စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ တွင် လွှတ်တော်ပြင်ပ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်
ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့ချုပ်အား ဒီဇင်ဘာ ၄ ရက်၊ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း
သိရသည်။
.
.
အဆိုပါ ညောင်ရွှေမြို့  အသင်းရုံးကို ညောင်ရွှေမြို့ ၊ ရပ်ကွက်(၅)
ရှိ ဥက္ကဌတာဝန်ထမ်းဆောင်သူ ဦးမင်းနိုင်၏ နေအိမ်တွင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြို
့နယ် အမှုဆောင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်းသိရှိရသည်။
“အဓိက ကတော့ အမှန်တရားကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ အမှန်တရားကို
ရဲရဲဝံ့ဝံ့ ထုတ်မပြရင် ကျွန်တော်တို့ တွေက ဖိနှိပ်ခံဘဝကနေ လွတ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ထောင်နေရခြင်း
ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွံ့ ဖြိုးတိုးတက် မှုတွေ ဖြစ်ပေါ်ရေးနဲ့ ပြည်ထောင်စုအတွင်း
နေထိုင်ကြသူ ပြည်သူတွေရဲ့ ဘဝတွေဟာလည်း အသိပညာ၊ အတတ် ပညာ၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့
နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝ ရရှိခံစားနိုင်ဖို့အတွက် အခုလို အဂတိလိုက်စားမှု
တိုက်ဖျက်ရေးနဲ့ လူမှုဘဝမြှင့်တင်နိုင်ရေး အထောက်အကူပြုရန် ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်ပါတယ်”
ဟု ညောင်ရွှေမြို့ ၊ လွှတ်တော်ပြင်ပ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်
ပြည်သူ့ဘဝ မြှင့်တင်ရေး အဖွဲ့  ဥက္ကဌ ဦးမင်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအဖွဲ့ချုပ်
အနေဖြင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ပြီး ပြည်သူ့ဘဝသာယာဝပြောစေရေး၊ တရားဥပဒေစိုးမိုးရေး၊
အမျိုးသားအကျိုးစီးပွား မြှင့်တင် ဆောင်ရွက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်
အေးချမ်းသာယာရေး၊ အရပ်ဖက်အဖွဲ့အစည်းများ ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်စေရေး တို့ကို
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေးအသင်းများအား
ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရပ်စောက်မြို့၊
လွိုင်လင်မြို့၊ ညောင်ရွှေမြို့၊ ရွာငံနှင့် အောင်ပန်းမြို့များတွင် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း
သိရသည်။
.
အသင်းအနေဖြင့် လုပ်သားပြည်သူများ၏ မတရားအနိုင်ကျင့်ခံနေရမှုများအား
ဌာနဆိုင်ရာ၊ အစိုးရအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကူညီခြင်း၊ လုပ်သားပြည်သူများ၏
အသိပညာများ တိုးတက်လာစေရေး ကူညီဆောင်ရွက်ခြင်း၊ အသိပညာပေး ဟောပြောပွဲများ၊ နည်းပညာသင်တန်းများသို့
စေလွှတ်ခြင်း၊ ဒေသတွင်း အသိပညာရှင်၊ အတတ်ပညာရှင်များအား ဖိတ်ခေါ်၍ ဟောပြောပွဲများ၊ သင်တန်းများ
ပြုလုပ်ခြင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာရှင်၊ အသိပညာရှင်များဖြင့် ချိတ်ဆက်၍
ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ၏ မျိုးဆက်သစ် လူငယ်များကို မူးယစ်ဆေးဝါးသားကောင် မဖြစ်စေရေးအတွက်
ဆောင်ရွက်ခြင်း၊ လုပ်သားပြည်သူများ အသိပညာ၊ အတတ်ပညာ တိုးတက်လာစေရေးအတွက် နိုင်ငံတော်နှင့်
ချိတ်ဆက်၍ ဆောင်ရွက်သွားခြင်း စသည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ လွှတ်တော် ပြင်ပ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင်ရေး
အသင်းမှာ အသင်းအဖွဲ့မှတ်ပုံတင်ရရှိရန်အတွက် တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan