တောင်ကြီးမြို့၊ အရှေ့ဘက်တောင်တန်းလမ်း၌ လမ်းမီးများ တပ်ဆင်ပေးရန် ဒေသခံများ လိုလား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, December 27, 2018

တောင်ကြီးမြို့၊ အရှေ့ဘက်တောင်တန်းလမ်း၌ လမ်းမီးများ တပ်ဆင်ပေးရန် ဒေသခံများ လိုလား


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၏ အထိမ်းအမှတ် သင်္ကေတဖြစ်သော အရှေ့ဘက်တောင်တန်းပေါ်ရှိ ရွှေဘုန်းပွင့်ဘုရား သွားရာတောင် တက်လမ်းတစ်လျှောက်တွင် လမ်းမီး များ တပ်ဆင်ပေးရန် ဒေသခံများမှ လိုလားလျက်ရှိကြောင်း သိရသည်။
.
.
''သွားတဲ့လူတွေများတော့ မီးထွန်းထားပေးမယ်ဆိုရင် ကောင်းပါ တယ်။ လုံခြုံစိတ်ချရတယ်။ ညတွေဆိုရင်လည်း ဆိုင်ကယ်နဲ့သွားတဲ့လူတွေရှိတယ်။ မနက်နဲ့ ညနေပိုင်းတွေဆိုရင် လမ်းလျှောက်တဲ့လူတွေ၊ စက်ဘီးစီးတဲ့ လူတွေ ရှိတယ်။ ဟိုးအရင်တုန်းကဆိုရင် လမ်းက တောလိုမျိုး ဖြစ်နေတယ်။ အခုကတော့ သွားလာ တဲ့လူတွေ တော်တော်လေး များလာတယ်။ တန်ဆောင်တိုင်ပွဲတော် ကာလတွေဆိုရင် သွားလာတဲ့ လူတွေ မပြတ်ဘူး။ အဲဒါကြောင့် လမ်းမီးတွေ လိုအပ်နေတာပါ''ဟု တောင်ကြီးမြို့ နေ ဒေသခံပြည်သူတစ်ဦးဖြစ်သူ ရှင် သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါလမ်း၌ နံနက်အစောပိုင်း အချိန်များနှင့် ညနေပိုင်း အချိန်များ တွင် ကျန်းမာရေး လေ့ကျင့်ခန်းအဖြစ် လမ်းလျှောက်သူများ၊ ညပိုင်းအချိန်များတွင် ဆိုင်ကယ်ဖြင့် သွားလာနေသူများ ရှိနေသဖြင့် လုံခြုံရေးအရ သာမက လမ်းသာယာရေးအတွက် လမ်းမီးများ တပ်ဆင်ပေးရန် လိုအပ်နေသည်ဟု ဒေသခံများမှ ပြောဆို လျက်ရှိသည်။
.
''မီးထွန်းပေးဖို့ကို ပြောဆိုနေကြတာ ကြာနေပါပြီ။ အဲဒီနေရာက တကယ်လည်း လိုအပ်နေတဲ့ နေရာပါ။ ညတွေ ဆိုရင်လည်း သွားတဲ့လူတွေရှိတယ်။ ညနေဘက်ရော၊ မနက်အစော ပိုင်းတွေမှာရော လမ်းလျှောက်တဲ့ လူတွေ လည်း များတယ်။ စက်ဘီးစီးတဲ့ လူတွေဆိုရင်လည်း မနက်အစောပိုင်းတွေမှာ အဖွဲ့လိုက်ရှိတယ်။ လမ်းသာယာ ဖို့အတွက်ရော လုံခြုံမှုအတွက် ရော တကယ်ကို လိုအပ်နေတာပါ။ ဆောင်းတွင်းကာလဆိုရင် မနက် ၆ နာရီ လောက်တောင်မှ အလင်းရောင်က သိပ်ကောင်းကောင်း မရှိသေးတော့ မီးထွန်းထားပေးသင့်တယ်လို့ ထင်ပါတယ်''ဟု တောင်ကြီးမြို့နေ ကိုစိုင်းအေးက ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
ယင်းတောင်တက်လမ်း တစ်လျှောက်၌ လမ်းမီးများအပြင် အမှိုက် ပုံးများ ထားရှိပေးရန်လည်း လိုအပ်နေပြီး ယခင်ကကဲ့သို့ ငွေကြေးကောက်ခံရန်အတွက် မဟုတ်သည့် လုံခြုံရေးဂိတ်တစ်ခုကိုလည်း ထားရှိပေးရန် လိုအပ်နေကြောင်းနှင့် အဆိုပါတောင်တန်းကြီးသည် တောင်ကြီး မြို့၏ အသက်သဖွယ် ဖြစ်နေသည့်အတွက် ရှမ်းပြည်နယ်အစိုးရမှ ထိန်းသိမ်းပေးရန် လိုအပ်နေကြောင်းကို ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
အဆိုပါ တောင်တန်းပေါ်တွင် တောင်ကြီးမြို့၏ အထင်ကရ ဘုရား စေတီများဖြစ်သော ရွှေမုဌောစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ ပတ္တမြားလိုဏ်ဂူ နှင့် မြစိမ်းတောင်ဘုရားတို့ တည်ရှိ နေပြီး အထူးဧည့်သည်တော်များ တောင်ကြီးမြို့သို့ လာရောက်စဉ် တည်းခိုသည့် သြကညအ ဏူနျေညေအ  ဟိုတယ်လည်း တည်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube