ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့် ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီး ဌာန၊ ကျိုင်းတုံမြို့၊
တောင်ကြီးလမ်း ဘေးရှိ အားကစားရုံသစ်ကို ဒီဇင်ဘာ လ ၁ ရက်က ဖွင့်လှစ်ရာ ရှမ်းပြည် နယ်အစိုးရအဖွဲ့၊
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်ဖွင့် လှစ်ပေးခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အားကစားရုံသစ်ကို ရှမ်းပြည်နယ်အစိုးရ၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်
ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၄၂ဝ ဖြင့် တည် ဆောက်ခဲ့ခြင်း ဖြစ်ပြီး အဆောက် အဦမှာ အလျားပေ
၃ဝဝ၊ အနံပေ ၁ဝဝ ရှိကြောင်း သိရသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအ ဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ
လင်းထွဋ်က ရှမ်းပြည်နယ်သည် မြန်မာ နိုင်ငံ၏ အားကစားအဆင့်အတန်း တွင် တတိယအဆင့်နေရာကို
ရ ယူထားနိုင်ပြီး အောင်ပွဲရခဲ့သည့် အားကစားနည်းများမှာ ရုံအတွင်း ကစားရသည့် အားကစားနည်းများ
ဖြစ်သော ဘော်လီဘော၊ ဝူရှူး၊ ဂျူဒို၊ မြန်မာ့သိုင်းနှင့် ဗိုဗီနမ် အားက စားနည်းများ
ဖြစ်သောကြောင့် ယနေ့ ဖွင့်လှစ်လိုက်သည့် အားကစားရုံသစ် သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေ
သ၏ ထူးချွန်ထက်မြက်သော အား ကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရန် မျှော်လင့်ပါ ကြောင်း
ပြောကြားခဲ့သည်။
.
အဆိုပါ အားကစားရုံသစ် ဖွင့်ပွဲ တွင် သရုပ်ပြအားကစားနည်းများကို
ပြသခဲ့ကြောင်းလည်း သိရသည်။
.
''ဒီခေတ် အားကစားလုပ်ကြတဲ့ ကလေးတွေ ကံကောင်းကြပါတယ်။ တွဲဘက်ပြည်နယ်
အားကစားကွင်းနဲ့ မိုးလုံလေလုံ အားကစားခန်းမအပြင် အခု အားကစားခန်းမသစ်လည်း ဖွင့် လှစ်နိုင်ပြီး
နည်းစနစ်သစ်နဲ့ အားက စားမျိုးစုံမှာ ပါဝင်ခွင့်ကို စိတ်အေးချမ်း သာစွာ လုပ်နိုင်ကြပါတယ်။
ကျွန် တော်တို့ခေတ်နဲ့စာရင် အများကြီးတိုး တက်လာတာ တွေ့ရတော့ ဝမ်းသာရ ပါတယ်''ဟု ကျိုင်းတုံဒေသခံ
အား ကစားသမားတစ်ဦးဖြစ်သူ ဦးစိုင်းဂျွန် သိန်းက ၄င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့် ပြုရန်ပုံငွေဖြင့် ၂ဝ၁၈ ခုနှစ်အတွင်း
ကျိုင်းတုံ၊ လားရှိုး၊ ကွန်ဟိန်း၊ နမ့် စန်၊ မိုင်းခတ်၊ မိုင်းယောင်းမြို့နယ်နှင့် အောင်ပန်းမြို့များတွင်
အားကစားရုံ သစ်များ တည်ဆောက် ပေးနိုင်ခဲ့ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan