နောင်(မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရပ်ကွက် (၈) ရှိ နေအိမ်
၂ လုံးတွင် ဒီဇင်ဘာလ ၆ ရက်က ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း
ကျောက်မဲမြို့မ ရဲစခန်းမှ သိရှိရသည်။
.
.
ကျောက်မဲမြို့မ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့ရပ်ကွက်
(၈) နယ်မြေ (၆)၊ ယက္ကန်းကျောင်း လမ်းရှိ စိုင်းထွန်းအောင် နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ
အိပ်ခန်းအတွင်း အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားပြီး ဘိန်းစိမ်းဟု ယူဆရသော အမည်းရောင်အစေး
အလေးချိန် ၃၄ ဒသမ၃၃ ဂရမ်အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“မူးယစ်သတင်းအရ ဖမ်းဝရမ်းနဲ့ ဝင်ရောက်ရှာဖွေရာကနေ ဖမ်းမိတာပါ”ဟု
ကျောက်မဲမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ နေအိမ်အားရှာဖွေပြီးနောက် ဆက်လက်၍ ကျောက်မဲမြို့ ရပ်ကွက်
(၈) နယ်မြေ (၈) ယက္ကန်း ကျောင်းလမ်းနေ ကျော်မင်းလတ် (၃၉)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ
၎င်းဝတ်ဆင်ထားသော ဘောင်းဘီးအိပ်ကပ်အတွင်းမှ ဖြူဝါရောင်အမှုန့် အလေးချိန် ၀ ဒသမ ၄ ဂရမ်နှင့်
စိတ်ကြွရူးသွပ်ဆေးပြား ၈၄ ပြားတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းစိမ်းဟုယူဆရသော အမည်းရောင်အစေးများအား သုံးစွဲရောင်းချရန်အတွက်
လက်ဝယ်ထားရှိသူ ကျောက်မဲမြို့ ရပ်ကွက် (၈) နယ်မြေ (၆)၊ ယက္ကန်းကျောင်းလမ်းနေ စိုင်းထွန်းအောင်
(၄၀)နှစ်အား ကျောက်မဲ မြို့မ ရဲစခန်းမှ မယ(ပ) ၃၅/၂၀၁၈၊ မူးစိတ်ပုဒ်မ- ၁၆(ဂ)နှင့် ကျောက်မဲမြို့ရပ်ကွက်
(၈) နယ်မြေ (၈) ယက္ကန်း ကျောင်းလမ်းနေ ကျော်မင်းလတ် (၃၉)နှစ်အား မူးယစ်ဆေးဝါးများနှင့်အတူ
သုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိ သဖြင့် ကျောက်မဲမြို့မ ရဲစခန်းမှ မယ(ပ)၃၆/၂၀၁၈ ၊
မူးစိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan