မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး ပျောက်ဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, December 21, 2018

မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး ပျောက်ဆုံး



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာ၊ အမှတ် (၂) ရပ်ကွက်၊ ဘဝသစ်ရပ် တွင် နေထိုင်သည့် အဘ ဦးကျကော်၏ သားဖြစ်သူ မောင်ဝင်း (ခ) ကျကယ် (၁၄ နှစ်) သည် နေအိမ်မှ ဆိုင်ကယ်တစ်စီးဖြင့် ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် ဒီဇင်ဘာလ ၁၈ ရက်တွင် ဖခင်ဖြစ်သူမှ နားကောင်းမူး နယ်မြေရဲစခန်း၌ လူပျောက်တိုင်တန်းထားကြောင်း သိရသည်။
.
.
မောင်ဝင်း (ခ) ကျကယ် သည် ဒီဇင်ဘာလ ၉ ရက်၊ ညနေပိုင်းက နေအိမ်ရှိ မိဘအုပ်ထိန်းသူများကို အသိမပေးဘဲ Honda Wave - 110 အမျိုးအစား အနီရောင်မော်တော်ဆိုင်ကယ်အား ယူဆောင်ထွက်ခွာသွားခဲ့ပြီး ပြန်မရောက် လာသဖြင့် ၎င်းသွားလာတတ်သည့် နေရာနှင့် အနီးဝန်းကျင် ကျေးရွာများသို့ လိုက်လံစုံစမ်းရှာဖွေသော်လည်း မတွေ့ရသဖြင့် ဖခင်ဖြစ်သူမှ ဒီဇင်ဘာလ ၁၈ ရက်တွင် နားကောင်းမူးရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူပျောက်တိုင်တန်းမှုနှင့် ပတ်သက်၍ နားကောင်းမူးနယ်မြေရဲစခန်းမှ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မိုင်းဆတ်၊ မိုင်းတုံ၊ ပုံပါကျင်၊ မိုင်းတွမ်း၊ မိုင်းခုတ်၊ တာချီလိတ်၊ ဝမ်ပုံရဲစခန်းများနှင့် ဆက်သွယ်ပြီး ကူညီစုံစမ်း ရှာဖွေလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube