ကောင်လေး (မြန်မာစာ)
.
.
ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းပြည် ထောင်စုဖွား သွေးရင်းညီအစ်ကိုမောင်နှမ
(၁၃၅) မျိုးတို့သည် စည်းလုံးညီညွတ်စွာ အတူ တကွ ယှဉ်တွဲနေထိုင်လျက် အေးအတူပူအမျှ စည်းကမ်းကျင့်ဝတ်တို့ကို
လိုက်နာစောင့်ထိန်း လျက်ရှိ ကြသည်မှာ နှစ်ပေါင်းကြာရှည်ခဲ့ပေ သည်။ ရွှေနိုင်ငံဟု ခေါ်ရလောက်အောင်
ရွှေ ရောင် တဝင်းဝင်းနှင့် ဘုရားစေတီများ၊ ရှေး ဟောင်းရာဇဝင်သမိုင်းတွင်နေသော နန်းမြို့ရိုး၊
ပြသာဒ်တန်ဆောင်များ၊ စိမ်းစိုကျယ်ပြောလှ သော လယ်ကွင်းကြီးများ၊ သဘာဝအတိုင်းတ သွင်သွင်
စီးဆင်းနေသော မြစ်ချောင်းများနှင့် ပင်လယ်ကမ်းခြေများ စသည်ဖြင့် သဘာဝရှုခင်း များဖြင့်
လှပတင့်တယ်သော နိုင်ငံတစ်နိုင်ငံ လည်း ဖြစ်ပါသည်။ ပြည်ထောင်စုသားအားလုံး တို့တွင် ကိုယ်ပိုင်စာပေယဉ်ကျေးမှုနှင့်
ဓလေ့ထုံး တမ်း အစဉ်အလာများလည်း အသီးသီးရှိကြပေ သည်။ ထို့ကြောင့် ဓနုလူမျိုးများအနေဖြင့်လည်း
ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားများနည်းအတူ
ဓနုတိုင်းရင်းသားအားလုံးတို့၏ သွေးစည်းမှုကို ဖော်ကျူးပြသသော ထူးခြားလေးနက်တဲ့ နေ့ ထူး
နေ့မြတ်မှာ ''ဓနုအမျိုးသားနေ့''ဖြစ်ပါ သည်။ ထို့ကြောင့် ''ဓနုအမျိုးသားနေ့''ကိုနှစ်
စဉ်နှစ်တိုင်း မြန်မာသက္ကရာဇ်၏ နတ်တော် လဆန်း (၈) ရက်နေ့တွင် ကျင်းပကြမည် ဖြစ် ပါသည်။
ကမ္ဘာပေါ်ရှိ လူသားများအားလုံးသည် အာ ရိယ် (အသားဖြူ)၊ နီဂရစ်တို
(အသားမဲ)၊ မွန် ဂို (အသားဝါ) အမျိုးအနွယ်ဝင်များမှ ပြန့်ပွား ဆင်းသက်လာကြသည် ထိုအထဲတွင်
မွန်ဂိုလူ မျိုးနွယ်စုများသည် အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် ပျံ့နှံ့နေထိုင်ကြပြီး
မြန် မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားအားလုံးတို့သည် မွန်ဂိုအမျိုးအ
နွယ်များမှ ဆင်းသက်လာသည်ဟု ပညာရှင်များ က သုံးသပ်ခဲ့ကြ၏။ တစ်ဖန် မြန်မာနိုင်ငံအတွင်း
သို့ မွန်မြန်မာအုပ်စု၊ တိဗက်မြန်မာအုပ်စု၊ ယိုးဒ ယားတရုတ်အုပ်စုဟူ၍ လမ်းကြောင်းသုံးသွယ်
မှ တစ်နေရာချင်းစီ၊ တစ်သုတ်ပြီး တစ်သုတ် ဝင်ရောက်လာခဲ့ကြောင်း လေ့လာရပါသည်။ ယ ခု အချိန်ထိုအုပ်စုအတွင်းမှ ပြန့်ပွားလာသော တိုင်းရင်း
(၁၃၅)မျိုး ရှိကြောင်း နိုင်ငံတော်က အတည်ပြု ခဲ့ပြီးဖြစ်ပါသည်။ ထိုအထဲ၌ တိဗက် မြန်မာအုပ်စုဝင်
ဓနုတိုင်းရင်းသားများသည် လူ ဦးရေအရ မြန်မာနိုင်ငံအတွင်း နံပါတ် (၁ဝ)၊ ရှမ်းပြည်နယ်
နံပါတ် (၄)အရ အခိုင်အမာရပ် တည်လျက်ရှိပါသည်။
.
ဓနုတိုင်းရင်းသားများသည် မြန်မာပြည်မ အရှေ့ခြမ်းနှင့် ရှမ်းပြည်နယ်
အနောက်ခြမ်းအ ကြား တောင်မြောက် သွယ်တန်းနေသော ''ရှမ်းမြေလတ်''တစ်ကြောတွင် ရှေးပဝေသဏီ
ကတည်းက နေထိုင်ခဲ့ကြသည်။ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကလောမြို့
နယ်၊ ရပ်စောက်မြို့နယ်များတွင် (တစ်ဆက်တစ် စပ်တည်း) အများဆုံးနေထိုင်ကြပြီး တောင်ကြီး
မြို့နယ်၊ ကျောက်မဲမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ သာစည်မြို့နယ်၊
ပင်လောင်း မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့် ရန် ကုန်၊ မန္တလေးအစရှိသော မြို့ကြီးများတွင်လည်း
အသင့်အတင့် ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဤသို့အားဖြင့် ဓနုတိုင်းရင်း
သားများသည် ပြည်ထောင်စုအတွင်းရှိ ပြည် ထောင်စုဖွား တိုင်းရင်းသားလူမျိုးများနှင့် အတူ
ရှေးကတည်းကပင် အတူတကွ ပေါင်းစည်းနေ ထိုင်ပြီး၊ တစ်မြေတည်း အတူနေ၊ တစ်ရေတည်း အတူသောက်
မိသားစု သွေးရင်းပမာ တစ်အူ တုံဆင်း ညီရင်းနောင်ဖွားများဖြစ်ကြကြောင်း ခိုင်မာသော သမိုင်းအထောက်အထားများက
ခိုင်ခိုင်မာမာ သက်သေခံလျက်ရှိပေသည်။
.
ဓနုတိုင်းရင်းသား အများစုသည် စိုက်ပျိုး ရေးဖြင့် အသက်မွေးမြူကြပြီး
ပြည်ထောင်စုအ တွင်း ငြိမ်းချမ်းစွာ မှီတင်းနေထိုင်ကြသော ဌာ နေတိုင်းရင်းသားများ ဖြစ်ကြပါသည်။
ဓနုဒေ သတွင် ကျောက်ခေတ်သမိုင်းဝင် ပြဒါးလင်းဂူ လည်း ရှိပါသည်။ ဘုရားရှင်၏ ဓာတ်တော်မွေ
တော်များ တည်ထားရာ ရှေးဟောင်းစေတီများ လည်းရှိသည်။ ပုဂံခေတ်နှင့်အပြိုင် စော်ဘွားများ
အုပ်ချုပ်ခဲ့ရာ ဒေသလည်း ဖြစ်သည်ဟုလည်း ဆိုကြသည်။ ဓနုတိုင်းရင်းသားများသည် ဘာ သာခြား
မရှိဘဲ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ သည်။ ဘာသာတရားကို အလွန်ကိုင်းရှိုင်းရိုသေ ကြပြီး အင်မတန်မှ
မွန်မြန်သန့်စင်သော စိတ် စေတနာများဖြင့် ဗုဒ္ဓဘုရား၏ လမ်းစဉ်ကို ကျင့် ကြံအားထုတ်ကြသည်။
''တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တုနိုင်ရိုးလား''ဟူသော ဆိုရိုး စကားနှင့်
ညီစွာ ဘာသာတရားကို အလေး ထားကြသူများဖြစ်သည့် ရှမ်းမျိုးနွယ်စုများ ဖြစ် ကြပါသည်။ တစ်ဖန်
ရှေးဘိုးဘွား စဉ်ဆက် ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ခဲ့ကြသောကြောင့် ရှေးဟောင်းအမွေအနှစ် ဘုရားစေတီများစွာနှင့်
သာသနာရောင်ဝါ ထွန်းလင်းဖြာသော ဒေသ တစ်ခု ဖြစ်ပါသည်။ ဓနုတိုင်းရင်းသားများသည် ကိုင်ပိုင်စာပေ
မရှိကြဘဲ ဓနုစကားအသံဝဲဝဲဖြင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံကြသည်။ ဥ ပမာ ''ဓနု၊ ဒန''ဟု
အသံထွက်မပြောကြဘဲ ဓနုစကားဝဲဝဲဖြင့် ''ထနု၊ တနု''ဟု ခေါ်ကြ သည်။ ဓနုတိုင်းရင်းသားတို့သည်
ရိုးသားဖြူစင် ကြပြီး အင်မတန် အားနာတတ်သော လူမျိုး ဖြစ်ပါသည်။ ဒါ့အပြင် ရိုးစင်းမှုနှင့်
အေးချမ်းမှုအ ပြင် ဓနုတိုင်းရင်းသား ရိုးရာဝတ်စုံကိုလည်း အ မျိုးသားအမျိုးသမီးအားလုံး
တန်ဖိုးထား ဝတ် ဆင်ကြသည်။ သမိုင်းကို ပြန်လှန်ကြည့်မယ်ဆို ရင် ၁၉၄၇ ခု၊ ဖေဖော်ဝါရီလ
၁၂ ရက်နေ့၊ နံ နက် ၁၁ နာရီအချိန်တွင် သမိုင်းဝင်ပင်လုံစာ ချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
တိုင်းရင်း သားခေါင်းဆောင်များ၊ လက်မှတ်ရေးထိုးခဲ့ရာ တိုင်းရင်းသားခေါင်းဆောင် (၂၂)
ဦးအနက်ပင်း တယ ဦးခွန်စောက (၁၅)ဦးမြောက် နေရာတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ကြောင့်
ဓနု တိုင်းရင်းသားတို့သည် ရိုးသားဖြောင့်မတ်တည် ကြည်ကြပြီး မျိုးချစ်စိတ် ရှင်သန်တက်ြ<ွကကာ
သတ္တိရှိကြသည်။
.
ဦးမြသန်း (ရေဦး)၊ ဦးကျော်ဇော (ရပ် စောက်)၊ ဦးအောင်သိန်း (မြိုင်)၊
ဦးကံလှ (ပင်း တယ)တို့ကလည်း ၁၉၉၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ အမျိုးသားညီလာခံကြီးတွင်
ဓနုတိုင်း ရင်းသားရေးရာ စာတမ်းများကို စနစ်တကျ မှတ်တမ်းပြုကာ တင်သွင်းပေးနိုင်ခဲ့ပါသည်။
ထို့ ကြောင့် ၂ဝ၁ဝ ပြည့်နှစ်၊ သြဂုတ်လ (၂ဝ)ရက် နေ့၊ ၁၃၇၂ ခုနှစ်၊ ဝါခေါင်လဆန်း (၁ဝ)ရက်
နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏
အ မှတ် (၃၃/၂ဝ၁ဝ)ဖြင့် ရှမ်းပြည်နယ်ရှိ ရွာငံမြို့ နယ်နှင့် ပင်းတယမြို့နယ်တို့ကို
စုစည်းပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်လည်း ကောင်း၊ ပင်းတယမြို့ကို ရုံးစိုက်ရာမြို့တော်အ
ဖြစ်လည်းကောင်း အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ကြီး သီဟသူရတင်အောင်မြင့်ဦးမှ ထုတ်ပြန်
ကြေညာခဲ့သည်။ ထို့ကြောင့် ပင်းတယမြို့သည် ဓနုလူမျိုးတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဖြစ်လာခဲ့သည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးအပွင့်များကို ၂ဝ၁ဝ ခုနှစ်မှ စတင်၍
ခံ စားနေကြရပြီ ဖြစ်ပါသည်။ ယနေ့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဖြစ် ဖြတ်သန်းလာသည်မှာ
(၈)နှစ် ရှိပြီးဖြစ်သော်လည်း ဓနုတိုင်းရင်းသား ရေး လိုအပ်ချက်များစွာ ရှိနေကြသည်။ ထို့
ကြောင့် ''ပထမအကြိမ်မြောက် ဓနုအမျိုးသား ညီလာခံကြီး''ကို ၁၃၇၉ ခုနှစ်၊ နတ်တော်လ ဆန်း
(၈/၉)ရက်တွင် အခြေခံမူများရရုံ သဘော တူချက် (၅)ချက်အား သဘောတူချမှတ်နိုင်ခဲ့ သည်။
.
ဓနုတိုင်းရင်းသားများသည် ပထမအကြိမ် အဖြစ် အောင်မြင်စွာ ပြီးစီးခဲ့သော
ဓနုအမျိုး သားညီလာခံကြီးတွင် အတည်ပြုသတ်မှတ်ပေး ခဲ့သော သဘောတူချက် (၅)ချက်တွင် ''ဓနုအ
မျိုးသားနေ့'' ခိုင်ခိုင်မာမာ ပေါ်ပေါက်လာစေရန် အချက်လည်း အဓိကပါဝင်ခဲ့သည်။ ပထမအ ကြိမ်
ဓနုအမျိုးသားညီလာခံ၌ မြို့နယ်အသီးသီး မှ ''ဓနုအမျိုးသားနေ့''အတွက် အဆိုတင်သွင်း ကြသည်။
ထိုအဆို တင်သွင်းခဲ့သော အဆို (၄) ချက်မှ ဓနု တိုင်းရင်းသားများ သမိုင်းတစ် လျှောက်
ဓနုအမျိုးသားညီလာခံကို ပထမအ ကြိမ်အဖြစ် ကျင်းပနိုင်ခဲ့သောနေ့ ဖြစ်သည့်နတ် တော်လဆန်း
(၈)ရက် နေ့ကို ''ဓနုအမျိုးသား နေ့''အဖြစ် တက်ရောက်လာသော ကိုယ်စား လှယ်များအားလုံးက
မဲခွဲအတည်ပြု သတ်မှတ် ပေးခဲ့ကြသည်။ ပထမအကြိမ် ဓနုအမျိုးသားညီ လာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်နေ့ကို
အစပြုကာ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း (၈)ရက်နေ့ ရောက်တိုင်း ဓနုအမျိုးသားနေ့သည်
ဓနုလူမျိုးတို့၏ ဇာတိပုည၊ ဂုဏ်မာန်ပြည့်စုံသော နေ့၊ ဓနုလူမျိုး၏ ရင်ဝယ် စွဲတွင်စေသောနေ့၊
ညီညွတ်သော သင်္ကေတတို့ကို ဖော်ညွှန်းသော နေ့၊ သမိုင်းတွင် ကျန်ရစ်စေသောနေ့၊ ယုံကြည် ချက်တို့ကို
ခိုင်မာစေသောနေ့၊ သာမန်ထက် ထူးကဲသောနေ့ ဖြစ်ရန် ဖော်ကျူးသော နေ့ထူး နေ့မြတ် ဖြစ်ပေသည်။
.
တစ်ဖန် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးစဉ် အစည်းအဝေးစတင်သည့်
ဖေဖော်ဝါရီလ (၇)ရက်နေ့အား ရှမ်းပြည်နယ် နေ့အဖြစ် သတ်မှတ်ထားသည်ကိုလည်း တွေ့ ရှိရပါသည်။
ထို့ကြောင့် ဓနုလူမျိုးသမိုင်း ကြောင်း အဆက်ဆက်ကို ပြန်၍ကြည့်လျှင် ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ
(၂၆/၂၇)တွင် ရှမ်း ပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ
ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သော ညီလာခံကြီးသို့
မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ဓနုတိုင်းရင်းသား အားလုံးက တက် ရောက်ခဲ့ကြသည်။ အဆင့်ဆင့်
ရွေးချယ် တင် မြောက်သည့် ကိုယ်စားလှယ်များလည်း ပါဝင်ပြီး ဓနုလူမျိုးရပ်လုံး၏ အနာဂတ်
ရှေ့ရေး တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ချက် ချမှတ်သော သမိုင်းတွင် ထင်ရှားစေမည့် ဖြစ်ရပ်များမှာ
ရှေးယခင်က မရှိခဲ့၊ မဖြစ်ခဲ့ပေ။ ဓနုလူမျိုးစု ညီညွတ်ရေး လမ်းမကြီးကို ဓနုအမျိုးသား
ညီလာခံကြီးမှ ပေါက်ဖွားရန် စတင်လိုက်ပြီး ထို ညီလာခံသည် ဓနုလူမျိုး၏ နောင်အနာဂတ်တွင်
သမိုင်းတွင်သော ညီညွတ်စေသော တစ်မျိုးသား လုံး ခိုင်မြဲလက်တွဲစေသော ဓနုအမျိုးသားညီ လာခံနေ့ကြီးအဖြစ်
ထင်ရှားထူးမြတ်ခဲ့ပေသည်။ သို့ဖြစ်ပါသောကြောင့် ဓနုလူမျိုးတို့၏ ညီညွတ် မှု သမိုင်းဂုဏ်ကို
ထွန်းပြောင်စေသောနေ့ ဖြစ် ခဲ့သည့် ဓနုအမျိုးသား ညီလာခံ စတင်ကျင်းပ ရာ နတ်တော်လဆန်း
(၈)ရက်နေ့အား ဓနုအ မျိုးသားနေ့အဖြစ် လေးလေးနက်နက် သတ် မှတ်အတည်ပြုပေးခဲ့ကြသည်။ ထို့ကြောင့်
နှစ် စဉ်နှစ်တိုင်း မြန်မာသက္ကရာဇ်၊ နတ်တော်လဆန်း (၈)ရက်နေ့ ရောက်တိုင်းသည် ''ဓနုအမျိုးသား
နေ့''ဖြစ်ပါသည်။ ထို့ကြောင့် ဓနုလူမျိုးများသည် ယဉ်ကျေးသိမ်မွေ့သော လူမျိုး၊ ရိုးသားဖော်ရွေ
သော လူမျိုး၊ ချစ်ခင်လေးစားစရာကောင်းသော လူမျိုးများ ဖြစ်သည်မှာ ထင်ရှားလှပါသည်။
.
အချုပ်အားဖြင့် ဆိုရသော် ပင်လုံညီလာခံ ကြီးမှ အုတ်မြစ်ချပေးလိုက်သော
တိုင်းရင်းသား စည်းလုံး ညီညွတ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ် ဓာတ်၊ ပြည်ထောင်စု သွေးစည်းခိုင်မာရေး
စိတ် ဓာတ်များ ပိုမိုရှင်သန်လာစေရန် ဆန္ဒပြုရင်း မြန်မာသက္ကရာဇ် ၁၃၈ဝ ခုနှစ်၊ နတ်တော်လ
ဆန်း (၈)ရက်တွင် ကျရောက်သော ''ပထမအ ကြိမ် ဓနုအမျိုးသားနေ့''အား လှိုက်လှဲနွေးထွေး ပျူငှာစွာ
ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ပါသည်။
.
.
.
#KBZTai #Shan