အမေရိကန် တပ်မတော်နှင့် အမေရိကန် ပြည်သူလူထုများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အမေရိကန် တပ်မတော်နှင့် အမေရိကန် ပြည်သူလူထုများ


စိုင်းကွမ်းမိုင်း
.
.
အမေရိကန် တပ်မတော်သည် အာဖဂန် နစ္စတန်တွင် စစ်ဆင်နွှဲနေသည်ကား ယခုဆို လျှင် ၁၈ နှစ်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပြီး အီရတ်တွင် ပါဝင်ဆင်နွှဲနေသည်တွင်လည်း ၁၆ နှစ်အတွင်းသို့ဝင်ရောက်လာပြီဖြစ်သည်။ ထို့ပြင် ယီမင်၊ ဆီးရီးယား၊ လစ်ဗျား၊ နိုင်ဂျာ၊ ဆိုမာလီယာစသည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကအ စိတ်အပိုင်းများတွင် အမေရိကန်တပ်ဖွဲ့ များသည် အကြမ်းဖက်မှုနှိမ်နင်းရေးများကို ဆက်လက်ဆင်နွှဲ နေလျက်ရှိသည်။
.
ယနေ့အချိန်တွင် သမ္မတထရမ့်အစိုးရအဖွဲ့သည် အီရန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် ခြိမ်းခြောက် နေပြန်သည်။ အမှန်ဆိုရလျှင် အမေရိကန် ခေါင်းဆောင်များသည် ကမ္ဘာကြီး၏အရေးပါ သည့် ဒေသများတွင် မအောင်မြင်သည့် စစ်ပွဲ များအားလုံးကို ဇွဲလုံ့လကြီးမားစွာ ထားရှိကာ အဘယ်ရည်ရွယ်ချက်များဖြင့် ဆင်နွှဲတိုက်ခိုက် လျက် နေကြသနည်းဟု နိုင်ငံရေးသုတေသီ ပညာရှင်များက မေးခွန်းထုတ်လာကြတော့ သည်။
.
လက်တွေ့အမှန်တရားကို ရင်ဆိုင်ရမည် ဆိုလျှင် အမေရိကန်ခေါင်းဆောင်များသည် ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားအမြတ်အစွန်းများ ရရှိနေမှုကြောင့်လည်းကောင်း နိုင်ငံရေးသြဇာ လွှမ်းမိုးထိန်းချုပ်ရေးအတွက်လည်းကောင်း ဆယ်စုနှစ်များစွာ ကြာမြင့်ရန် ယင်းစစ်များ ပဋိပက္ခများတွင် ပါဝင်နေခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်များမှ သုံးသပ်ထားသည်။
.
စစ်ပွဲသည် စီးပွား ရှာဖွေခြင်း
.
စစ်ပွဲဆိုသည်ကား မသမာသည့်နည်း၊ အ ကြမ်းဖက်သည့်နည်းများဖြင့် စီးပွားရှာနေခြင်း ဖြစ်သည်ဟူ၍ အငြိမ်းစား ဗိုလ်ချုပ်ကြီး စမက် ဒလေဘတ္တလာမှ လွန်ခဲ့သော ဆယ်စုနှစ်သုံးခု ကျော်ကပင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ သို့သော် ယနေ့အချိန်တွင် နိုင်ငံများအချင်းချင်းကြား၌ ကုန်သွယ်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနေပြီဖြစ်၍ စစ်တိုက်ပြီးရှာဖွေသည့်ပုံစံမျိုး ကို မည်သူကမျှ လုပ်ဆောင်ခြင်းမပြုတော့ချေ။
.
စစ်ပွဲသည် အဓိပ္ပာယ်ရှိသည့်နည်းလမ်း
.
ယနေ့အချိန်တွင် အမေရိကန်၏ အကျိုး စီးပွားများအပေါ်၌ အမေရိကန်၏ ရည်မှန်းချက်များ ထပ်မံဆောင်းထည့်၍ စစ်ဆင်နွှဲနေသည်ဟု ပညာရှင်များကဆိုသည်။ ထို့ကြောင့်အမေရိ ကန်တို့သည် စစ်ပွဲများကို ပုံစံအမျိုးမျိုးအ ကြောင်းပြချက် အသွယ်သွယ်ဖြင့် ဆက်လက် ဆင်နွှဲလျက်ရှိရာ အမေရိကန်တို့၏ ခန္ဓာကိုယ် အတွင်း၌ စစ်ပွဲဆင်နွှဲလိုသည့်သွေးများယိုစီး လည်ပတ်နေသည်ဟု နယူးယောက်တိုင်းမ်သတင်းစာမှ စစ်သတင်းထောက် ခရစ်ဟက်ဂျက် က မှတ်ချက်ပြုကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
စစ်ပွဲသည် အမေရိကန်အတွက် အဓိပ္ပာယ် ရှိသည့် စီးပွားရေးနည်းလမ်းကို ဖော်ပြသည့် အင်အားတစ်ခုပင် ဖြစ်ကြောင်း၊ သမိုင်းကြောင်း အရဆိုလျှင် အမေရိကန်တို့သည် ခိုင်ခံ့မာကြော မှုပုံရိပ်ကို အရင်းအနှီးမြှုပ်နှံထားပြီး ယနေ့ကမ္ဘာ့ စစ်ပွဲများတွင် ¤င်းတို့၏ ခိုင်ခံ့မာကြောမှုပုံရိပ် အားထုတ်သုံးပြီး စစ်ပွဲဆင်နွှဲနေခြင်းဖြစ်ကြောင်း သတင်းထောက်ခရစ်ဟက်ဂျက်က ဝေဖန်ထား ခြင်းဖြစ်သည်။ အမေရိကန်တပ်မတော်သားသူရဲ ကောင်းများကိုသာမက အမေရိကန်နိုင်ငံရေး စစ်သူရဲကောင်းများကို လေ့လာကြည့်မည်ဆို လျှင် အမေရိကန်၏ခိုင်ခံ့မာကြောမှုကို တွေ့ရှိ နိုင်သည်ဟု ဆက်လက်၍ သုံးသပ်ကာပြောဆို ခဲ့သည်။
.
အမေရိကန်တို့၏ ဆောင်ပုဒ်သည် ဘုရား သခင်၊ သေနတ်၊ လက်နက်နှင့် သတ္တိ(God, Guns and Guts)တို့ဖြစ်ပြီး ၄င်းသုံးရပ်တို့သည် အမေရိကန်အား လွတ်လပ်စေကြောင်း၊ ယင်း သုံးရပ်ကို ကမ္ဘာအနှံ့သို့ ဖြန့်ဝေလိုက်လျှင် ကမ္ဘာကြီးသည် ပိုမိုလွတ်လပ်ကာ ငြိမ်းချမ်း တည်ငြိမ်သွားမည်ဖြစ်သည်ဟု အမေရိကန် ဆောင်ပုဒ်သုံးရပ်ကို စစ်သတင်းထောက်ခရစ် ဟက်ဂျက်က ရှင်းပြသည်။
.
နိုင်ငံရေးအရ အားကိုးအားထားရမှု
.
ထို့ပြင် အမေရိကန်၏ တောင့်တင်းခိုင်မာမှု ကို ထပ်ဆောင်းရှင်းလင်းရမည်ဆိုလျှင် အားကိုး အားထားနိုင်ခြင်း (Political Credibility) PC ပင်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူအသိုင်း အဝိုင်းတို့ကဆိုသည်။ ဥပမာအားဖြင့် ပြည်ပ နိုင်ငံတစ်ခု၏ စစ်ပွဲတစ်ခုတွင် အမေရိကန်တပ် မတော်စစ်ပွဲနွံနစ်၍ မျောပါနေသည့် အခြေအနေ၌ပင် အမေရိကန်သမ္မတတစ်ဦးသည် စိတ်ပိုင်း ဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ခိုင်မာပြီး ဆုံးဖြတ်ချက် ပြတ်သားနေကာ သွေးရူးသွေးတန်းဖြစ်၍ အား နည်းယုတ်လျော့ကာ ပျော့ညံ့သည့် လက္ခဏာ လုံးဝတွေ့ရှိရခြင်း မရှိချေ။
.
လွန်ခဲ့သည့် ဆယ်စုနှစ်များစွာမှ အမေရိကန်သမိုင်းကြောင်းကို လေ့လာကြည့်လျှင် ဒုတိယကမ္ဘာစစ်ပွဲ၊ ကိုရီးယားကျွန်းဆွယ်ပွဲနှင့် ဗီယက်နမ်စစ်ပွဲများတွင် စစ်ပွဲနွံနစ်မျောပါနေသည့် အရေးကြီးသော အချိန်များတွင် အမေရိကန် သမ္မတများသည် စိတ်ဓာတ်ခိုင်မာစွာဖြင့် မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်ကာ စစ်ပွဲ များကို အနိုင်ယူတိုက်ခိုက်နိုင်ခြင်း သို့မဟုတ် အသေအကြေအထိအခိုက် ပျက်စီးဆုံးရှုံးမှုများ နည်းပါးစေရန် အတွက် မဟာဗျူဟာမြောက်စွာပင် စစ်ပွဲမှ ရုပ်သိမ်းထွက်ခွာနိုင်ခြင်း စသည့် ကောင်းကျိုးများကို ဖော်ဆောင်နိုင်ကြသည်။
.
ဥပမာအားဖြင့် ယနေ့အမေရိကန်သမ္မတ ထရမ့်သည် အမေရိကန်စစ်သုံးစရိတ်များမြင့် တက်နေမှုကို ငြီးငြူနေ သော်လည်း အာဖဂန် နစ္စတန်နှင့်အီရတ်တွင် အမေရိကန်ရှုံးနိမ့်သွား မည်ကို မလိုလားသောကြောင့် ၄င်းဒေသများ၌ တပ်များထပ်မံဖြည့်တင်းကာ ဆက်လက်ဆောင် ရွက်လျက်ရှိသည်။
.
လွတ်လပ်သော တိုက်ခိုက်ရေးသမားများ
.
ထို့ပြင် ၂၁ ရာစုခေတ်ကြီးတွင် သမ္မတလင် ဒန်ဂျွန်ဆင်နှင့် ရစ်ချက်နစ်ဆင်တို့သည် သမ္မတ ရွေးကောက်ပွဲများတွင် လူထုထောက်ခံမှုလျော့ ကျလာ၍ ရှုံးနိမ့်နိုင်သည်ကို သိရှိကြသော်လည်း အမေရိကန်၏ နိုင်ငံရေးနှင့် စစ်ရေးဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် အောင်မြင်မှုမျှော်လင့်ချက်ကင်းမဲ့သည့် ဗီယက် နမ်စစ်ပွဲအား ဆက်လက်ဆင်နွှဲခဲ့ကြသည်ကို တွေ့ရှိနိုင်သည်။
.
ပင်တဂွန်ဗိုလ်ချုပ်ကြီးများသည်လည်း ယင်းတို့၏ ရာထူးဂုဏ်သိက္ခာထိခိုက်လျော့ပါး လာသည်ကို စိုးရိမ်ခဲ့ကြ သော်လည်း စစ်ပွဲအရှိန် မြင့်တက်စေပြီး နျူကလီးယား ကမ္ဘာစစ်ပွဲအထိ တိုင် ဖြစ်ပွားလာနိုင်သော်လည်း စစ်တရားခံဖြစ် လာမည်ကို မမှုဘဲ စစ်ပွဲများကို ဂုဏ်သိက္ခာရှိစွာ ဆက်လက်ဆင်နွှဲခဲ့ကြသည်။ ဗီယက်နမ်စစ်ပွဲ အတွင်းတွင် ဗိုလ်ချုပ်ကြီးဝီလျမ်ဝက်စမိုးလင်း သည် ၁၉၆၈ ခုနှစ်၌ ဗီယက်နမ်စစ်ပွဲအတွင်း နျူကလီးယား လက်နက်သုံးစွဲ၍ တိုက်ခိုက်ရန် စဉ်းစားခဲ့သေးသည်ဟု သိရှိရသည်။
.
သို့သော် အမေရိကန်သမိုင်းတွင် ဆင်နွှဲ ခဲ့ကြသည့် စစ်ပွဲတိုင်းသည် အမေရိကန်အကျိုး စီးပွားကို ဖော်ဆောင် နိုင်ခဲ့ခြင်း မရှိကြောင်း အား နိုင်ငံရေးနှင့် စစ်ရေး သုတေသီတို့က ထောက်ပြကြသည်။ အမေရိကန်အစိုးရ၏ မောဟတွေဝေမှုများနှင့် သတင်းမရရှိမှုများ ကြောင့် သို့မဟုတ် သတင်းမှားအပေးခံရ မှုကြောင့် အမေရိကန် ခေါင်းဆောင်များ သည် အကျိုးမရှိသည့် စစ်ပွဲများကို မှား ယွင်းစွာ ဆင်နွှဲခဲ့ကြသည်။ အမေရိကန်တပ် မတော်သားများသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ပွဲဝင်နေ ကြသည့် လွတ်လပ်သော တိုက်ခိုက်ရေးသမား များ (Freedom Fighter.FFင်္)များဟု တ ဖက်မှ ချီးကျူးနေကြသော်လည်း ဂျော့ဒဗလျူ ဘုရ် ကဲ့သို့သော သမ္မတများသည် ဒီမိုက ရေစီနှင့် လူ့အခွင့်အရေးများကို ဖြန့်ဝေရန် ဟူသော အမည်နာမသမုတ်ပေးကာ ရက်စက် ကြမ်းကြုတ်သော စစ်ပွဲများကို ဆင်နွှဲခဲ့ကြ သည်။
.
အီရတ်စစ်ပွဲနွံတွင်း
.
အီရတ်စစ်ပွဲဆင်နွှဲခဲ့ခြင်းသည် မှားယွင်း သည့် ထောက်လှမ်းရေးသတင်းများကို အခြေခံ မလိုအပ်ဘဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချနိုင်ခဲ့သော် လည်း အပြစ်မဲ့ပြည်သူလူထုသိန်းချီ၍ သေ ကြေပျက်စီးကာ ဘာသာရေးလူမျိုးရေးဂိုဏ်း ဂဏစစ်ပွဲများ ပြင်းထန်လာမှုကြောင့် ပြည်တွင်း စစ်ပွဲတွင် အယ်လ်ကိုင်ဒါနှင့ှ်ု အစွန်းရောက် အကြမ်းဖက်အဖွဲ့များလည်း ခြေကုပ်ယူကာ ယနေ့ထက်တိုင်ပင် အီရတ် အခြေအနေသည် တည်ငြိမ်မှု မရရှိသေးချေ။ အီရတ်နိုင်ငံတွင် ရှိယိုက်ဘာသာဝင်များ စုစည်းနေထိုင်သဖြင့် နိုင်ငံရေးသြဇာ လွှမ်းမိုးမှုကို ဟန့်တားရန်နှင့် အီရတ်အမျိုးသားတပ်မတော်အား ဆက်လက် လေ့ကျင့်ကူညီပေးရန်အတွက် အမေရိကန်အ ထူးတပ်ဖွဲ့များကို ယနေ့အချိန်ထိ၌ အီရတ်တွင် ဆက်လက်ဖြန့်ကျက်ထားရသည်။ အီရတ်နွံအ တွင်းမှ အမေရိကန်ရုန်းမထွက်နိုင်သေးပေ။
.
အမြစ်စွဲနေသောအကြမ်းဖက်မူဝါဒသို့ 
.
သမ္မတဂျော့ဒဗလျူဘုရှ်သည် ဒီမိုကရေစီ လူ့အခွင့်အရေးကို ဖြန့်ဝေရန်အတွက် အီရတ် စစ်ပွဲဆင်နွှဲခဲ့သော်လည်း အီရတ်တွင် ဒီမိုကရေ စီသည်ကား ဖွံ့ဖြိုးမလာဘဲ အကြမ်းဖက်မှုများ ကသာ ကြီးထွားလာကာ ယင်းအကြမ်းဖက်မှု များသည် ယနေ့အချိန်အခါတွင် ကမ္ဘာတစ်လွှား   ဒီမိုကရေစီအား ပြန်လည်သတ်ဖြတ်လျက်ရှိပေ ပြီ။ လွန်ခဲ့သောလအတွင်းတွင် ဝါရှင်တန်ပို့စ် သတင်းထောက်ဆော်ဒီလူမျိုး ဂျမားခါရှော့ဂီ အား ဆောဒီအစိုးရ ကမ်ပင်အကောက်ကြံစည်မှု ဖြင့် ပြန်လည်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအကောက်ကြံမှု၌ အမေရိကန်၏ ပရောဂ မကင်းပေ။
.
ဆော်ဒီကဲ့သို့ မဟာမိတ်နိုင်ငံများကို အမေ ရိကန်တို့သည် ဒီမိုကရေစီကျင့်စဉ်များကို ကြီး ထွားဖွံ့ဖြိုးရန် ဖော်ဆောင်ပေးခြင်းမပြုဘဲ စစ် ရေးအင်အားကြီးထွားစေရန်သာ အဆင့်မြင့် လက်နက်များကို ဒေါ်လာဘီလီယံချီ၍ ရောင်း ချကာ ထောက်ပံ့ပေးနေသည်ဟု နိုင်ငံရေး ပညာရှင်များက ဝေဖန်ကာ ထောက်ပြသည်။ အမေရိကန်နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင် များသည် မှားယွင်းသည့် စစ်ပွဲများကို တိုက် ခိုက်နေကြသည်ဟု အမေရိကန်နိုင်ငံရေးပညာ ရှင်များက ဝေဖန်ထောက်ပြသည်။ နိုင်ငံရေး နှင့် စစ်ရေးခေါင်းဆောင်များသည် အမေရိကန် တပ်မတော်နှင့် စစ်လက်နက်ပစ္စည်းများကို ကမ္ဘာပေါ်တွင် ကင်ဆာရောဂါကဲ့သို့ အမြစ်စွဲနေ သည့် အကြမ်းဖက် မူဝါဒ သို့မဟုတ် အမျိုးမျိုး သော အစ္စလာမ်မစ်အစွန်းရောက်ဝါဒအား ပစ်မလွဲ ချေမှုန်းနိုင်သည့် ဒုံးကျည်အင်အားစု များဟု ဖော်ပြနေမှုသည် မှားယွင်းသည့်လုပ်ရပ် ဖြစ်သည်ဟု ပညာရှင်များက ထောက်ပြသည်။ သို့သော် ထိုအဆင့်မြင့်ထက်မြက်သော လက် နက်များသည် အစစ်အမှန်ရန်သူများများ ချေ မှုန်းရာတွင် အရာမရောက်ဖြစ်နေပြီး အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ရာတွင်သာ ထက် မြက်နေခြင်းဖြစ်သည်။ ယီမင်ကဲ့သို့ ကမ္ဘာ့စစ်ပွဲ ဇုန်များတွင် အမေရိကန်အဆင့်မြင့်လက်နက် များဖြင့် တိုက်ခိုက်ချေမှုန်းမှုကြောင့် ကလေးသူ ငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများ များ စွာ သေဆုံးခဲ့ကြရပြီး ပြည်သူများ သန်းချီ၍ စစ်ပွဲဒုက္ခသည်များ ဖြစ်နေကြရသည်။
.
တည်ငြိမ်မှုပျက်ပြားလာသည့် ဥရောပဒေသ
.
အရှေ့အလယ်ပိုင်းနှင့် အမေရိကတိုက်မှ စစ် ဘေးရှောင်စစ်ပြေးဒုက္ခသည်များသည် ဥရောပ ဒေသသို့အစုလိုက် အပြုံလိုက်ပြေးဝင်ခိုလှုံလာမှု များကြောင့် အေးချမ်း တည်ငြိမ်နေသော ဥရောပတိုက်ကြီးသည်ပင် ယနေ့အချိန်၌ မ တည် မငြိမ်မှုများ ဖြစ်ပေါ်လာကာ အစ္စလာမ် ဆန့်ကျင်ရေး အမျိုးသားဝါဒီများပင် တက်ကြွ လှုပ်ရှားနေကြသည် အထိ အခြေအနေများ ဆိုးရွားလာတော့သည်။ ယနေ့အချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် မဟာမိတ်နိုင်ငံများကို ထီးရိပ်မိုးကာကွယ်ရန် အတွက် စစ်စရိတ်ဘီလီယံချီ၍ အသုံးပြုကာ စစ်တိုက်နေရခြင်းကို ပြည်တွင်းနှင့်ပြည်ပရှိ စီးပွားရေးကုန်သွယ်မှု နယ်ပယ်၌ ရင်းနှီးမြှုပ် နှံမှုများအတွက် စဉ်းစားလာကြသည့် အမေရိ ကန်အခွန်ဆောင် ပြည်သူများသည် အမေရိကန်တပ်မတော်မှ ဆယ်စုနှစ်များစွာ ဆင်နွှဲ နေရသော အကျိုးမဲ့သည့် စစ်ပွဲများကို တစ် ဖက်က ဆက်လက်ထောက်ခံရင်း တစ်ဖက်က လည်း အမေရိကန်ပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင် သည့် သာလွန်ကောင်းမွန်သော စီးပွားရေးဘဝ အားမြှင့်တင်တည်ဆောက်ရန် လိုလားလျက်ရှိ နေကြသည်။
.
လက်ရှိအချိန်တွင် အမေရိကန်ပြည်သူများသည် အောင်မြင်မှုမရှိသော စစ်ပွဲများကို ဆင်နွှဲလျက်ရှိသည့် အမေရိကန်တပ်မတော်များ ဆက်လက်ထောက်ခံပေးနေခြင်းသည်ပင် အံ့ သြဖွယ်ဖြစ်ရပ်တစ်ခုဟူ၍ ကမ္ဘာ့စစ်ရေးသုတေ သီတို့က သုံးသပ်ထားပေသည်။ ထိုသုံးသပ်မှု များကို အမေရိကန်တပ်မတော်သည် ဥပေက္ခာ  ပြု လျစ်လျူရှုထားသာမက ဆက်လက်ကာ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့မှစတင်၍ အမေရိကန်တပ်မတော်သည် မက္ကဆီကိုခြံစည်း ရိုးတစ်လျှောက်တွင် စစ်ရေးစတင်လေ့ကျင့် လျက်ရှိလာသည်ကို ကမ္ဘာတစ်ဝှမ်းမှ တွေ့ရှိ လာရသည်။ အမေရိကန်တပ်မတော်၏ ခြေ လှမ်းသည်ကား။ ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats