၂ဝ၂ဝ အမီ မြန်မာ့ငြိမ်းချမ်းရေး အောင်မြင်မည်လော ခေါင်းစဉ်ဖြင့် တာချီလိတ်တွင် ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၂ဝ၂ဝ အမီ မြန်မာ့ငြိမ်းချမ်းရေး အောင်မြင်မည်လော ခေါင်းစဉ်ဖြင့် တာချီလိတ်တွင် ဆွေးနွေး


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ဒီဇင်ဘာ ၅ ရက်၊ ညပိုင်းက မြန် မာ့ငြိမ်းချမ်းရေး ၂ဝ၂ဝ အမီ အောင် မြင်မည်လော ဟူသည့်ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း တစ်ခုကို ပြု လုပ်ခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ဆွေးနွေးပွဲသို့ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှ စော၊ လူ့အခွင့်အရေးရှေ့နေ ဦးသိန်း သိန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးစိုင်းညွန့် လွင်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေမှူး မင်းကျော်ဇေယျာဦး၊ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး (၈၈)၊ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar) မှ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲတွင် ကမကထ ဆောင်ရွက်သူ ရွှေတြိဂံသတင်းဌာနမှ အယ်ဒီတာချုပ် ကိုထွန်း(မိုင်းဖြတ်)က မေးခွန်းများကို မေးမြန်းခဲ့ပြီး ပါဝင်ဆွေးနွေးသူများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ၂ဝ၂ဝ ခုနှစ် တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သံန္နိဋ္ဌာန်ချထား ကြောင်း ပြောကြားမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့် လွင်ကလည်း ပဋိပက္ခများကြား တိုင်း ရင်းသားများကို ဆွဲထည့်သည့်အစဉ် အလာရှိနေပြီး တိုင်းပြည်အတွက် ဆန္ဒနှင့်စေတနာအရသာ လုပ်ဆောင် နိုင်ရန်လိုကြောင်း ယခုအခြေအနေမှာ လူထုမှ စိတ်ပူနေရသည့် အနေအ ထားရှိနေကြောင်း ဆွေးနွေးခဲ့သည်။
.
နေပြည်တော်တွင် အောက် တိုဘာလ ၁၅ ရက်က ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂ဝ၂ဝ တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရေးအတွက် သံန္နိဋ္ဌာန် ချထားကြောင်း ပြောကြားခဲ့ပြီး နောက် အပစ်ရပ် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် တရားဝင်ဆွေး နွေးပွဲများ ရပ်ဆိုင်းနေပြီး အခြား သော ဃြဗ လက်မှတ် ရေးထိုးထား ခြင်းမရှိသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့်လည်း ဆွေးနွေး မှုများ ပြုလုပ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats