မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်
ပိုင်း၊ မိုင်းပန်မြို့နယ်တို့ကို ဆက် သွယ်ထားသည့် သံလွင်မြစ်ကူး (တာဆန်း) တံတားအသစ်ကို
၂ လမ်းသွား သံဘောင်တံတားအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း မိုင်းဆတ်ခရိုင် လမ်းဦးစီးဌာနမှ
သိရသည်။
.
.
တာဆန်းတံတားအသစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ မိုင်းပန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ
ဒီဇင်ဘာလ ၄ ရက်တွင် ပြည်သူ့လွှတ်တော်၌ မေးမြန်းခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိ ယဝန်ကြီးမှ
ယင်းကဲ့သို့ ရှင်းလင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ လမ်းဦးစီးဌာနမှ မိုင်းဆတ်ခရိုင် အင်ဂျင်နီယာ
ဦးမျိုးဇာနည်ဦးက ''မြေပြင်အခြေအနေ ဆန်းစစ်ချက်တွေအရ ခက်တယ်ထင်တဲ့ နေရာတွေမှာ လွယ်ကူနေတာတွေ့ရ
သလို လွယ်တယ်ထင်တဲ့နေရာတွေ မှာ ခက်နေတာတွေရှိနေပါတယ်။ တံတားဒီဇိုင်းလည်း အတည်ပြုမှု
လိုအပ်နေသေးတာဖြစ်လို့ တချို့ အချက်တွေကို လုပ်ဆောင်နေဆဲဖြစ် ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့
ပြော ကြားသည်။
.
အသစ်ဆောက်လုပ်မည့် သံလွင်မြစ်ကူး(တာဆန်း)တံတား မှာ အရှည် ၈၅၇ ပေခန့်၊
အ ကျယ် မှာ ၂ လမ်းသွားဖြစ်၍ ၂၄ ပေ ကျယ်မည်ဖြစ်ပြီး
သံဘောင်တံတား အမျိုးအစားဖြစ်ကာရေလယ်တိုင် များအနေဖြင့် ၂ တိုင်မှ ၄ တိုင် ရှိမည်ဖြစ်ကာ
ယခုလက်ရှိ ကြိုးတံတား၏ ပေ ၃ဝဝ ခန့်အကွာ၊ မိုင်းပန်ဘက်ခြမ်းမှ ပေ ၉ဝ ခန့် အကွာတွင် တည်ဆောက်ရန်
လျာထားကြောင်း၊ တံတားအရှေ့ဘက် ခြမ်းမှာ တောင်များမြင့်ပြီး လမ်းကျဉ်းသဖြင့် ချဉ်းကပ်လမ်းအရ
တံတားမှာ အနည်းငယ်ကွေးမည်ဖြစ်ကြောင်း လက်ရှိတွင် မြစ်အတွင်း ကျောက်ခုံပေါ်တွင် စမ်းသပ်မှုများ
ပြုလုပ်လျက်ရှိကြောင်း ¤င်းမှ ဆက် လက်ပြောကြားခဲ့သည်။
.
ထို့အပြင် ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာ နှစ်အတွင်း မိုင်းတုံဘက်ခြမ်း၊ လွယ်ပွတ်ကျောက်တောင်တွင်
လမ်းအကျယ် ၃ ကီလိုခန့်ချဲ့ယူရန် လျာထားကြောင်း
သိရသည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ဒသမပုံမှန် အစည်းအဝေးတွင် မိုင်းပန်မြို့နယ် မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်
ဦးစိုင်းကျော်မိုးက တာဆန်းတံတား အသစ်တည်ဆောက် ပေးရေးနှင့်ပတ်သက်၍ မေးခွန်းမေး မြန်းခဲ့ရာ
ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းက သံလွင်တံတား (တာဆန်း)ကို ၇၅
တန် ခံနိုင်ဝန်ရှိသော သံဘောင်တံ တား အမျိုးအစားအဖြစ် ၂ဝ၁၈- ၁၉ ဘဏ္ဍာနှစ်မှစကာ ပြည်ထောင်စု
ရန်ပုံငွေဖြင့် စတင်တည်ဆောက် လျက်ရှိပြီး ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ် တွင် ရန်ပုံငွေအပြည့်အဝ ရရှိပါက
အပြီး တည်ဆောက်သွားမည် ဖြစ် ကြောင်းအား ပြန်လည်ဖြေကြားခဲ့သည်။
.
လက်ရှိ အသုံးပြုနေသည့် အ ရှည် ပေ ၉ဝဝ၊ အကျယ် ၁၈ ပေရှိ တာ ဆန်း သံမဏိကြိုးဆိုင်းတံတားမှာ
၁၉၉၉ ခုနှစ်က တည်ဆောက်ပြီးစီး ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလက
အနောက်ဘက် ကြိုးထိန်းကျောက်စီနံရံ ပြိုကျမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.
၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၁ ရက် က မြောင်းမြကြိုးတံတား ပြိုကျပျက်စီး
မှုနှင့် ပတ်သက်၍ ပြည်တွင်းရှိ ကြိုး တံတား ၂၉ စင်းအား ပြန်လည်စစ် ဆေးရန် နိုင်ငံတော်သမ္မတမှ
ညွှန် ကြားပြီးနောက် တရုတ်နိုင်ငံပညာ ရှင်များအကူအညီဖြင့် တံတားကြံ့ခိုင် မှုအား စစ်ဆေးခဲ့ပြီး
တံတားခံနိုင် ဝန်မှာ အဆင့်(၄)မျှသာရှိတော့သည့် အတွက် တံတားပေါ် ဖြတ်သန်းတန် ချိန်ကို ၁၆ တန်အထိ လျှော့ချခဲ့ရ သည်ဖြစ်ရာ ကုန်စည်တင်ယာဉ်
များမှာ ကုန်ပစ္စည်းများကို ယာဉ် ငယ်များဖြင့် နှစ်ဆင့်သယ်ဆောင်ရ သည့်အတွက် အခက်အခဲရှိနေသည့်
အပြင် ကုန်ပစ္စည်းများရွှေ့ ပြောင်း သယ်ယူရာတွင် ပျက်စီးမှုများ ကြုံ တွေ့ နေရသဖြင့် အဆိုပါတံတားသစ်
အမြန်ပြီးစီးရေးကို ဒေသခံများမှ မျှော်လင့်လျက်ရှိကြကြောင်း သိရသည်။
.
.
.
#KBZTai #Shan