ဆာယာ-လှမြင့်
.
.
စာမရေးဖြစ်တာ
အတော်ကြာသွားပြီ။ အွန်လိုင်းပေါ်မှာ အချိန်ကုန်နေပါ၏။ ရေးအားထက် ဖတ်အား ကောင်းနေသည်။
ကိုယ်လိုချင် တာလေးတွေ အွန်လိုင်းပေါ်မှာ ရှာဖွေနေမိရင်း တစ်ခါတလေမှာ စာပေ ကုန်ကြမ်းလေးတွေ
ရ တတ်ပါ၏။ စာဆိုတာ ရေးချင်တိုင်း ထီးထမ်း လမ်းလျှောက်ရေးလို့ ရတာမျိုးမှ မဟုတ်တာ။ ခံစားသက်ဝင်လာမှ
ရေးလို့ရပါသည်။ စာဖြစ်ပြီး ရေးပစ်လိုက်မယ်ဆိုလျှင် အနုပညာအစစ်တော့ မရနိုင်။ အင်ပဲဖြစ်လိမ့်မည်။
သို့သော် အနုပညာ ဆိုတာ စုတုပြုသဘောလည်းရှိပါ၏ အတုကို အနုအလှတွေနှင့် ခံစားရေးဖွဲ့ရတဲ့အခါလည်း ရှိပြန်၏။
စာပေကုန်ကြမ်းရလိုရငြားလက်ကိုင်ဖုန်း
ကို ပွတ်သပ်ကြည့်တော့ အပေါင်းအသင်း ရောင်းရင်းတွေ၊ ငယ်တပည့် တွေနဲ့ ချိတ်ဆက် မိတဲ့အခါ
တစ်ခါက တစ်ဘဝကိုလည်း လွမ်းရ ပြန်သပေါ့။ တစ်နေ့သောအခါ မိတ်ဆွေ လ/ထ တိုင်းပညာရေးမှူး
(ငြိမ်း)ရဲ့ စစ်ကိုင်းဗုဒ္ဓ တက္ကသိုလ်စာသင်သားရဟန်းများကို ဆွမ်းကပ် လှူဒါန်းတဲ့ သတင်းကို
တွေ့လိုက်ပါ၏။ နတ် လူသာဓုခေါ်ပါတယ်ဗျာလို့ ကျွန်တော် ဃသာ-ာနညအ ပေးလိုက်ပါ၏။ ထိုအခါ တပည့်မလေး
တစ်ယောက်က ဆရာကြီးသမီးကိုမှတ်မိလား၊ မေမြတ်နိုးပါလို့ ဝင်ပြောလာ၏ ဤမှာတွင် စာ ရေးဖို့
အကြောင်းဖန်လာတယ်လို့ ဆိုရပါတော့ မည်။
.
အမှန်ဆိုရလျှင်
ကျွန်တော်သူ့ကို မှတ်မိ အောင်အတော်စဉ်းစားယူခဲ့ရသည်။ ဆရာဟူ သည် တပည့်ကိုမမေ့တတ်ပါလို့ပြောပြီး
သမီး ခု ဘာလုပ်နေလဲ၊ ဘယ်ဌာနမှာလဲ မေးတော့ သူက ဓာတ်ပုံတစ်ပုံကိုပြ၍ သမီးအလုပ်ကတော့ ဒါပါပဲတဲ့။
ကြည့်လိုက်တော့ သီလရှင်ဝတ်စုံ လေးနှင့်ဖြစ်သည်။ ထိုအခါ လျှပ်တစ်ပြက်ရိုက် ချက်ပမာ ကျွန်တော့်ရင်ကိုထိပါ၏။
ကကြီးမှ အ အဆုံး သင်ပုန်းကျေအောင်သင်ပေးရတဲ့ မူလတန်းဆိုတဲ့အညှာတစ်ခုက ထွက်လာတဲ့ အသီးပေါင်းတစ်ရာထဲက
လှလှပပပွင့်ဖူးလာ တဲ့ သီလရှင်ပန်းလေးပါလား၊ သာသနာ့အမွေ ခံ သမီးရတနာလေးဖြစ်သွားပြီကိုး။
.
ယနေ့ မြင်နေကျ
ခေတ်ပေါ် အမျိုးသမီး အများစုရဲ့ ယဉ်ကျေးမှုကို ကြည့်ရတဲ့အခါ ယောက်ျားလေးတွေက လုံလုံခြုံခြုံဝတ်ဆင်လို့
သူတို့က မပေါ်ပေါ်အောင် လှစ်ပြနေတာကိုပဲ ဂုဏ်ယူဝင့်ကြွားနေတဲ့အချိန်မှာ အကြင်လုံမငယ်
တို့ သီလရှင်ဝတ်ဖို့ဆိုတာပျင်းတောင် ပျင်းသေး တယ်ဖြစ်သွားမည်။ ယဉ်ကျေးသိမ်မွေ့ရမယ့်
မိန်းမပျိုလေးတွေက ခပ်ကြမ်းကြမ်းပြုမူရဲလာ ခြင်းသည် အလွန်အန္တရာယ်ကြီး၏။ ကျိုင်းတုံ
တွင် ရှစ်တန်းကျောင်းသူအချင်းချင်း ရန်ညှိုးဖွဲ့ ရာက အုပ်စုလိုက် အနိုင်ကျင့်ပြီး ကျောင်းသူ
တစ်ယောက်ကို ခြေထောက်နှင့်ကန်၊ ရှိခိုးကန် တော့ခိုင်းတဲ့သတင်း ထွက်လာခဲ့ပါသည်။ ဒီသ
တင်းကြားတော့ ဘာသတင်းမှ မကြားရတာ သတင်းကောင်းပဲလို့ပင် ထင်မိပါ၏။ သည်လို အချိန်အခါမျိုးမှာ
ကျွန်တော့်တပည့်လေးက ယဉ်ယဉ်ကျေးကျေးလှမျက်ခြယ်ပုံလေးတင်ပြ လိုက်တော့ အမျိုးအစားတွေ
ကွာခြားပါ၏။ တပည့်နှင့်ဆရာမတွေ့ရတာ နှစ်ပရိစ္ဆေဒကြာ ပင်ကြာညောင်းသော်လည်း သူ့အကြောင်းသိ
လိုက်ရတာ ထိုတပည့်မလေးအတွက် အဝေးမှ သာဓုခေါ်ရင်း မျက်ရည်စို့ခဲ့ရပါ၏၊ ထိုမျက်ရည် သည်
ပီတိဖြစ်လိမ့်မည်။
.
သီလရှင်မလေး
မေမြတ်နိုးသည် ခုချိန်ခါ မှာ လောကအလယ်တစ်ယောက်တည်းဖြစ်နေ ကြောင်းလည်း သိခဲ့ရပါသည်။
အမေနှင့်အဖေ မှာ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ပါပြီ။ ဆရာ တစ်ယောက်အနေဖြင့် သူ့ကိုဖြေသိမ့်မေးရ၏။
အဖော်မပါ တစ်ကိုယ်တည်းမပျော်ပါ ကိုယ့်အ သည်းလုပ်မနေနဲ့ သမီးရေ လူ့ဘဝဆိုတာပျော် လို့နေရတာမဟုတ်ဘူး။
ပျော်အောင်လုပ်ပြီးနေ ကြရတာပါ။ ဓမ္မပီတိနဲ့ အစားထိုးပြီး ပျော် အောင်နေလို့ ပြောရသည်။
ပျော်ရွှင်ခြင်းဆိုတာ ကို ပညာရှင်တွေ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြလိမ့် မည်။ ပါဠိစာပေမှာတော့
(၁)သုခ၊ (၂)အသာဒ၊ (၃)ပီတိ၊ (၄)မုဒိတာ ဟူသော စကားလုံးများ သည် ပျော်ရွှင်ခြင်းရဲ့ အနက်အဓိပ္ပာယ်များဖြစ်
ပါကြောင်း။
.
ပီတိဖြစ်တယ်ဆိုတဲ့နေရာမှာ
လူတိုင်းအ ပေါ် အကောင်းဘက်က မြင်တတ်မည်ဆိုလျှင် လည်း ကောင်းကွက် ကိုကြည့်ပြီး ပီတိဖြစ်နိုင်ပါ
သည်။ ကျွန်တော်ကတော့ သူ့ဘဝလေးကို ကြည့်ပြီး ပီတိဖြစ်နေပါတော့သည်။ ပီတိတွေ တက်လာလျှင်
အကျိုးပေးလည်း သန်တတ်ပါ ၏။ ''ကျွန်ုပ်သည် မည်သူ၏ မကောင်းသတင်း ကိုမျှမပြော၊ သို့ရာတွင်
လူတိုင်း၏ ကောင်း ခြင်းဟူသရွှေ့ကို ကျွန်ုပ်သိသမျှ အကုန်အစင် ပြော၏''ဟူသော ဘင်ဂျမင်ဖရန်ကလင်၏
စ ကားကို ထောက်ရှုစာနာကြည့်လျှင် ထိုသူမှာ ပီတိဆိုတာခံစားနေရမှာပါ။ သူတော်စင်မလေး မေမြတ်နိုး
သင်သည် ဓမ္မအေးရိပ်မှာ မှေးမှိတ် ရင်းနေပျော်ပါတော့။
.
စင်စစ်သီလရှင်ဘဝမှာ
ပျော်နိုင်ဖို့ အမျိုး သမီးတိုင်းအတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ချေ။ ဓမ္မဒိန္နာတို့လို အမျိုးသမီးမျိုးအတွက်တော့
သာယာဖြောင့်ဖြူးသောလမ်းပါ။ စဉ်းစားကြည့် ပေါ့။ သီလရှင်ဘဝမှာ တစ်ဇွန်းဆန်လေးရဖို့ ကျွမ်းပြန်အောင်
ဆွမ်းခံရပ်ခဲ့တာတွေကို ကိုယ့် သမီးမဟုတ်ငြားတော့ စာနာတတ်ကြမည်မထင် ပါဘူး။ တပည့်မလေးသည်
မိန်းမသားတို့ဘုန်း ဆံထုံးဆိုတာကိုပယ်လိုက်ပြီ။ သူ့ရဲ့မျက်နှာဆင်း သွင် မလှမပလို့ ထင်ရသော်လည်း
ဓမ္မပီတိဖြင့် သူ့နှလုံးသွေတို့သည် လှပသန့်စင်သွားမှာတော့ သေချာ၏။ မျက်နှာငွေလ ရွှင်ပျပျနှင့်
မိန်းမ ချောလေးတွေ ထောင်သောင်းမက နေရာတိုင်း ပေါများလှပေမယ့်လည်း နှလုံးသားအလှပိုင်ရှင်
များကျတော့ တွေ့ဖို့ခဲယဉ်းလှပါကြောင်း၊ ထို့ ကြောင့် သူ့ဘဝလေးကိုကြည့်ပြီး သီလရှင်တိုင်း
အပေါ် စာနာကြင်နာမိပါ၏။
.
ဘဝကို အဖေကပေးသည်။
အလှကို အ မေကပေးသည်။ မေတ္တာကို ညီအစ်ကိုမောင် နှမတွေကပေးသည်။ ဒုက္ခအဖုံဖုံကို ချစ်ရတဲ့သူ
က ပေးသည်ဆိုတဲ့စကားမှန်ခဲ့လျှင် ကျွန်တော့် တပည့်မလေးဘဝ မေတ္တာပေးမယ့် ညီအစ်ကို မောင်နှမတွေမရှိသော်ငြား
ချစ်သူကပေးမယ့် ဒုက္ခဘေးတော့ ကင်းဝေးသွားပြီတကား။ အေး ချမ်းသွားတဲ့ သူ့ဘဝလေးအတွက် ကျွန်တော်
လည်း မျက်ရည်ကျမတတ်ပီတိဖြာခဲ့ရသပေါ့။
.
တပည့်တွေထဲမှာ
ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာတွေ အများကြီးပါ။ သို့သော် သီ လရှင်ဖြစ်ဖို့အရေးမှာတော့
သတ္တိကောင်းလွန်း မှ ရပေလိမ့်မည်။ လောကီပညာတတ်တွေပေါ များမှ တိုင်းပြည်တိုးတက်မယ်ဆိုတာမှန်သည်။
သို့သော် သီလရှင်တွေလည်း လောကုတ္တရာအ တွက် အရေးကြီးပါ၏။ အမေရိကန်မှာ ကျောင်း ဆရာမလေးတစ်ယောက်ကို
အင်တာဗျူးတဲ့ မေးခွန်းတစ်ခုရှိသည်။ ''သမ္မတကြီးနဲ့ ခင်ဗျား ဘယ်သူက တိုင်းပြည်အတွက် ပိုအရေးကြီး
လဲ''တဲ့။ ဆရာမလေးဖြေပုံ သဘောကျလို့ပါ။
.
''တိုင်းပြည်အတွက်ဆိုရင်တော့
လူတွေ အားလုံး အတူတူပါပဲ၊ အားလုံးအတွက် အရေး ကြီးပါတယ်။'' All for all ဆိုလျှင် သီလရှင်
ဘဝတွေလည်း အရေးကြီးပါလိမ့်မည်။ အင်တာ ဗျူးက ဆက်မေးပြန်သည်။ သမ္မတကြီးနှင့် ခင် ဗျား
တိုင်းပြည်အတွက် ဘယ်သူက ပိုပြီးတာ ဝန်ရှိသလဲတဲ့။ သူက ပြန်ဖြေလိုက်ပြန်ပါတယ်။
.
''ကျွန်မက
ပိုပြီးတာဝန်ရှိတာပေါ့။ သူတို့ က ၄ နှစ် ၅ နှစ်ပဲ။ ပြုတ်လည်းပြုတ်နိုင်တယ်၊ ကျွန်မတို့က
ပင်စင် မယူမချင်း တာဝန်ရှိနေတယ် လေ။ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမှာ မို့ပါ''
ဤနေရာတွင် ကျောင်းဆရာ တစ်ယောက် ရဲ့ စကားနှင့် ဝင်ပြောရလျှင် ပညာရေးရဲ့ အဓိ က ရည်မှန်းချက်က
သမ္မတကြီးဖြစ်လာဖို့၊ ပညာတတ်ကြီးဖြစ်ဖို့ဆိုသည်ထက် နိုင်ငံ့သား ကောင်းတွေ မွေးထုတ်ဖို့
လူသားတွေကို ချစ် တတ်အောင်သင်ပေးဖို့ သားကောင်းသမီး ကောင်း မိသားစုကောင်းတွေဖြစ်အောင်
သင် ပေးဖို့အတွက်ဖြစ်သည်ဆိုတဲ့အချက်နှင့် အံဝင် ကိုက်ညီနေပါသည်။
.
စစ်ကိုင်းတောင်က
သီလရှင်မလေး မေမြတ်နိုးရေ သင်သည် သီလရှင်ဘဝမှ အခြေ လှလှ ရပ်တည်နိုင်ပြီမို့ သာသနာ့ပန်းလေးတစ်
ပွင့်အဖြစ် ကမ္ဘာ့မိသားစု ဥယျာဉ်ကြီးထဲမှာ ရပ် တည်ရှင်သန်နေပါပြီ။ ကမ္ဘာ့မိသားစုဥယျာဉ်ကြီး
ထဲက လူသာပန်းမာလာတို့သည် ကိုယ်စီကိုယ် စီအလှတွေ ရှိနေကြစမြဲပါ။
.
တန်ဖိုးထားတတ်ဖို့ပဲ
လိုပါသည်။ အသား အရောင်၊ ဘာသာလူမျိုးမရွေး လူတိုင်းလူတိုင်း မှာ သူ့ဘဝ သူ့အလှ သူ့တန်ဖိုးတွေရှိနေကြသ
မို့ ကျွန်တော်ကတော့ လူသားအားလုံးကို လေး စားပါသည်။
.
တကယ်တမ်း
ဆန်းစစ်ကြည့်မည်ဆိုက အဆုံးတစ်နေ့မှာ မည်သူမဆို တစ်ယောက် တည်းဆို ကိုယ်တစ်ယောက်တည်း
ကျန်ခဲ့ရမှာ ပါ။ တစ်ယောက်တည်း နေတတ်အောင် လေ့ ကျင့်ထားရန်လိုပါ၏။ သံယောဇဉ်တွေလည်း ဖြတ်တောက်ရမှာပဲ၊
ထို့ကြောင့် သီလရှင်ဘဝ လေးတွေကို ကြင်နာမိရင် ဖြစ်ခဲ့ပြီးသမျှကို သစ္စာတရားနှင့်နိုင်ပါစေ၊
မေတ္တာတရားနှင့် အောင်ပါစေ၊ Óာဏ်သတ္တိနှင့် ခိုင်မာစေပြီး မိမိ ကုသိုလ်ကံအရှိနှင့် လူ့ဘဝကို
ပိုင်နိုင်စွာ ဖြတ် သန်းနိုင်ပါစေလို့ ဆန္ဒမွန်ဖြင့်။ ။
.
.
.
#KBZTai
#Shan