လားရှိုးတွင် ရှမ်းတိုင်းရင်းသားများရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် ရှမ်းတိုင်းရင်းသားများရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ


ကမ္ဘောဇတိုင်း
.
ရှမ်းတိုင်းရင်းသားများ၏ ၂၁၁၃ ခုနှစ်  ရှမ်းတိုင်းရင်းသားများရိုးရာနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ ချယ်ရီမြိုင်အိမ်ရာဝင်းတွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းကျော်ဌေးတို့က ပွဲတော်မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
.
ဆက်လက်၍ နှစ်ကူးပွဲတော်အလံအား သတ်မှတ်နေရာစင်မြင့်သို့ လက်ဆင့်ကမ်းသယ်ဆောင်စိုက်ထူကြပြီး ပွဲတော်အား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
လားရှိုးမြို့တွင်ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ စာဆိုတော်နှင့် စာပေပညာရှင် ဂုဏ်ပြုပွဲ၊ စာပေဟောပြောပွဲ၊ ယဉ်ကျေးမှုပဒေသာကပွဲနှင့် ရိုးရာဝတ်စားဆင်ယင်မှု သရုပ်ဖော်ပြသခြင်း၊ စင်တင်တေးဂီတ ၊စာစီစာကုံးပြိုင်ပွဲများ၊ စကားရည်လုပြိုင်ပွဲများ၊ ရှမ်းယဉ်ကျေးမှုပြခန်း၊ သစ်သီးအလှပြိုင်ပွဲများ၊ ရိုးရာလက်မှုပညာ ရက်လုပ်ခြင်း၊ ရှမ်းဇာတ်သဘင်နှင့် ရှေးဟောင်းသီချင်းဆိုပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၈ ရက် နံနက်အချိန်၌ နှစ်ကူး စောင့်ကြိုကြမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းရုံး ခန်းမတွင်လည်း ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats