မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကွတ်ခိုင်မြို့နယ်နှင့် မုံးကိုးမြို့တို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအား အဆင့်မြှင့်တင်
ဆောင်ရွက်ပေးနိုင်ရေးအွက် ဒီဇင်ဘာလ ၅ ရက်က ကျင်းပပြုလုပ်သော ဒုတိယအကြိမ် အမျိုးသားလွှတ်တော်
ဒဿမ ပုံမှန်အစည်းအဝေးတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃)မှ ကိုယ်စားလှယ်
ဦးစိုင်းဝမ်းလှိုင်ခမ်း က မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက
အဆိုပါလမ်းပိုင်းတွင် လုပ်ငန်းဆောင်ရွက်သည့် လမ်းလုပ်ငန်း ဝန်ထမ်းများ ဖမ်းဆီးခံရမှုများ
ရှိနေသည့်အတွက် နယ်မြေအေးချမ်းမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
.
“ပြည်သူ့ဝန်ထမ်းတွေ
အဖမ်းအဆီးခံနေရတာ ကြားရတော့ အတော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒေသခံတွေရဲ့ လမ်းပန်း ဆက်သွယ်ရေးအနေနဲ့ကလည်း
အတော့်ကို ခက်ခဲလွန်းတာ တွေ့နေရတော့ အစိုးရအနေနဲ့ နယ်မြေအေးချမ်းမှ ပြန်လည် တည်ဆောက်ပေးမယ်ဆိုတာထက် တခြားနည်းလမ်းနဲ့
စဉ်းစားလုပ်ဆောင်ပေးသွားဖို့ ဖြည့်စွက်ပြောကြားလိုပါတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းဝမ်းလှိုင်ခမ်းက ပြောသည်။
၎င်းအနေဖြင့်
၂၀၁၈ နှစ်ဆန်းပိုင်းက မဲဆန္ဒရှင်ပြည်သူများ၏ ဖိတ်ကြားချက်အရ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များရှိ
မုန်းစီး၊ မုံးဟွမ်၊ မုံးယ ကျေးရွာအုပ်စု များသို့
ရောက်ရှိခဲ့စဉ် လမ်းပန်းဆက်သွယ်ရေး ဆိုးရွားကြောင်း ဒေသခံပြည်သူများဖြစ်ကြသည့် တအာင်းပလောင်၊
ရှမ်း၊ မြောင်ဇီး၊ ကချင်၊ လီဆူး၊ ကိုးကန့် တိုင်းရင်းသားများ၏ တင်ပြချက်အရ ကျေးရွာအုပ်စု
၃ စု၊ ကျေးရွာပေါင်း ၄၈ ရွာ၊ အိမ်ခြေပေါင်း ၂၁၇ ၃ခုနှင့် လူဦးရေး ၁၃၇၁၄ ဦးတို့အတွက်
အကျိုးရှိစေမည့် ကားလမ်းပိုင်း အဆင့်မြှင့်တင်နိုင်ရေး မေးမြန်းရခြင်းဖြစ်ကြောင်း၊
အဆိုပါကားလမ်းပိုင်းမှာ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်၊ မုံးကိုးမြို့ တို့ကို ဆက်သွယ်ထားကာ
အရှည် ၅၆ မိုင်ခန့်ရှိ လမ်းဦးစီးဌာနလက်အောက်ရှိလမ်းပိုင်း ဖြစ်သည့်အတွက် အစိုးရမှ
မည်သို့ လုပ်ဆောင်ပေးနိုင်မည်ကို မေးမြန်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။
.
အဆိုပါ မေးမြန်းချက်ကို
ပြည်ထောင်စုဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးမှ ဖြေကြားရာတွင် ကွတ်ခိုင်၊ တာမိုးညဲလမ်းပိုင်းများကို
နှစ်အလိုက် လုပ်ဆောင်ပေးခဲ့ခြင်းများရှိခဲ့သော်လည်း လွန်ခဲ့သည့် ၄ နှစ်ခန့်က အဆိုပါ
လမ်းပိုင်းတာဝန်ကျ လမ်းအင်ဂျင်နီယာ ဦးညီညီခိုင်အား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်
သွားပြီးနောက် ယခုချိန်အထိ သေသည်/ရှင်သည် မသိရဘဲ ၃ နှစ်ပြည့်သည့်ကာလတွင် အသက်ဆုံးပြီဟုယူဆကာ
လုပ်ငန်းတာဝန်များ ရုတ်သိမ်းခဲ့ရကြောင်း အခြားလမ်းလုပ်သားများကိုလည်း မကြာခဏ ဖမ်းဆီးခေါ်ဆောင်
ပြန်လွှတ်ပေးမှုများ ရှိနေသဖြင့်နယ်မြေလုံခြုံရေးမရှိသည့်အတွက် နယ်မြေအေးချမ်းသာယာမှသာ
တင်ဆောက်ရေး လုပ်ငန်းများ ပြန်လည် လုပ်ဆောင်နိုင်မည်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
လတ်တလောတွင်
အဆိုပါ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့ပေါ်နှင့် အနီးပတ်ဝငန်းကျင် ဒေသများတွင် တပ်မတော်နှင့်
TNLA/PSLF တို့ ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ဒီဇင်ဘာလ ၇ ရက်က တာမိုးညဲမြို့၊ ရပ်ကွက်
(၂) မှ ပြည်သူ ၄ ဦး ဆက်လက်၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan