နိုင်ငံရေးပါတီများတွင် အရည်အချင်း ရှိသည့် အမျိုးသမီးများ လိုအပ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ တာဝန်ခံ ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံရေးပါတီများတွင် အရည်အချင်း ရှိသည့် အမျိုးသမီးများ လိုအပ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ရှမ်းပြည်နယ်အမျိုးသမီးရေးရာ တာဝန်ခံ ပြောကြား


ရဲရင့်ဇွဲ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ် ကဏ္ဍတွင် အရည်အချင်းရှိသည့် အမျိုးသမီးများ နည်းပါးနေပြီး အမျိုးသ မီးထုများ၏ အခန်းကဏ္ဍ ပိုမိုမြင့်မား လာစေရေးအတွက် နိုင်ငံရေးပါတီ များအနေဖြင့် အရည်အချင်းရှိသည့် အမျိုးသမီးများ အလွန်လိုအပ်နေ သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရှမ်းပြည်နယ် အမျိုး သမီးရေးရာ တွဲဘက်တာဝန်ခံဒေါ်ခင် ထွေးအောင်က ကမ္ဘောဇတိုင်းသို့ပြော ကြားခဲ့သည်။
.
.
ရှမ်းပြည်နယ် (တောင်ပိုင်း)ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ၊ ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာလ ၃ဝ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ကျင်းပပြု လုပ်ရာ အဆိုပါအခမ်းအနားတွင်ဒေါ် ခင်ထွေးအောင်က ယင်းကဲ့သို့ပြော ကြားခဲ့ခြင်း ဖြစ်သည်။
.
''ဒီနေ့ပွဲကတော့ ပြည်နယ်အ ဆင့်ကနေ ပြုလုပ်တဲ့ပွဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ၂၁ မြို့နယ် လုံးမှာ အမျိုးသမီးတွေရဲ့ အကြို နီးနှောဖလှယ်ပွဲကို ပြုလုပ်ခဲ့ပြီးပါပြီ။ ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အ မျိုးသမီးထုတွေရဲ့ အခန်းကဏ္ဍကို ပို မိုပေါ်လွင်လာအောင် ရည်ရွယ်တာပါ။ ကျွန်မတို့ ပြည်ခိုင်ဖြိုးပါတီ သာမက ဘယ်ပါတီမဆို အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ အရမ်းလိုအပ်နေပါ တယ်''ဟု ခေါ်ခင်ထွေးအောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ ဆွေးနွေးပွဲကို ရှမ်းပြည် နယ်တွင် ပြည်နယ်အဆင့်အဖြစ် ပြု လုပ်ခြင်းဖြစ်ပြီး အမျိုးသမီးထုများအ တွက် အကျိုးရှိမည် ဆိုပါက နောက် ထပ်ဆွေးနွေးပွဲများကို ထပ်မံကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
.
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ အမျိုး သမီးများ အခန်းကဏ္ဍ ပိုမိုမြင့်မားလာ စေရေးအတွက် ကျန်းမာရေးကဏ္ဍ၊ ပညာပေးနှစ်သိမ့် ဆွေးနွေးပွဲများ၊ အ သက်မွေးဝမ်းကျောင်း ပညာများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယခုပြုလုပ် သော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး နောက်ပိုင်းတွင် ယခင်ကထက် ပိုမို ဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်းထား ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားသို့ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီမှ ဗဟိုအလုပ်အမှုဆောင် ဦးအောင် ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန် ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္က ဌ ဦးစဝ်အောင်မြတ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာ ဝန်ရှိသူများ၊ ပအိုဝ်းစာပေယဉ်ကျေးမှု အသင်း၊ ဓနုစာပေ ယဉ်ကျေးမှုအ သင်း၊ တောင်ရိုးစာပေ ယဉ်ကျေးမှု အသင်း၊ လီဆူစာပေ ယဉ်ကျေးမှုအ သင်း၊ ကိုးကန့်စာပေ ယဉ်ကျေးမှုအ သင်း၊ နောင်တရားပအိုဝ်း လေ့လာ ရေးအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တောင် ပိုင်းရှိ မြို့နယ် ၂၁ မြို့နယ်မှ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင် အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats