မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတား၌ မြန်မာနိုင်ငံသား ၁၇ ဦး ထိုင်းနိုင်ငံက လွှဲပြောင်းပေးအပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, December 22, 2018

မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတား၌ မြန်မာနိုင်ငံသား ၁၇ ဦး ထိုင်းနိုင်ငံက လွှဲပြောင်းပေးအပ်



မိုင်းမော (တြိဂံနယ်မြေ)/ကမ္ဘောဇတိုင်း
.
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီိလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီအချိန်က ထိုင်းနိုင်ငံ လဝကဦးစီး အရာရှိ Pol.Cop.Katichai Sansila ဦးဆောင်သော အဖွဲ့သည် တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၂ ဦးတို့ကို လာရောက်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။
.
လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ၁၇ ဦးတို့အား ခရိုင်/မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ ဖြစ်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း အောင်၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(တာချီလိတ်)မှ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူး စိုးညွှန့်ဦး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ကျော်သိန်းစသည် ဌာန ဆိုင်ရာများနှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCNC)ပါဝင်သောအဖွဲ့သည် တာချီလိတ် မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်းဝင်းအတွင်း၌ အခြေပြုပြီး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေး တံတား(၁)မှ တံတားကူးလက်မှတ်ဖြင့် ဝင်ရောက်ပြီး တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်ခြင်းကြောင့် ရှောင်တခင်စစ်ဆေးချက်အရ ဖမ်းဆီးခံရပြီး လူကုန်ကူးခံရခြင်းမရှိကြောင်း၊ ၎င်းတို့၏သဘောအလျောက် ကိုယ်တိုင်သွားရောက် အလုပ်ရှာဖွေ လုပ်ကိုင်နေကြသူများဖြစ်ကြောင်း စိစစ်သိရှိရ၍ လွှဲပြောင်းအလုပ်သမား ၁၅ ဦးနှင့် ကလေးငယ် ၂ ဦးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အစီအစဉ်ဖြင့်  ဆွေမျိုးများထံ ခံဝန်ဖြင့်အပ် နှံခဲ့ကြောင်း သိရသည်။
.
အဆိုပါ လွှဲပြောင်းပေးအပ်သည့် တရားမဝင်မြန်မာအလုပ်သမားများ အပါအဝင် ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် နေ့မှ  ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ ၈ နှစ် အတွင်း အမျိုးသား ၁ဝဝ၈၃ ဦး၊ အမျိုးသမီး ၃၉၉၆ ဦး၊ စုစုပေါင်း ၁၄ဝ၇၉ ဦး အား လွှဲပြောင်းလက်ခံ ဆောင်ရွက်ပေးခဲ့ရကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ သိရသည်။
.
.
.
#KBZTai #Shan

Recent Tube