သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ၁၀၀၀ ဝန်းကျင် ဘုန်းကြီးကျောင်း ၃ ကျောင်းတွင် ခိုလှုံနေရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, December 27, 2018

သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ၁၀၀၀ ဝန်းကျင် ဘုန်းကြီးကျောင်း ၃ ကျောင်းတွင် ခိုလှုံနေရ


နောင် (မြစ်မခ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ရွာသား ၁၀၀၀ ဝန်းကျင်မှာ အနီးဝန်းကျင်ရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းတွင် ခိုလှုံနေကြရကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူများထံမှ သိရှိရသည်။ 

နားမခေါ်ကျေးရွာအုပ်စု တုံကျိုင်းကျေးရွာအတွင်း ပစ်ခတ်မှုများဖြစ်ပွားနေခြင်းကြောင့် အဆိုပါရွာနှင့် အနီးရှိ ဟိုနားကျေးရွာများမှ ရွာသား ၇၀၀ ဝန်းကျင်မှာ ထပ်မံထွက်ပြေး တိမ်းရှောင်လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
“မနေ့က ၃၀၀ ကျော်လောက်ကို ခေါ်ခဲ့တယ်။ ဒီနေ့တော့ထပ်ပြီး သူတို့ထွက်လာကြတာပါ။ ကျောင်း ၃ ကျောင်းမှာ ၁၀၀၀ လောက်ရောက်နေပါတယ်။ စားနပ်ရိက္ခာတွေ လိုအပ်ပါတယ်။’’ဟု နယ်စည်းမခြားပရဟိတ (သီပေါ)မှ ကိုမျိုးက ပြောသည်။
အဆိုပါ တိုက်ပွဲရှောင်များသည် ဒီဇင်ဘာ ၂၅ ရက်မှစတင်ပြီး နားမခေါ်ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြကာ ဒီဇင်ဘာ ၂၆ ရက်တွင် ၁၀၀၀ ကျော်အထိရှိလာပြီး ကောင်းဟုန်း ဘုန်းကြီးကျောင်းနှင့် နောင်ကော်ကြီးဘုန်းကြီး ကျောင်းတွင်လည်း ၁၅၀ ခန့်စီ ရှိလာကြောင်း သိရသည်။
“ရွာက အိမ် တစ်အိမ် မီးလောင်သွားတယ်။ ကျွန်မတို့က မနက်အစောကြီးမှာ ထွက်ပြေးလာတာ။ ရွာပြင်မှာရှိတဲ့ သေနတ်ကိုင်တဲ့ လူတွေအများကြီး၊ မနေ့ညက မရှိတော့တဲ့ အချိန်မှာ ထွက်လာကြတာပါ။’’ဟု တုံကျိုင်းကျေးရွာနေ ဒေါ်နန်းမီးက ပြောသည်။
ရွာသားများအား ဒီးယားရိမ်းဂျား(နမ့်လန်)၊ နယ်စည်းမခြားပရဟိတ(သီပေါ)၊ မြတ်မွန်စေတနာ(သီပေါ)တို့မှ လူမှုကူညီရေးအသင်းကားများဖြင့် သွားရောက် ခေါ်ဆောင်ခဲ့သော်လည်း ရွာသားများမှာ ကြိုတင်ထွက်နှင့်လာ ကြခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube