါင်း မှားယွင်းမှုကြောင့် ငြိမ်း စုစီဥပဒေ ပုဒ်မ ၂ဝ ဖြင့် အရေးယူမှု
ရှိခဲ့ကြောင်းနှင့် အဆိုပါ ဥပဒေအရ ပုဒ်မ ၁၈/၁၉/၂ဝ များဖြင့် အများဆုံး တရားစွဲခံနေရပြီး
ဆန္ဒမပြရနယ်မြေ များပါ သတ်မှတ်လာသည့် အခြေအနေများပါရှိလာကြောင်း ၄င်းက ပြော သည်။
.
၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ
ငြိမ်းစုစီဥပဒေဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း ၄၂ ခုတွင် ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်သူ ၅၁ ဦး၊ သိမ်းဆည်း
ခံလယ်ယာမြေအရေး တက်ကြွ လှုပ်ရှားသူ ၁၂ ဦး၊ တိုင်းရင်းသား အရေးဆန္ဒထုတ်ဖော်သူ ၂၄ ဦး၊
လက်ပံတောင်းတောင် ကြေးနီစီ မံကိန်း ဆန့်ကျင်ရေး တောင်းဆိုသူ ၃၁ ဦး၊ အမျိုးသားရေး လှုပ်ရှားသူ
၁၁ ဦး၊ ပညာရေးနှင့်အလုပ်သမားအရေး ဆန္ဒပြတောင်းဆိုသူ ၉ ဦး၊ စုစုပေါင်း ၁၄၉ ဦးဖြစ်ပြီး
အဆိုပါ ဥပဒေအရ ၂ဝ၁၆ ခုနှစ်အတွင်း ၄ မှု၊ ၂ဝ၁၇ ခုနှစ်အတွင်း ၈ မှုနှင့် ၂ဝ၁၈ ခုနှစ်၊ ယခုဒီဇင်ဘာလ
၆ ရက်အထိ ၃ဝ မှု ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan