ကျပ်ငွေတန်ဖိုး တည်ငြိမ်လာအောင် လုပ်ခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျပ်ငွေတန်ဖိုး တည်ငြိမ်လာအောင် လုပ်ခြင်း


ကျော်လင်းဦး(ရှမ်းပြည်)
.
.
ကမ္ဘာနှင့် မြန်မာကို စီးပွားရေးအရ ချိတ်ဆက်ထားသည့် ဈေးနှုန်းမှာ ဒေါ်လာဈေးဖြစ်သည်။ ဒေါ်လာဈေး မြင့်တက်လာခြင်းကြောင့် သွင်းကုန်လုပ်ငန်းကို ပထမဦးဆုံး စတင်ရိုက် ခတ်သည်။ ဒေါ်လာဈေး မြင့်တက်လာသည်နှင့် ပြည်တွင်းသို့ တင်သွင်းနေသည့် ကုန်ပစ္စည်းများ ဈေးမြင့်တက်လာသည်။ ဥပမာ- ဓာတ်ဆီဈေးနှုန်း မြင့်တက်လာမည်။ ပြင်ပနိုင်ငံများမှ တင် သွင်းနေရသည့် ကုန်ပစ္စည်းများအားလုံးနီးပါး ဈေးကြီးသွားမည်ဟု ဆိုလိုရင်းဖြစ်သည်။ ဒေါ် လာဈေးကို ဈေးနှုန်းအားလုံး၏ မိခင်ကြီးဟုတင် စားထားကြသည်။ ဒေါ်လာဈေးကို ကိုင်လှုပ် လိုက်ပါက စီးပွားရေးတစ်ခုလုံး လှုပ်ခတ်သွား ခြင်းကြောင့် ဖြစ်သည်။ ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်မှု မတည်မငြိမ် ဖြစ်နေပါက မြန်မာပြည် တွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံသူများ၊ ပြင် ပသို့ မြန်မာထွက်ကုန်များ တင်ပို့ရောင်းချသူများ သာမက မြန်မာပြည်တွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြား အကူအညီများအထိ ဒုက္ခရောက်နိုင်သည်။ မြန်မာပြည်နှင့် ပတ်သက်၍ အလုပ်လုပ် ချင်သူများလည်း ငွေဖလှယ်မှုနှုန်း မတည်ငြိမ် ခြင်းကြောင့် စွန့်စားမှု ပိုကြီးသည်ဟု ယူဆကြသည်။ သွင်းကုန် သာမက စီးပွားရေးလုပ်ငန်း ကြီး တစ်ခုလုံးကို ထိခိုက်ခြင်းဖြစ်သည်။ နေ့စဉ် သုံးစွဲနေသည့် စားသုံးဆီ၊ ဓာတ်ဆီ၊ ဆေးဝါး မကျန် ဈေးကြီးခြင်းကို ပြည်သူမှ ခါးစည်းခံ ရန်သာ ဖြစ်သည်။
.
အချို့သူများ တွက်ဆသလို စပါးဈေးအတွက် ဒေါ်လာအဖြစ်သာ ပေးချေရခြင်းကြောင့် ပို့ကုန်သမားများသည် အသာစီးရနိုင်သည်ဟု ဆိုခြင်းမှာလည်း အတိအကျ မှန်ကန်သည်ဟု မဆိုနိုင်ပါ။ မြန်မာ့ဆန်သည် ဈေးကွက် တစ်ခုလုံး ကို ချုပ်ကိုင်ပြီး ရောင်းချခြင်း မဟုတ်သည်ကို သတိပြုရန် လိုပါသည်။ ကမ္ဘာ့ဈေးကွက်နှင့် ယှဉ်လျှင် မြန်မာပြည်၏ ဆန်တင်ပို့မှု ပမာဏ သည် အနည်းအပါးသာ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်က ဆန်တင်ပို့မှုသည် ၃ သဒမ ၆ သန်း  တန်ချိန် တင်ပို့နိုင်ခြင်းသည် နှစ်ပေါင်း ၆ဝ ကျော် ၇ဝ ကြားတွင် ရှိခဲ့သည်။ မှတ်တမ်းအရ စံချိန်ချိုး တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ လာမည့်နှစ် တွင်လည်း တန်ချိန်ပေါင်း ၃ သန်းခွဲကျော် ၄ သန်းအထိ တင်ပို့နိုင်မည်ဟု မှန်းဆထားသည်။ လက်ရှိ ဆန်ဈေးကွက်ကို ပြန်လည်သုံးသပ်ပါ က ထိုင်းနှင့် ဗီယက်နမ် ဆန်ဈေးကျနေသည် ကို တွေ့ရသည်။ အမေရိကန်ဒေါ်လာ ဈေးကျ နေခြင်းကြောင့် ဈေးကွက်ကို လက်ဦးမှုယူပြီး ဈေးချရောင်းနေခြင်း ဖြစ်သည်။ ၅ မတ်တန် ၁ တန်ကို (F.O.B) ၄၃ဝ၊ ၄၃၅ ကျပ်နှင့် ရောင်း နေရာမှ ယခုအခါ ၃၇ဝ နှုန်းဖြင့် ရောင်းချနေ ပါသည်။ ဒေါ်လာ ၄၂၅ ကျပ်ဖြင့် မရောင်းချ နိုင်သည့် အခက်အခဲများလည်း မြန်မာကုန်သည်များတွင် ရှိနေပါသည်။ ထိုသို့ ဈေးချရောင်း နိုင်ရန် ပြည်တွင်းဈေးများကျဆင်းရန် လိုသည်။
.
ပြည်တွင်း အခြေခံရည်ညွှန်းဈေးနှုန်းသတ် မှတ်ချက်အရ စပါးတင်းတစ်ရာလျှင် ၅ သိန်း ဈေးဖြစ်နေသည်။ အနိမ့်ဆုံးဈေးနှုန်းဖြစ်သည်။ အချို့သောဆန်များသည် ၆ သိန်းကျော် ၇ သိန်းကြားတွင် ရှိနေသည်။ ပြည်တွင်းဈေးအရ လည်း များစွာကျဆင်းမည့် အလားအလာ မရှိ ပါ။ ထိုင်း၊ ဗီယက်နမ်ကို ယှဉ်ပြီးတစ်တန်လျှင် ၃၈ဝ ဒေါ်လာအထိ လိုက်ပြီးချရောင်းမည့် အ နေအထားမရှိပါ။ ထို့ကြောင့် အိတ်စပို့လည်းကျ သွားမည့်အလားအလာ ရှိနေသည်။ ထို့အပြင် တင်ပို့နိုင်မည့် ဆန်တန်ချိန်သည် နှစ်သန်းနှင့် နှစ်သန်းခွဲကြားတွင်သာ ရှိနိုင်သည်ဟု လုပ်ငန်း ရှင်များက သုံးသပ်ကြသည်။ မနှစ်ကာလက ဆန်တန်ချိန် ၃ ဒသမ ၆ သန်း တင်ပို့နိုင်ခဲ့၍ ယခုနှစ်တွင် လေးသန်းအထိ ခန့်မှန်းထားသည်။ ကြားထဲတွင် ပိုလာသည့် ပမာဏသည် ပြည် တွင်းတွင် ဆန်လက်ကျန်များသွားမည့် အနေအ ထား ဖြစ်သည်။ ယူအက်(စ်) ဒေါ်လာဈေး ကြောင့် ဆန်လုပ်ငန်းရှင်များနှင့် တောင်သူများ အကျိုးအမြတ် ပိုရှိလာသည်ဟု ဆိုခြင်းမှာ ဆန် တင်ပို့သည့် နိုင်ငံများနှင့် နှိုင်းကြည့်လျှင် မနှစ် က ယူအက်(စ်)ဒေါ်လာ တစ်ဘီလျံလောက် ရရှိ ခဲ့သော်လည်း တန်ချိန်နှစ်သန်းနှင့် တွက်ကြည့် ပါက သန်းသုံးရာခန့် လျော့နည်းပြီး ရမည့်သ ဘော ဖြစ်နေသည်။ ထိုအရာကို ကြည့်ပါက သီအိုရီသည် အမြဲမမှန်ဟု ဆိုနိုင်သည်။
.
အိတ်ချိန်းရိတ်ခေါ် ငွေဖလှယ်မှု မတည်ငြိမ် ခြင်းသည် မြန်မာတစ်ပြည်တည်း ဖြစ်နေခြင်း မဟုတ်ပါ။ အင်ဒိုနီးရှား၊ ဗီယက်နမ်တွင်လည်း ဖြစ်ပေါ်နေပါသည်။ ထိုနိုင်ငံများတွင် အခွန် လျော့ခြင်း၊ သွင်းကုန်ထုတ်ကုန်များကို ပြန်လည် ညှိနှိုင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုများကို အတိုးအ လျော့လုပ်ခြင်း စသည့် နည်းများကိုကျင့်သုံး သည်။ မြန်မာပြည်တွင် ဗဟိုဘဏ်မှ နိုင်ငံခြား ငွေ ဒေါ်လာများ ထုတ်ရောင်းပေးခြင်းကို ရေတို လုပ်ဆောင်ချက်ဟုသာ ဆိုရမည်။ ဗဟိုဘဏ်၏ အလုပ်သည် တာဝန်ခံဖြေရှင်းရန်သာ ဖြစ်သည်။ ဒေါ်လာဈေးသည် စီးပွားရေးတစ်ခုလုံးအပေါ် သက်ရောက်သည်။ မြန်မာပြည်ရှိ အစိုးရဝန်ကြီး ဌာနများ၊ ဥပမာ စီးပွားကူးသန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနများ ဖြစ်သည်။ ဗဟိုဘဏ်သည် လွတ်လပ်စွာဆောင် ရွက်ခွင့်ရသည့် ကာလသည်လည်း နှစ်အနည်း ငယ်သာ ရှိသေးသည်။ ယခင်က စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန၏ လက်အောက်ခံ ဖြစ်သည်။ ထို ဝန်ကြီးဌာန၏ လွှမ်းမိုးမှု အနည်းနှင့်အများကျန် ရှိပေဦးမည်။
.
ဒေါ်လာဈေးတက်ခြင်း၏ အခြေခံအ ကြောင်း ရင်းတချို့မှာ ဒေါ်လာဝယ်လိုအား ရုတ်တရက် ဆောင့်တက်သွားခြင်း ကြောင့်လော။ လက်ရှိတိုင်းပြည် စီးပွားရေးကိုယ်၌ကပင် ဒေါ် လာဝယ်လိုအားများသည့် ဖက်ကို တိမ်းညွတ် နေသလော။ ပြည်တွင်း သွင်းကုန်များတွင် အ မေရိကန်ဒေါ်လာဖြင့် ဝယ်ယူရသည့် ကုန်ပစ္စည်း များကိုသာ ရွေးချယ်မည်လောအခြားသော နိုင် ငံခြား သုံးငွေများဖြင့် ဝယ်ယူနိုင်သည့် ပစ္စည်း များ (ဥပမာ- တရုတ်ယွမ်၊ ထိုင်းဘတ်၊ အိန္ဒိယ ရူပီး၊ ဂျပန် ယန်းငွေ) ပြောင်းလဲသုံးစွဲမည်လော စသဖြင့် သုံးသပ်စဉ်းစားရန် အရေးကြီးသည်။ နဂိုကာလများပင် တည်ရှိနေသော အကြောင်း ရင်းများကို ထည့်သွင်း စဉ်းစားရန် လိုသည်။ ဗဟိုဘဏ်၏ စွမ်းရည်မည်မျှရှိသနည်း၊ ဗဟို ဘဏ်တွင် အရန်နိုင်ငံခြားငွေ မည်မျှရှိသနည်း။ စသည့်အချက်များတွင် မူတည်ပါသည်။ ပြည် တွင်း၏ စီးပွားရေး အခြေအနေ မည်သည့်အနေ အထားတွင် ရှိနေသနည်း၊ ဝင်ငွေတစ်နှစ် လျှင် မည်မျှရှိသနည်း။ အစိုးရ အနေဖြင့် ဘတ်ဂျက် မည်မျှ သုံးစွဲနိုင်သည် စသည့်အချက်များပေါ် တွင် မူတည်ပါသည်။ ထိုအရာများရှိရန် အချက် အလက် ပြည့်စုံစွာ ရရှိရန် အရေးကြီးပါသည်။ အနောက်နိုင်ငံများကဲ့သို့ စာရင်းဇယားပြည့်စုံရန် အားနည်းနေပါသည်။ ဝင်ငွေထွက်ငွေကို သိရှိ သည့် အမေရိကန် ဗဟိုဘဏ်များတောင် ထိန်း သိမ်းရန် ခက်ခဲနေသည်ကို လေ့လာကြည့်လျှင် သိနိုင်ပါသည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ဒေါ်လာထုတ်ရောင်းပေးခြင်းဖြင့် မည်သူတွင် အကျိုးအမြတ် ရှိနိုင်သနည်း။ ဝင်ထိန်းပေးခြင်း အားဖြင့် မည်မျှအထိ အကျိုးရှိမည်ကို စနစ်တ ကျသုံးသပ် စဉ်းစားရန် လိုသည်။ ပြည်တွင်းစီး ပွားရေး အခြေအနေကိုလည်း အတိအကျနီးပါး သုံးသပ်ရန် လိုအပ်ပါသည်။
.
ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်နေ့က အမျိုး သားလွှတ်တော်တွင် ကယားအမှတ် (၉)အမတ် ဦးစိုးသိန်းက နိုင်ငံအတွင်း ဒေါ်လာငွေ အသုံး ပြုနေကြခြင်း မေးခွန်းထုတ်ခဲ့ပါသည်။ သူ့မေး ခွန်းအပြည့်အစုံက နိုင်ငံအတွင်း နိုင်ငံပိုင်ငွေ ကြေး ပိုမိုခိုင်မာလာစေရန်နှင့် တရားမဝင်ငွေ ကြေးသုံးစွဲမှုများကို ထိန်းချုပ်နိုင်စေရန်၊ နိုင်ငံ ခြားငွေအား မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်ပြည် တွင်းတွင် ကျပ်ငွေအဖြစ်လဲလှယ် သုံးစွဲစေရန် တွန်းအာပေးမည့် အစီအမံများရှိမရှိဆိုသည့် မေးခွန်း ဖြစ်ပါသည်။ မေးခွန်းမေးသည့် ကယား (၉)အမတ် ဦးစိုးသိန်းသည် ယခင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကစီနီယာ ဝန်ကြီးတစ်ပါး ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ကိစ္စများကို အဓိက ကိုင်တွယ်ခဲ့သူ ဖြစ်ပါသည်။ လက်ရှိမေးခွန်းမှာ လည်း နိုင်ငံအတွင်း တောက်လျှောက် ဖြစ်ပေါ် နေသည့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း မတည် ငြိမ်ခြင်းတို့နှင့် ဆက်စပ်နေပါသည်။ ဤမေးခွန်း များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဘိုဘိုငယ်အဖြေများကို လေ့လာ ကြည့်ပါက ဗဟိုဘဏ်၏ အစီအမံများသည် ကျပ်ငွေတန်ဖိုး ကျဆင်းမှု၊ မတည်ငြိမ်မှုများကို မည်မျှ ဖြေရှင်းနိုင်မည်ကို လေ့လာကြည့်နိုင်ပါ သည်။ ထိုမေးခွန်းနှင့် ပတ်သက်၍ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဘိုဘိုငယ်က အဖြစ်မှန်များနှင့် အ ခက်အခဲများကို လွတ်တော်အမတ်များ သဘော ပေါက်စေရန် ကြိုးစားပြီးရှင်းပြခဲ့ပါသည်။ ပြည် တွင်းမှ ဈေးနှုန်း သတ်မှတ်မှုနှင့် ရရှိလာသည်။ ငွေများ၊ ဝန်ဆောင်မှု ရယူမှုများ၊ ငွေကြေးလွှဲ ပြောင်းခြင်းများနှင့် ပတ်သက်လာလျှင် ကျပ်ငွေ တစ်မျိုးတည်းကိုသာ အသုံးပြုရန် ဗဟိုဘဏ်မှ ထုတ်ပြန်ထားပြီး ဖြစ်သည်။ သို့သော် လိုက်နာ မှုအားနည်းခြင်းကြောင့် ၂ဝ၁၅၊ ၂ဝ၁၆ နှင့် ၂ဝ၁၈ ခုနှစ်များတွင် သုံးကြိမ်တိုင်တိုင် ညွှန် ကြားချက်များ ထပ်မံထုတ်ခဲ့သည်ဟု ဆိုပါ သည်။
.
ဗဟိုဘဏ်မှ ညွှန်ကြားချက်များ ဘယ် လောက်ထုတ်ထုတ် လိုက်နာမှု မရှိကြသည်မှာ ယနေ့ကာလတိုင်အောင် ဖြစ်သည်။ ဟိုတယ် များ၊ စားသောက်ဆိုင်များ၊ နိုင်ငံခြားမှ လာ ရောက်ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ကျောင်း များ၊ ကျောက်မျက်နှင့် အမှတ်တရ ပစ္စည်း အရောင်း ဆိုင်များ၊ နိုင်ငံခြားသားများ နှင့် INGO များကို အိမ်ခြံမြေနှင့် တိုက်ခန်းများငှား ရမ်းခများကို ဒေါ်လာနှင့်သာ ရယူနေကြသလို ဝန်ကြီးဌာနများ အနေဖြင့် မြေငှားရမ်းခ၊ နိုင်ငံ ရပ်ခြားနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံရာတွင် သူတို့ရ မည့် လုပ်ငန်းဆောင်ရွက်မှု ဝင်ငွေများကို နိုင်ငံ ခြားငွေဖြင့်သာ လက်ခံဆောင်ရွက်နေကြသည် ဟု ဦးဘိုဘိုငယ်မှ ဆိုခဲ့သည်။ ဤနေရာတွင် ကြုံရသည့် ပြဿနာတစ်ခုမှာ ပြည်တွင်းအရောင်း ဆိုင်များ၊ ဟိုတယ်များ၊လေကြောင်းလိုင်းနှင့် ကျောက်မျက်ရတနာ အရောင်းဆိုင်များသည် သူတို့ရောင်းကုန်များနှင့် ဝန်ဆောင်ခများကို ဒေါ်လာဖြင့် ပုံသေသတ်မှတ်ထားကြပြီး မြန်မာ ငွေဖြင့် လွှဲပြောင်းလက်ခံကြရာတွင် ငွေလဲနှုန်း ကို ပြင်ပပေါက်ဈေးထက် မြှင့်တင်သတ်မှတ်ပြီး ရယူတတ်ကြကြောင်း၊ ထို့ကြောင့် ငွေပေးချေရ မည့်သူများသည် ပိုသက်သာမည့် ဒေါ်လာငွေ ဖြင့် တိုက်ရိုက်ပေးချေနေကြသည်ကို မြင်တွေ့ နေရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံအတွင်းမှာ ငွေပေးချေမှုကို ကျပ်ငွေသာ အသုံးပြုရန် ညွှန် ကြားချက်များ ထုတ်ပြန်ထားသော်လည်း တရားမဝင်သော ဒေါ်လာများဖြင့် ပေးခြင်းယူခြင်း များ တွင်ကျယ်နေရသည်ဟု ဆိုပါသည်။ စဉ်း စားကြည့်သော် ဤပြဿနာသည် တစ်ဦးတစ် ယောက်က လုပ်ကိုင်ခြင်းကြောင့် မဟုတ်ဘဲ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် နေခြင်းကြောင့် ပထမဆင့်တွင် ဤသို့သူများကို အချိန်ကာလ တစ်ခုသတ်မှတ်ပြီး ပညာပေးမှု များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လို ပါသည်။ နောက်ပိုင်းကာလများ ရောက်မှ အ ရေးယူခြင်းများ လုပ်မည်ဟု ဦးဘိုဘိုငယ်မှ မ ယုတ်မလွန် ဖြေကြားသွားသည်။ ယနေ့ကာလ ပြည်တွင်းတွင် ဒေါ်လာအသုံးမပြုဘဲ ကျပ်ငွေကို သာ အသုံးပြုမည်ဆိုပါက ငွေကြေးအနည်းငယ် သာသုံးသည့် လက်လီအရောင်းအဝယ်နှင့် ငွေ ကြေးပမာဏ အများအပြား အသုံးပြုရသည့် လက်ကားအရောင်းအဝယ် နှစ်မျိုးလုံးကို ဖြေ ရှင်းပေးရန် လိုအပ်သည်။ လက်လီအသုံးပြုမှုအ တွက် ကိုင်တွယ်ထိန်းကျောင်းရန် သိပ်မခက် သော်လည်း ဥပဒေနည်း၊ ဥပဒေများထုတ်ပြန် ပြီး မလိုက်နာပါက ခံယူရမည့် ပြစ်ဒဏ်သတ် မှတ်ချက်များလည်း ရှိပြီး ဖြစ်သည်။ ဒေါ်လာမှ ကျပ်ငွေ လဲလှယ်ပေးသည့် ငွေလဲကောင်တာ များ နေရာအနှံ့၌ ရှိနေပါက ထိန်းကျောင်းရန် လွယ်ပါသည်။ ပို့ကုန်သွင်းကုန် ကိစ္စများတွင် ပို့ကုန်သမား၏ ဒေါ်လာများကိုကျပ်ငွေများထုတ် ပေးခြင်း လုပ်ဆောင်ရန် ရသော်လည်း သွင်း ကုန်သမားများ လိုအပ်နေသည့် ဒေါ်လာဘီလျံ ချီလိုနေသည့် လိုအပ်ချက်ကို မည်သူရောင်းပေး မည့် ကိစ္စသည် ပြဿနာ ရှိလာပါသည်။ လက် ရှိအခြေအနေတွင် ပို့ကုန်သမားသည် ရထား သည့်ဘဏ်ထဲမှ ဒေါ်လာများကို သွင်းကုန်သ မားသည် ပြင်ပတွင် ကျပ်ငွေပေးချေ၊ ဘဏ်အ ကောင့်ဖြင့် အချင်းချင်းလွှဲပြောင်းယူခြင်းဖြင့် ဖြေရှင်းနေကြသည်။
.
သိပ်မကြာခင် ကာလများတွင် ဗဟိုဘဏ် သည် နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများကို ဘဏ်ဝန် ဆောင်မှု လုပ်ငန်းတိုးချဲ့ခွင့်ပြုခဲ့သည်။ ကုမ္ပဏီ များ၊ စီးပွားရေးလုပ်ငန်းများကို ချေးငွေချေးခွင့် ပြုသည့် ကိစ္စလည်း ပါပါသည်။ သွင်းကုန်သ မားများ ကာလတို လိုအပ်နေသည့် ဒေါ်လာများ ကို နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများမှ ချေးယူနိုင်ကြ လိမ့်မည်ဟု ဗဟိုဘဏ်က မျှော်လင့်ထားသည်။ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများကို ယခုလို ဘဏ် ဝန်ဆောင်မှု တိုးချဲ့ခြင်းကို ခွင့်ပြုခြင်းသည် လို အပ်သည့် ဒေါ်လာငွေများ စီးဝင်လာမည်ဟု ဆို သည်။ မြန်မာကျပ်ငွေ တည်ငြိမ်ရေးကို အကူ အညီ ဖြစ်နိုင်သည်။ မြန်မာနိုင်ငံအတွင်း ကျပ် ငွေဖြင့် ဝန်ဆောင်မှု ရယူပြီး နိုင်ငံခြားသို့ ဒေါ် လာငွေများ ပြန်လည်ထုတ်ယူသွားမည့် ကုမ္ပဏီ များကိစ္စလည်း ဖြေရှင်းပေးရဦးမည်။ ဥပမာကာ တာ အခြေစိုက်အော်ရီဒူး၊ တယ်လီဖုန်း ကုမ္ပဏီ သည် ပြီးခဲ့သည့် ကိုးလတာအတွင်း မြန်မာနိုင် ငံတွင် ဝင်ငွေအမေရိကန် ဒေါ်လာ ၃ဝ၃ သန်း ကျော်ရပါသည်။ အထွေထွေ ကုန်ကျစာရိတ် များ၊ မြန်မာအစိုးရကို ပေးဆောင်ရမည့် အခွန် အခများ နုတ်ပြီးသော် အသားတင်အမြတ် ဒေါ် လာ ၄၇ သန်းကျော် ရှိပါသည်။ ယင်းကို မြန် မာနိုင်ငံ ပြင်ပသို့ ထုတ်ယူသွားမည် ဆိုပါက ကျပ်ငွေဖြင့် ရထားသည့် အမြတ်ငွေများကို တ ရားဝင် ဖြစ်လာစေရန် ဒေါ်လာဖြင့် လဲပေးရပါ မည်။ အရေးကြီးဆုံးက ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ၏ ဒေါ်လာငွေ အဝင်အထွက် စာရင်းတိတိကျကျ ရပြီးကြပ်မတ် နေရန် လိုသလို အမည်မဖော်နိုင်သည့် လုပ် ငန်းများနှင့် ဝင်ငွေများ တစ်နည်းဆိုရသော် ထို ငွေမည်းများကို ဒေါ်လာအဖြစ် အသွင်ပြောင်း စုဆောင်းထားသူတို့၏ ပမာဏများပြားသည့် နိုင်ငံခြားငွေ ပိုင်ဆိုင်အသုံးပြုမှုကို ဥပဒေ ကြောင်းအရ ထိန်းချုပ်နိုင်ရန်ဖြစ်သည်။ ခြုံငုံသုံး သပ်ရသော် မြန်မာကျပ်ငွေသည် တန်ဖိုးတစ်ခု တွင် တည်တည်ငြိမ်ငြိမ် ရှိနေပြီး အတက်အကျ လှုပ်ရမ်းမှု နည်းပါးရန်မှာ အစိုးရဘတ်ဂျက်လို ငွေပြမှု၊ ပို့ကုန်သွင်းကုန် ပမာဏထိန်းညှိလိုမှု၊ ဗဟိုဘဏ်၏ စီမံခန့်ခွဲမှု အားကောင်းခြင်း၊ အ စိုးရအဖွဲ့အစည်း အသီးသီး၏ ပါဝင်ပူးပေါင်းမှု လည်း လိုအပ်ပါသည်။ သို့မှသာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ သာမက ငွေမည်းပိုင်ရှင်များ ပြည်သူတစ်ရပ်လုံး ကျပ်ငွေအပေးယုံကြည်မှုရ လာပြီး ကျပ်ငွေကိုသာ သုံးစွဲစုဆောင်းရင်းကျပ် ငွေတန်ဖိုးတည်ငြိမ်မှု ရလာနိုင်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats