တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, December 20, 2018

တစ်ပတ်တာ ကံကြမ္မာ



ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၆ ရက် အထိ
.
တနင်္ဂနွေ
.
မိမိယုံကြည်သောသူမှ ယုံကြည်ချက် ပျက်စေလိမ့်မည်။ အလွဲသုံးစားလုပ်လိမ့်မည်။ ငွေကြေးအထွက် များနေသော်လည်း အဝင်အားလည်းကောင်းနေမည်။ အခက်အခဲမှ လွတ်မြောက်ပါမည်။ စိတ်ရှုပ်ထွေး နေတတ်ပြီး ငယ်သူကြောင့် အပူများမည်။ ဖုန်းအသစ်ဝင်မည်။ အဝတ်အထည်သစ်လည်းဝင်လာကိန်းရှိ ပါသည်။ ကုန်သည်များမှာ အလုပ်အတွက် တာဝန်ခွဲဝေရမည်။ တပည့်အသစ်ဝင်မည်။ ဝန်ထမ်းများမှာ အလုပ်ကိစ္စရှုပ်ထွေးနေလိမ့်မည်။ ပွဲစားများအပေါင်ကိစ္စအောင်မြင်မည်။ ငယ်သူများအချစ်ရေးကိစ္စတွင် ချစ်သူနဲ့ အတူ အစားကောင်းစားရလိမ့်မည်။ စားသောက်ဆိုင်သစ်ရောက်မည်။ ကျန်းမာရေးကိစ္စများတွင် အားနည်းခြင်း၊ ခြေလက်ညောင်းညာခြင်း စသည်ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၈/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ကျောက်ကျောလှူပါ။
.
တနင်္လာ
.
အကြွေးကိစ္စစကားများမည်။ ဖြေရှင်းပြောဆိုရမည်။ အခက်အခဲများ ဝန်းရံနေမည်။ မိမိလိုချင်သော ပစ္စည်း ဝင်လာမည်။ စီးပွားရေးအလုပ်အကိုင်ပြောင်းလဲခြင်း ကြုံလိမ့်မည်။ လက်ရှိအလုပ်စိတ်တိုင်းမကျ ဖြစ်နေမည်။ မထင်မှတ်သော ပစ္စည်း၊ မြေစသည် အရောင်းထွက်သောကြောင့် ငွေဝင်လာမည်။ ကုန် သည်များမှာ ရောင်းအားကျဆင်းနေလိမ့်မည်။ ငွေကြပ်မည်။ ဝန်ထမ်းများမှာ ခံစားခွင့် လစာများ တိုးတက် ကိန်းကြုံမည်။ ပွဲစားများအလုပ်တန့်နေမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက် ဆောင်ရမည်။ ကျန်းမာရေးကိစ္စများတွင် လျှာနာလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၄/၅)ဖြစ် သည်။
ယတြာ။ စေတီတွင် မီးပူဇော်ပါ။
.
အင်္ဂါ
.
ကားတာယာအသစ်လဲခြင်း၊ ပြင်ခြင်းကြုံမည်။ ဖုန်းလွတ်ကျကွဲလိမ့်မည်။ အိမ်အတွက် ရုံးတစ်ခုခု ရောက်မည်။ စာရွက်စာတမ်းကိစ္စဆောင်ရွက်ရမည်။ စီးပွားရေးအခက်အခဲများရှိသော်လည်း မိတ်ဆွေ ကောင်းကြောင့် လွတ်မြောက်ပါမည်။ အလိုရှိသော ရတနာများဝင်လာမည်။ ခရီးကောင်းသွားလာရမည်။ အလုပ်အောင်မြင်လာမည်။ ကုန်သည်များမှာ ဆိုင်ပြုပြင်ရမည်။ အလုပ်နေရာပုံစံပြောင်းရလိမ့်မည်။ ဝန် ထမ်းများမှာ စာရင်းမှားမည်။ မိမိတာဝန်ယူသောအပိုင်း အခက်တွေ့မည်။ ပွဲစားများမှာ မြေကိစ္စစကားများ မည်။ အတိုးကိစ္စလည်း ဖြစ်နိုင်သည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ မူမမှန်ခြင်းကြုံရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင် အအေးမိမည်။ ကိုယ်လက်ကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၆/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ရေတော်ငါးပါးကပ်လှူပါ။
.
ဗုဒ္ဓဟူး
.
ကားရောင်းခြင်း၊ ပေါင်နှံခြင်း ပြုလုပ်ရမည်။ အတွင်းလူသစ္စာဖောက်မည်။ သူခိုးဘေး၊ လူလိမ်ဘေး ကြုံမည်။ သတိထားပါ။ စီးပွားရေးအလုပ်အကိုင်သစ်များ ပေါ်ပေါက်လာမည်။ မရောက်ဖူးသေးသော နေ ရာသွားလာရမည်။ ညစာစားပွဲ တက်ရလိမ့်မည်။ စက်ပစ္စည်းများ ဈေးသက်သက်သာသာနဲ့ ဝယ်ယူရ လိမ့်မည်။ ကုန်သည်များမှာ အရောင်းအားကောင်းသော်လည်းြေ<ွကးကျများနေလိမ့်မည်။ ဝန်ထမ်းများမှာ အရေးကြီးစာရွက်စာတမ်း ပျောက်ဆုံးလိမ့်မည်။ အထားမှားလိမ့်မည်။ ပွဲစားများ ငွေချေးပေးသော အ လုပ်မှ ပွဲခရမည်။ ငယ်ရွယ်သူများမှာ ချစ်သူပေးသော ကတိပျက်သဖြင့် စိတ်ညစ်ရလိမ့်မည်။ ကျန်းမာ ရေးတွင် ဝမ်းပျက်မည်။ ဝမ်းဒုက္ခပေးလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၅/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ထန်းလျက်လှူပါ။
.
ကြာသပတေး
.
သားသမီးကြောင့် စာသင်ကျောင်းရောက်တတ်သည်။ မိမိရစရာရှိသော ကြွေးအချို့ ပြန်ရလိမ့်မည်။ အလုပ်ကိစ္စကြောင့် ခရီးဝေးသွားရမည်။ ကွဲကွာနေသော မိသားစုဝင်များ ပြန်ဆုံတွေ့လိမ့်မည်။ မိတ်ဆွေ သစ်တွေ့ပြီး အလုပ်ချဲ့ရမည်။ ပျောက်ဆုံးနေသော အထားမှားနေသော ပစ္စည်းအရောင်းထွက်မည်။ ဝန် ထမ်းများအလုပ်တွင်း ပြဿနာပေါ်မည်။ ပွဲစားများမှာ အပေါင်အနှံကိစ္စအောင်မြင်လိမ့်မည်။ ငယ်သူများ မှာ အချစ်ရေးကိစ္စတွင် ချစ်သူကြောင့် ဝမ်းနည်းရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ခေါင်းမူး၊ ခေါင်း ကိုက်ဖြစ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ပေါင်မုန့်ကြွပ်လှူပါ။
.
သောကြာ
.
ကားဝင်မည်။ ကားအသစ်လဲလှယ်ရမည်။ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူရတတ်သည်။ လိုချင် သောပစ္စည်းတစ်ခု မိမိထံမမျှော်လင့်ဘဲ ရောက်လာမည်။ အကြံအစည်ကောင်းပေါ်ပေါက်မည်။ စီးပွားရေး အကွက်ကောင်းတွေ့မည်။ ခရီးကောင်းသွားလာရတော့မည်။ မိတ်ဆွေဟောင်း ပြန်ဆုံကာ အကျိုးရှိလိမ့် မည်။ တံခါးပြူတင်းပြင်ရမည်။ ကုန်သည်များမှာ အြေ<ွကးပြန်မရသောကြောင့် စိတ်ပူနေရလိမ့်မည်။ သူ တစ်ပါးကိစ္စကူညီရမည်။ ဝန်ထမ်းများမှာ အလုပ်သက်သာခြင်းမရှိ မအားမလပ်ဖြစ်မည်။ ပွဲစားများ အိမ် အရောင်းတည့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူက နှစ်ယောက်ကြားလှည့်စားနေလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၂/၉)ဖြစ်သည်။
ယတြာ။ ဘုရားတွင် သစ်သီးလှူပါ။
.
စနေ
.
အကြီးအကဲများ၏ မကောင်းသတင်းကြားသိရမည်။ လိုချင်သော ပစ္စည်းနှေးနေမည်။ ခရီးသွားချင် သော်လည်း မသွားရဘဲ ကြန့်ကြာနေမည်။ စီးပွားရေးလမ်းစကောင်း ပြန်တွေ့လိမ့်မည်။ ဝှက်ထားသော ငွေထုတ်သုံးရလိမ့်မည်။ အသုံးအဆောင်ပစ္စည်းဆန်းများအိမ်ကို ဝင်လာပါလိမ့်မည်။ စိတ်ပျော်ရွှင်ရသော အဖြစ်မျိုးကြုံမည်။ ကုန်သည်များမှာ သူခိုးခိုးခံရမည်။ ပစ္စည်းပျောက်ဆုံးမည်။ ဝန်ထမ်းများမှာ အလုပ်အ တွင်း ကြီးသူငြိုငြင်မှုနည်းနည်းကြုံလိမ့်မည်။ အပြောအဆို သတိထားပါ။ ပွဲစားများ ပွဲခနည်းနည်းရလိမ့် မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူထံမှ အဖြေကြားသိရမည်။ စိတ်ချမ်းသာစရာကြုံတွေ့လိမ့် မည်။ ကျန်းမာရေးကိစ္စတွင် ချောင်းဆိုးမည်။ လည်ပင်းနာမည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၆/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် တံခွန်လှူပါ။
.
.
.
#KBZTai #Shan

Recent Tube