အာဏာရှင်စနစ် ထပ်မံ မထွန်းကားလာစေရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိဟု ၈၈၈၈ ဆရာတော် မိန့်ကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, December 31, 2018

အာဏာရှင်စနစ် ထပ်မံ မထွန်းကားလာစေရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိဟု ၈၈၈၈ ဆရာတော် မိန့်ကြား



ရဲရင့်ဇွဲ
.
၈၈၈၈ ဒီမိုကရေစီ မော်ကွန်း ကျောက်တိုက် တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၃၁ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အဆိုပါမော်ကွန်းကျောက်တိုင် တည်ရှိရာ ဗိုလ်ချုပ်ပန်းခြံအတွင်း ကျင်းပပြုလုပ်ရာ တောင်ကြီးမြို့၊ ၈၈၈၈ ဆရတော် ဘဒ္ဒန္တ ခေမာနန္ဒက တိုင်းပြည် အတွင်း အာဏာရှင်စနစ် ထပ်မံ မထွန်းကားလာစေရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဟု မိန့်ကြား ခဲ့သည်။
.
.
မော်ကွန်းကျောက်တိုင် တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားတွင် တောင်ကြီးမြို့၊ အောင်မြေ ဘုံစံကျောင်း တိုက် ဆရာတော်၊ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒက မိမိတို့တိုင်းပြည်တွင် အာဏာရှင်စနစ် ထပ်မံမထွန်းကားလာစေ ရေးသည် ဆရာတော်နှင့်တကွ တပည့်ဒါယကာ၊ ဒါယိကာမများ၊ နိုင်ငံသားများအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ဒီမိုကရေစီ အပြည့်အဝ ရရှိပြီဟု မဆိုနိုင်သေးကြောင်း၊ တိုင်းသူပြည်သူများ လိုအပ်သည်မှာ သန့်ရှင်းစစ်မှန် ငြိမ်းချမ်းသော စစ်မှန်သည့် ဒီမိုကရေစီဖြစ်ကြောင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
.
''ကျွန်တော်တို့နိုင်ငံရေးသမားတွေဟာ ဒီအစိုးရကို၊ ဝန်ကြီးချုပ်ကို၊ ဝန်ကြီးတွေကို၊ ဌာနဆိုင်ရာတွေကို ဝေဖေန် ကောင်း ဝေဖန်ပါလိမ့်မယ်။ ဒီအစိုးကို ဖြုတ်ချဖို့၊ အပုပ်ချတိုက်ထုတ်ဖို့ လုံးဝလုပ်ဆောင်မှာ မဟုတ်ပါဘူး။ အဲဒါကို ကျွန်တော် ရဲရဲကြီးကြီး အာမခံပါတယ်။ ဝန်ကြီးတွေက ပြည်သူဒုက္ခရောက်တာတွေ၊ ခံစားရတာတွေကို မသိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အထွေထွေအုပ်ချုပ်ရေးက သူတို့ဆီကို မရောက်လို့ပါ” ဟု ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ပြောကြားခဲ့သည်။
.
အဆိုပါ မော်ကွန်းကျောက်တိုင်သည်မြန်မာနိုင်ငံ၏ ပထမဆုံးသော ၈၈၈၈ ဒီမိုကရေစီအထိမ်းအမှတ် မော်ကွန်းကျောက်တိုင် ဖြစ်ပြီး တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံ၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်က စတင်တည်ဆောက်ခဲ့ပြီး ယင်းနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ၈၈၈၈ ဒီမိုကရေစီအထိမ်းအမှတ် မော်ကွန်း ကျောက်တိုင်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တတိယမြောက် မော်ကွန်းကျောက်တိုင်တို့ကို တည်ဆောက်ပြီး ဖြစ်ကြောင်းသိရသည်။
.
အဆိုပါ မော်ကွန်းကျောက်တိုင် တည်ထောင်ခြင်း ၂ နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တောင်ကြီးမြို့၊ ၈၈၈၈ ဆရာတေ် ဘဒ္ဒန္တ ခေမာနန္ဒ၊ တောင်ကြီးမြို့ခံ စာရေးဆရာ ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)၊ ရှမ်းပြည်နယ်နိုင်ငံရေး အဖွဲ့မှ ဦးတင်မောင်တိုး၊ ရှမ်းပြည်နယ်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ 24 State Fighter အဖွဲ့နှင့် ရှမ်းပြည်နိုင်ငံရေးအင်အားစု အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

Recent Tube