မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်း ဆတ်ခရိုင်နှင့် တာချီလိတ် ခရိုင်တို့
အား ဆက်သွယ်ထားသည့် မော် တော်ကား လမ်းပိုင်းအား UWSA ''ဝ''အထူးဒေသမှ နိုင်ငံတော် အစိုး
ရသို့ နိုဝင်ဘာလ ၃ဝ ရက်တွင် မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌
လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ လမ်းပိုင်း လွှဲပြောင်းအပ် နှံပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်
ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန် ကြီး ဦးခွန်ရဲထွေးမှ လမ်းလွှဲပြောင်း လက်ခံဆောင်ရွက်သွားမည်
ဖြစ် ကြောင်း ပြောကြားခဲ့ရာ ''ဝ''အထူး ဒေသအဖွဲ့မှ တပ်မဟာ နိုင်ငံရေးမှူး ဦးအားဖူက
မိုင်းဆတ်-တာချီလိတ် ကားလမ်းအား ၁၉၉၈ ခုနှစ်တွင် ¤င်း တို့ ငွေကြေးစိုက်ထုတ်လုပ်အားများ
ဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ မရှိသဖြင့်
လမ်းလွှဲပြောင်းပေးအပ်ရာ တွင် စာချုပ်စာတမ်းဖြင့် လွှဲပြောင်း ပေးအပ်ခြင်းမပြုဘဲ ဒေသခံ
ပြည်သူ များအတွက် လက်ဆောင်အဖြစ် နိုင် ငံတော်သို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ် ကြောင်းနှင့်
လမ်းစတင်ပြုပြင်သည့် အချိန်မှစကာ လမ်းကြေးများကောက် ခံခြင်း မပြုတော့ကြောင်း ပြောကြားခဲ့
သည်။
အဆိုပါ လမ်းအပ်နှံမှုနှင့် ပတ် သက်၍ ပြီးခဲ့သည့် မေလ ၆ ရက်က ''ဝ''တပ်ဖွဲ့မှ
စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါလမ်းမှာ ဆိုး ရွားစွာ ပျက်စီးလျက်ရှိရာ
ခရီးသွား ယာဉ်များ မကြာခဏ တိမ်းမှောက် ခြင်း၊ လမ်းပြုပြင်ခြင်း မရှိသဖြင့် မောင်းနှင်ချိန်
ကြာမြင့်ကာ လမ်းဘေး ခြုံနွယ်များ ထူထပ်မှုကြောင့် ယာဉ် တိုက်မှု ဖြစ်ပွားနိုင်ခြင်း၊
လမ်းဘေး ချောက်များ၊ နံရံများနှင့် တိုက်မိ၊ ကျမိနိုင်သည့် အခြေအနေဆိုးများ ကြုံတွေ့နေရပြီး
လမ်း ပြုပြင် ထိန်း သိမ်းခြင်း မရှိဘဲ လမ်းကြေးငွေ များ ပြားစွာ ကောက်ခံနေသည့်အတွက်
ခရီးသွား ပြည်သူများမှ ဝေ ဖန်ပြော ဆိုလျက်ရှိရာမှ ယခုလို နိုင်ငံတော် အစိုးရမှ တာဝန်ယူ
ပြုပြင်ထိန်းသိမ်း မည်ဖြစ်သည်ကို အထူးပင် ကြိုဆို ဝမ်းမြောက်လျက် ရှိကြကြောင်း သိရသည်။
.
''သူတို့ ဖောက်ပေးလို့ ဒီလမ်း ဖြစ်လာတာပါ။ ဘာပဲပြောပြော အထူး ကျေးဇူးတင်ပါတယ်။
ဒီလမ်းပွင့်လာ လို့ တာချီလိတ်ကို နီးရက်နဲ့ ဝေးနေ ရာက ဒေသခံတွေ သွားလာနိုင်ပြီး ကုန်စည်ကူးသန်း
ရောင်းဝယ်နိုင်ခဲ့ တာပါ။ ခရီးသွားတွေလဲ ကားချိန်းစရာ မလိုဘဲ မြန်ဆန်တော့မယ်။ အန္တရာယ်
လည်း နည်းပါးပါပြီ''ဟု မိုင်းတုံမြို့၊ လပြည့်ဝန်း ကားဂိတ်တာဝန်ခံ ဦးမြ သိန်းက ပြောသည်။
.
အဆိုပါ လမ်းအား ပထမနှစ်တွင် လမ်းချောအဖြစ် ပြင်ဆင်သွားမည် ဖြစ်ပြီး
ဒုတိယနှစ်မှ စတင်ကာ ကတ္တရာ လမ်းအဆင့် မြှင့်တင်နိုင်ရေးဆောင် ရွက်သွားရန်အတွက် မိုင်းဆတ်ခ
ရိုင်၊ လမ်းဦးစီးဌာနမှ စီမံကိန်းရေး ဆွဲထားကြောင်း သိရပြီး လမ်းပြင်ဆင် နေချိန် ကာလအတွင်း
မော်တော် ယာဉ်များအနေဖြင့် တင်ဆောင်သည့် ကုန်ချိန်များ လျှော့ပေါ့တင်ဆောင်ပေး ရန် မိုင်းဆတ်ခရိုင်
လမ်းဦးစီးဌာနက မေတ္တာရပ်ခံ ပြောကြားထားကြောင်း သိရှိရသည်။
.
အဆိုပါ လမ်းကို ၁၉၉၈ ခုနှစ် တွင် ''ဝ''အထူးဒေသမှ ဖောက်လုပ် ခဲ့ခြင်းဖြစ်ပြီး
လမ်းမိုင်အရှည် ၆ဝ ဒ သမ ၄ မိုင်ရှိကာ မိုင်းဆတ်ခရိုင်နှင့် တာချီလိတ် ခရိုင်ချင်း ဆက်လမ်းအ
ဖြစ် ဆက်သွယ်ထားသည့် အရေးပါ သော လမ်းဖြစ်ကြောင်း သိရှိရသည်။
.
ယင်းလမ်းပိုင်း လွှဲပြောင်းပေးအပ် ပွဲကို နိုဝင်ဘာလ ၃ဝ ရက်၊ နံနက်
၉ နာရီက ကျင်းပခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး
ဦး ခွန်ရဲထွေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး
ဦးစိုးစိုးဇော်၊ မိုင်း ဆတ်မြို့နယ် ရှမ်းပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးဒါဝိဒ်နှင့်
ဌာနဆိုင်ရာများ၊ ''ဝ''အထူးဒေသ (၂)၊ စစ်ဒေသ
(၁၇၁)မှ တပ်မ ဟာ နိုင်ငံရေးမှူး ဦးအားဖူနှင့် ဒုတပ်မဟာမှူး ဦးအိုက်ပေါင်ခမ်းတို့
ဦးဆောင်သည့် အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan