မိုးနဲတွင် နွားများကူးစက်ရောဂါကာကွယ်ရန်နှင့် မေထုံမဲ့သားစပ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲတွင် နွားများကူးစက်ရောဂါကာကွယ်ရန်နှင့် မေထုံမဲ့သားစပ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွားများ ကူးစက်ရောဂါ မဖြစ် ပွားစေရန်နှင့် မေထုံမဲ့သားစပ်လုပ်ငန်းများကို မေလ ၂၉ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။
.
.
“နားခံရွာမှာက ကျွဲနွားများတယ်။ တခြားရွာတွေကိုတော့ စကားမပေါက်တာနဲ့ကျွဲ၊ နွားမများလို့ အသိပညာပေး ဟောပြောမှုတွေ ဆက်လုပ်သွားဖို့ ရှိပါတယ်”ဟု ဒေါက်တာခင်မောင်ဝင်းက ပြောသည်။
.
မိုးနဲမြိုနယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း မွေးမြူထားသော နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ၊ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် မေထုံမဲ့သားစပ်ပေးခြင်းကို နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာနှင့် ပန်အူကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
.
အဆိုပါဆောင်ရွက်မှုတွင် ဒေသတွင်းနွားများ ကူးစက်ရောဂ်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ကြိုတင်ကာ ကွယ်သည့်အနေဖြင့် ဆေးများထိုးနှံပေးခြင်းအပြင် မျိုးကောင်းမျိုးသန့် ပြန့်ပွားရေး၊ အချိန်တိုကာလအတွင်း နွားသားပေါက် များ ဈေးကွက်တင်ပို့နိုင်ရေးနှင့် မွေးမြူရေးသမားများ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကာ နွား ၅၇ ကောင်ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး နွားမ ၂ ကောင်အား မေထုံမဲ့သားစပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
.
မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအတွင်း ကျွဲနွားများ အပြင် အခြားတိရိစ္ဆာန်များကိုပါ ကာကွယ်ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats