တပ်မတော်နှင့် ထိတွေ့မှု မရှိစေရန် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ညွှန်ကြားထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, December 31, 2018

တပ်မတော်နှင့် ထိတွေ့မှု မရှိစေရန် ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ညွှန်ကြားထား



မင်းဇော်မင်း
.
ရှမ်းပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားနေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်မှ ၄င်း၏ တပ်ဖွဲ့ဝင်များအား တပ်မတော်နှင့် ထိတွေ့မှု မရှိစေရေး နီးစပ်ရာ ဆက်ဆံရေးရုံးများအား ပုံမှန်ဆက်သွယ် အကြောင်းကြားကြရန်နှင့် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်သွားကြရန် ဒီဇင်ဘာလ ၂၇ ရက်က ညွှန်ကြား ထားကြောင်း RCSS/SSA အဖွဲ့၏ တာချီလိတ် ဆက်ဆံရေးရုံး တာဝန်ခံ ထံမှ သိရသည်။
.
.
''နှစ်ဘက်တပ်တွေ သွားလာလှုပ်ရှားမှုကို အကြောင်းကြားခြင်းအားဖြင့် ထိတွေ့မှုတွေကို ရှောင်ရှား နိုင်ဖို့ ပြောကြားခြင်း ဖြစ်ပါတယ်။ မြေပြင်တပ်တွေကတော့ လှုပ်ရှားမှသာ အကြောင်းကြားမှာ ဖြစ်ပါတယ်။ မလှုပ်ရှားဘဲ စခန်းတွေမှာ ရှိရင်တော့ အကြောင်းကြားစရာ မရှိပါဘူး။ NCA မှာလည်း ပါရှိပြီး ဖြစ်ပါတယ်''ဟု တာချီလိတ် ဆက်ဆံရေးရုံးတာ ဝန်ခံ ဗိုလ်မှူးလွန့်ဆန်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန်ချက်အရ စစ်ဌာနချုပ်နယ် မြေ ၅ ခုတွင် စစ်ဆင်ရေး လှုပ်ရှားမှုများကို ၄ လတာမျှ ရပ်ဆိုင်းထားသည်ဟု ပါရှိထားရာ ယင်းထုတ်ပြန် ချက်ကို ကြိုဆိုထောက်ခံကြောင်း ယင်းနေ့တွင်ပင် RCSS မှ ထုတ်ပြန် ခဲ့ပြီး တပ်မတော်ဘက်မှ စစ်ဆင်ရေး လှုပ်ရှားမှုများ တစ်ဖက်သတ် ရပ်ဆိုင်းပေးခြင်းသည် တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များကြား ယုံ ကြည်မှု တည်ဆောက်ခြင်းကို ခိုင်မာ စေခြင်း၊ အမျိုးသားပြန်လည်သင့်မြတ် ရေးကို အားဖြည့်စေခြင်းနှင့် လမ်းလွဲ တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်ကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်တွန်းတင် တည့်မတ်စေသည့် အတွက်ျွဃှ ခေါင်းဆောင်မှ မြေ ပြင်လှုပ်ရှား တပ်များအား တပ်မ တော်နှင့် ထိတွေ့မှု မရှိစေရန် ယခု ကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ် ကြောင်း သိရသည်။
.
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် RCSS/SSA  အဖွဲ့အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ လွယ်တိုင်းလျန်တွင် အခြေစိုက်လျက်ရှိပြီး ၄င်းတို့၏ အ ခြေစိုက် စခန်းနှင့် နယ်မြေခြင်း ထိ စပ်မှု ရှိသည့် ဒေသများတွင် NCA လက်မှတ်ရေးထိုးသည့် ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA )အဖွဲ့နှင့် ထိတွေ့ တိုက် ပွဲများ ဖြစ်ပွားလျက်ရှိပြီး ရှမ်း ပြည်နယ် မြောက်ပိုင်းတွင်လည်း NCA  လက်မှတ် ရေးထိုးထားခြင်း မရှိသည့် ရှမ်းပြည်တိုးတက်ရေးပါ တီ/ရှမ်းပြည်တပ်မတော် (SSPP/SSA )တို့နှင့် ထိတွေ့တိုက်ပွဲများဖြစ် ပွားလျက်ရှိကြောင်း သိရသည်။
.

Recent Tube