ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
တတိယနေ့ကို ယနေ့ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်
ခန်းမဆောင်တွင် ကျင်းပပြုလုပ်လျက်ရှိရာ အစည်း အဝေးတွင် ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်
(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်က တောင်ကြီးမြို့အဝင် မြေပုံအနီးတွင်
ငွေကြေးကောက်ခံနေမှုနှင့် ပတ်သက်၍ မည်သည့်ဌာနမှ ကောက်ခံနေ သည်ကို သိရှိလိုကြောင်း မေခွန်းကို
မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ယနေ့ ကျင်းပပြုလုပ်လျက်ရှိသော လွှတ်တော်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်သို့
တက်ရောက်ခွင့် ရှိသော လွှတ်တော်ကိုယ်စားလှယ် ၁၄၁ ဦး ရှိသည့်အနက် ၁၂၁ ဦး တက်ရောက်ပြီး
ပျက်ကွက်သူ ၂၀ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၈၅ ဒသမ ၈၂ ရာခိုင်နှုန်း တက်ရောက်လျက်ရှိကြောင်း
သိရသည်။
လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၀
ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၅ ခု မေးမြန်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးအဖွဲ့ဝင်
ဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း၊ လွှတော် အစည်းအဝေး ဒုတိယနေ့တွင် ကျောက်မဲမြို့နယ်
မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် တင်သွင်းခဲ့သော
ရှမ်းပြည်နယ်၊ မြို့များပေါ်ရှိ လူနေအိမ်မြေကွက်များနှင့် မြေကွက်များ ဂရန်သစ်ပြုလုပ်ခြင်း၊
သက်တမ်းတိုးခြင်းများကို စီမံချက်တစ်ရပ်ဖြင့် ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ်အစိုးရအား
တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan