လားရှိုးမြို့ရှိ ကုန်ပစ္စည်းများတွင် ဖော်ပြသည့်စာများကို မြန်မာဘာသာ ထည့်သွင်းရေးသားရန် အသိပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ရှိ ကုန်ပစ္စည်းများတွင် ဖော်ပြသည့်စာများကို မြန်မာဘာသာ ထည့်သွင်းရေးသားရန် အသိပညာပေး


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မြို့မဈေးကြီးတွင် ဒီဇင်ဘာ ၄ ရက်က ကုန်ပစ္စည်းများအား မြန်မာဘာသာထည့်သွင်းရေးသား ဖော်ပြရေး အတွက် အသိပညာပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
.
 
.
ကုန်ပစ္စည်းများ၊ စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် အညွှန်းစာများ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး မထည့်သွင်းပါက ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်၍ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
“ဈေးထဲမှာ ဈေးရောင်းချနေသူတွေကို ကုန်စည်းတွေမှာ မြန်မာဘာသာနဲ့ သုံးစွဲပုံအညွှန်းတွေပါရှိဖို့အတွက်ကို အမိန့်ထုတ်ပြန်ထားတယ်ဆိုတဲ့အကြောင်းကို အသိပညာပေးဟောပြောတာပါ။ စားသုံးသူရေးရာဗဟိုကော်မ တီကနေ အမိန့်ကြေညာစာတစ်ခု ထုတ်ထားတာရှိတယ်။ ကုန်ပစ္စည်းတွေမှာ သူ့ရဲ့မိခင်ဘာသာရယ်၊ မြန်မာဘာ သာစကားရယ်ပါရှိရမယ်ဆိုပြီးထုတ်ထားတာကို အသိပေးဟောပြောတာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။
.
အဆိုပါ အမိန့်ကြေငြာစာအား အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ကြေငြာ၍ အသိပညာပေး ကာလ ၆ လ သတ်မှတ်ပြီး ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်မှ စတင်၍ အရေးယူမှုများ စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ဦးဇော်မင်းသန်းက ပြောသည်။
.
“ကုန်ပစ္စည်းတွေကို ဘယ်လိုအသုံးပြုရမယ်၊ သူရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘယ်လိုရှိတယ်။ နောက်ပြီး သူ့ကို ဘယ်လိုထားသိုရမလဲ၊ ပြီးရင် သူ့နဲ့ ဓာတ်မတည့်တာက ဘာလဲစတဲ့ အချက် ၄ ချက်ကို မြန်မာလိုပါရှိရမယ်။ ဦးစားပေးကုန်ပစ္စည်း ၉ မျိုးမှာ အညွှန်း ၄ ခုပါရှိရမှာဖြစ်ပါတယ်။ ဒါတွေကို သူတို့ကြိုသိပြီးတော့ ပြင်ဆင်ချိန်ရ အောင် အသိပညာပေးဆွေးနွေးတာပါ”ဟု ဦးဇော်မင်းသန်းက ပြောသည်။
.
လားရှိုးမြို့မဈေးကြီးအတွင်း အသိပညာပေးရာတွင် ဈေးကော်မတီ၊ စည်ပင်သာယာရေး၊ FDA၊ မွေးမြူရေးနှင့် ကုသရေး၊ စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ခဲ့ကာ ဈေးသူဈေးသား ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats