ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်မှ ၁၉ ရက် အထိ
.
တနင်္ဂနွေ
.
သာယာသောနေရာတစ်ခုသို့ သွားရောက်နိုင်လိမ့်မည်။ အရေးကြီးသော ကိစ္စအချို့ဖြေရှင်းနိုင်လိမ့်မည်။
လုပ်ငန်းအပြောင်းအလဲ အနည်းငယ်ပြုလုပ်ရမည်။ စီးပွားရေးအနေအထား ပြန်ကောင်းမွန်လာမည်။
အိမ်အလှ၊ ဆိုင်အလှဆင်ခြင်း ပြုလုပ်ရမည်။ ခင်မင်သော မိတ်ဆွေနဲ့ ပြန်တွေ့လိမ့်မည်။ အစားကောင်း
စားရမည်။ ကုန်သည်များမှာ အရောင်းအဝယ်ကိစ္စ အငြင်းပွား လိမ့်မည်။ ဝန်ထမ်းများမှာ ငွေစာရင်း
ကွာဟမည်။ ငွေကြောင့် အငြင်းပွားမည်။ ပွဲစားများ အသေးစားပွဲခရကြလိမ့်မည်။ ငယ်သူများ
အချစ်ရေး ကိစ္စတွင် ချစ်သူနဲ့ လည်ပတ်ရလိမ့်မည်။ ကျန်းမာရေးတွင် ယားယံခြင်း၊ အင်ပြင်ထခြင်းကြုံမည်။
ကံကောင်းစေသော ဂဏန်းမှာ (၂/၆/၇)ဖြစ်သည်။
ယတြာ။ ဘုရားတွင် သာကူလှူပါ။
တနင်္လာ
.
အခက်အခဲများ လွတ်မြောက်မည်။ ကူညီမည့် မိတ်ကောင်းဆွေကောင်း တွေ့လိမ့်မည်။
အိမ်အတွင်း လှပသော ပစ္စည်း ဝင်လာမည်။ ရတနာများလည်း ဝင်လာကံ ရှိပါသည်။ စီးပွားရေး လုပ်ငန်းများ
ပုံမှန် ကောင်းနေပါမည်။ သူတစ်ပါးကိစ္စ ဝင်ရောက်ရှင်းလင်းရမည်။ စက်ပစ္စည်းပျက်လိမ့်မည်။
အဝတ်အစား ဝင် မည်။ ကုန်သည်များ အလုပ်နေရာ ပြောင်းရတတ်သည်။ အချို့မှာ ဖောက်သည်ပြောင်းလဲလိမ့်မည်။
ဝန်ထမ်းများ လုပ်ငန်းအတွင်း စည်းကမ်းသစ်ထုတ်ခံရမည်။ ပွဲစားများ အရောင်းတည့်မည့် ကာလဖြစ်နေသည်။
ငယ်သူများ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ရခြင်း၊ အကြံကောင်းရခြင်း ကြုံမည်။ ကျန်းမာရေးကိစ္စတွင်
နားကြောင့် စိတ်ညစ်ရလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၅/၆)ဖြစ်သည်။
ယတြာ။ စေတီမှာ ပန်းအဖြူလှူပါ။
.
အင်္ဂါ
.
အကြွေးရှိသူများ ကြွေးတောင်းခံရမည်။ ကြီးသူကျန်းမာရေးကိစ္စဆောင်ရွက်ပေးရမည်။
သားသမီးနဲ့ ယာယီခွဲရမည်။ ခရီးဝေးသွားလာရမည်။ အလုပ်ကိစ္စ အသစ်ပေါ်ပေါက်လာမည်။ နေအိမ်တွင်
ပရိဘော ဂဝင်မည်။ ဖိနပ်ဝင်မည်။ စီးပွားရေးနည်းနည်းကြပ်လိမ့်မည်။ အဝေးမှ မိတ်ဆွေအိမ်သို့
ရောက်လာမည်။ ကုန်သည်များမှာ ဖောက်သည်အသစ်ရပြီး အကျိုးရှိမည်။ ဝန်ထမ်းများမှာ အလုပ်များပြားရှုပ်ထွေးလိမ့်
မည်။ ပွဲစားများ ဘာမှအလုပ်မဖြစ်နိုင်ပါ။ ငယ်သူများ အချစ်ရေးတွင် ချစ်သူကြောင့် စိတ်ညစ်ရမည်။
ကျန်းမာရေးတွင် ဖျားမည်။ အစားမှားမည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၄/၉)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ပေါက်စီလှူပါ။
.
ဗုဒ္ဓဟူး
.
ကား၊ ဆိုင်ကယ်တိုက်မိ၊ ပွတ်မိလိမ့်မည်။ လမ်းမှာလည်း ပျက်တတ်ပါသည်။
သူငယ်ချင်းနဲ့ ပြန်တွေ့ မည်။ အစားကောင်းစားရမည်။ အိတ် စသည်ဝင်မည်။ မိမိထက် ငယ်သောသူများကြောင့်
စိတ်ညစ်ရ မည်။ စွပ်စွဲခံရတတ်ပါသည်။ စီးပွားရေး လာဘ်ကောင်းလာမည်။ ငွေများများဝင်လာမည်။
စိတ်ပျော် ရွှင်ရမည်။ ကုန်သည်များမှာ ပစ္စည်း အထူးဈေးကောင်းရမည်။ မြတ်မည်။ ဝန်ထမ်းများမှာ
သင်တန်း တက်ရခြင်း၊ ခရီးထွက်ရခြင်း စသည်တို့ ကြုံမည်။ ပွဲစားများ အပေါင်ကိစ္စဖြစ်သဖြင့်
ပွဲခရမည်။ ငယ်ရွယ်သူများမှာ ချစ်သူအသစ် တွေ့မည်။ ချစ်သူဟောင်းရှိပါက ပြဿနာရှာမည်။ ကျန်းမာရေးတွင်
အထူးညံ့မရှိသေးပါ။ ကံကောင်းစေသော ဂဏန်းမှာ (၁/၃/၉)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ဘယာကြော်လှူပါ။
.
ကြာသပတေး
.
စိတ်လေလွင့်ခြင်းများနေမည်။ ဘာလုပ်ရမှန်းမသိအောင် ထွေပြားနေလိမ့်မည်။
ငွေအထွက်များခြင်း၊ လိုငွေပြခြင်း ကာလဖြစ်သည်။ အလုပ်စိတ်တိုင်းမကျနိုင်ပါ။ ပင်ပန်းဆင်းရဲလိမ့်မည်။
အဝေးမှ မိတ်ဆွေ ဆက်စပ်ကာ အကျိုးတော့ရှိလာမည်။ အမှုအခင်းပြဿနာကြား ဝင်ရောက်ဖြေရှင်းပေးရလိမ့်မည်။
စိတ်ရှုပ် ထွေးနေမည်။ ကုန်သည်များမှာ ပစ္စည်းပျောက်ဆုံးမည်။ အခိုးခံရလိမ့်မည်။ ဝန်ထမ်းများမှာ
အစားအသောက် ကောင်းစားရခြင်း၊ လက်ဆောင်ရခြင်း ကြုံမည်။ ပွဲစားများ ငွေအချေးအငှားကိစ္စမှ
ပွဲခရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူအထင်လွဲခံရလိမ့်မည်။ ဖြေရှင်းရမည်။
ကျန်းမာရေးကိစ္စတွင် အားနည်းမည်။ မူးဝေခြင်းဖြစ်တတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၄/၆)ဖြစ်သည်။
ယတြာ။ စေတီ၏ စနေထောင့်မှာ
ထီးဖြူလှူပါ။
.
သောကြာ
.
ကားဝင်မည်။ အလဲအထပ်ပြုရမည်။ အချို့မှာ ကားပြင်ရမည်။ စီးပွားရေးလုပ်ငန်းကိစ္စ
ခရီးသွားရမည်။ အလုပ်တိုးချဲ့ရန် အားထုတ်ရလိမ့်မည်။ ကြီးသူအတွက် တစ်စုံတစ်ခု ကျေးဇူးပြုနိုင်မည်။
ငယ်သူအတွက် သောကရောက်မည်။ နေအိမ်တွင် ရေကိစ္စဆောင်ရွက်ရမည်။ သတင်းကောင်းကြားသိရမည်။
ရွှေဝင်ကိန်း ရှိသည်။ ကုန်သည်များမှာ ပစ္စည်းတွင် ငွေမြှုပ်နေမည်။ ဝန်ထမ်းများမှာ ခွင့်ယူရမည်။
အလုပ်တွင် သက် သာမည်။ ပွဲစားများ အရောင်းအဝယ် တည့်သဖြင့် ပွဲခရလိမ့်မည်။ ငယ်သူများမှာ
အချစ်ရေးကိစ္စတွင် ချစ်သူအသစ်တွေ့မည်။ ချစ်သူဟောင်းနဲ့ သဘောကွဲလိမ့်မည်။ ကျန်းမာရေးတွင်
ဇာတာရှင်သည် အစား မှားမည်။ အနာဖြစ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၇/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မုန့်လှူပါ။
.
စနေ
.
ကမ်းခြေနေရာများ သွားလာရမည်။ စိတ်ပျော်ရွှင်ရသော ခရီးသွားရမည်။ သူငယ်ချင်းများ
ပြန်ဆုံတွေ့ မည်။ ငွေကြေးဝင်လာမည်။ အထွက်လည်းများမည်။ မြုပ်နေသော ငွေရှိပါက ပြန်ပေါ်လာမည်။
ကြီးသူ ကျန်းမာရေးညံ့မည်။ အလုပ်ကိစ္စ တိုးချဲ့လိမ့်မည်။ အရောင်းအဝယ်အမြတ်စွန်းမည်။ အကြံအစည်ကောင်း
ပေါ်လာမည်။ အိမ်တွင်ပစ္စည်းကောင်းဝင်မည်။ ကုန်သည်များမှာ အရောင်းအားနှေးနေမည်။ ဝန်ထမ်းများ
မှာ ကြီးသူဖိအားပေးခံရမည်။ အလုပ်ပိစေလိမ့်မည်။ ပွဲစားများ ခိုက်ရန်ဖြစ်မည်။ ပွဲခကိစ္စငြင်းခုန်ရလိမ့်မည်။
ငယ်ရွယ်သူများမှာ အချစ်ရေးတွင် ချစ်သူစွန့်ခဲ့ခြင်းကြုံမည်။ အချို့မှာ ငြင်သာစွာလမ်းခွဲခံရမည်။ကျန်းမာရေးတွင်
လည်ပင်းနာမည်။ အကြောလွဲခြင်းဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၇/၉)ဖြစ်သည်။
ယတြာ။ စေတီိတွင် ရွှေထီးတစ်လက်+ပန်း
၅ ပွင့်လှူပါ။
.
.
.
#KBZTai #Shan