တာချီလိတ်တွင် အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓ္ဓမပြုကျင်သည့် ဦးလေးနှစ်ဝမ်းကွဲ တော်စပ်သူကို အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓ္ဓမပြုကျင်သည့် ဦးလေးနှစ်ဝမ်းကွဲ တော်စပ်သူကို အမှုဖွင့်


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)၌ အလိုမတူဘဲ သားမယားအဖြစ် အဓ္ဓမပြုကျင့်ခဲ့သည့် ဦးလေး နှစ်ဝမ်းကွဲ  တော်စပ်သူကို ဒီဇင်ဘာ ၈ ရက် နေ့က အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.
.
တာချီလိတ်မြို့၊ ပါလျှံ (၁) ရပ်ကွက်ရှိ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ဒီဇင်ဘာ ၇ ရက်က အစ်မဖြစ်သူ၏ နေအိမ်အခန်းငှားတွင် ရှိနေစဉ် ၎င်း၏ဦးလေး နှစ်ဝမ်းကွဲဖြစ်သူ ဦးဇော်ပျံ ရောက်ရှိလာပြီး အလုပ်ရှာပေးမည်ဖြစ်သဖြင့် ၎င်းနှင့် လိုက်ခဲ့ရန် ခေါ် သဖြင့် လိုက်သွားစဉ် ဦးဇော်ပျံမှ ပါလျှံ (၃) ရှိ ၎င်း၏အခန်းတွင် အဝတ်အစား ဝင်လဲမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ အလိုမတူဘဲ သားမယားအဖြစ် အဓ္ဓမပြုကျင့်ခဲ့သူ ဦးဇော်ပျံ (၅၀ နှစ်)၊ ပါလျှံ(၃)၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့နေသူအား နစ်နာသူများဘက်မှ တရားလိုပြုလုပ် တန်တိုင်းရာ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats