မဘိမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, December 18, 2018

မဘိမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိ



ဇွဲလေး၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့တွင် ဒီဇင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈ သိန်းကျော်နှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
ခလရ (၇၁) တပ်ရင်းမှ စစ်ကြောင်းမှူး ကျော်ကိုကိုစိုး ဦးစီးအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက ဒေသတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ဒေသအခေါ် ကျောက်လုံးကြီးတောစပ်ဘက်သို့ သွားရာလမ်းတစ်နေရာ၌ မော်တော်ဆိုင်ကယ်မောင်းနှင်လာသူ အားယုံ (ခ) ကျောင်ချန်းယုံအား မသင်္ကာ သဖြင့် ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးရောင်းချရာတွင် ရရှိသည်ဟု ယူဆရသော ငွေကျပ် ၂ သိန်းအား တွေ့ရှိခဲ့ပြီး မေးမြန်းရာမှ မူးယစ်ဆေးဝါးများ သိုဝှက်ထားရာ တဲအိမ်သို့ လိုက်လံပြသခဲ့ခြင်း ဖြစ်ပြီး အဆိုပါတဲအား တပ်မတော်စစ်ကြောင်းမှ ရှာဖွေရာ တဲအတွင်း ဝှက်ထားသော ဆာလာအိတ် ၄ လုံးနှင့် ၅ ဂါလံဝင်ပုံး ၅ ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၆၈၀၀၀ ပြားနှင့် ရောင်စုံဆပ်ပြာခွက်အတွင်း ထည့် ထားသည့် ဘိန်းဖြူဆပ်ပြာခွက် ၅၂၈ ခွက်အပြင် မူးယစ်ဆေးဝါးရောင်းချရငွေများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အားယုံ (ခ) ကျောင်ချန်းယုံ၊ မန်ဂျော့ကျေးရွာ၊ မန်တုံမြို့နယ် နေသူအား တပ်မတော်စစ်ကြောင်းမှ မဘိမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး မဘိမ်းမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Recent Tube