မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်င်ငံဆိုင်ရာ ပြင်သစ်သံ အမတ်ကြီး Mr.Christian
Lechervy ဦးဆောင်သည့် စီးပွားရေး အေဂျင်စီအဖွဲ့များသည် ပြင်သစ် ကုန်သွယ်ရေး ကိုယ်စားလှယ်များနှင့်
အတူ နိုဝင်ဘာ ၂၆/၂၇ ရက်များတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း
ကုန်သည်ကြီးများအသင်း တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.
''ပြီးခဲ့တဲ့ နှစ်တွေမှာ သံလွင်မြစ် အတွင်း သဘာဝပတ်ဝန်းကျင်ကို
မထိခိုက်ဘဲ ဆည်မဆောက်တဲ့နည်း တွေနဲ့ ထုတ်လုပ်နိုင်ဖို့ ပြင်သစ်ကနည်း ပညာ အဖွဲ့ ၂ ဖွဲ့နဲ့
လုပ်ဆောင်ပေး ခဲ့တဲ့ ကိစ္စတွေအရ ဖိတ်ကြားခံရတာပါ။ ပြင်သစ်က နည်းပညာနဲ့ ထုတ်မယ့် Hydro
Quest Power က ၂ဝ၂ဝ နောက်ဆုံးထားပြီး ထုတ်မယ် လို့ သိထား ပါတယ်။ အခုလဲ ရှမ်းပြည် နယ်အစိုးရနဲ့
သူတို့တွေ့ဆုံခဲ့တာအ ပြင် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ကို ရင်းနှီးမှုရအောင် ပြီးတော့
သူတို့ရဲ့ စီးပွားရေးအဖွဲ့တွေနဲ့ တွေ့ဆုံ ရင်းနှီးအောင် လုပ်တဲ့ပွဲပဲ''ဟု အဆိုပါ ခရီးစဉ်
အတွင်း ပါဝင်ခဲ့သည့် ဦးတင် မောင်သိန်းက ပြောသည်။
ပြင်သစ် သံအမတ်ကြီးသည် နို ဝင်ဘာလ ၂၆ ရက်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်
အပါအဝင် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး နိုဝင် ဘာ ၂၇ ရက်တွင် တောင်ကြီးမြို့ရှိ
Royal Taunggyi Hotel ၌ ဒေသခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည်။
.
ယင်းသို့ တွေ့ဆုံရာတွင် ပြင်သစ် သံအမတ်ကြီးက ရှမ်းပြည်နယ်အတွင်းရှိ
စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများနှင့် ပတ်သက်၍ ပြင်သစ် ကုမ္ပဏီများ၏ အကျိုးစီးပွားလည်း
ရှင်းလင်းစွာ ကြီးထွားလာနေကြောင်း၊ စွမ်းအင်ကဏ္ဍကို ရှင်းလင်းစွာဖြင့် ထိပ်တန်းဦးစားပေးအဖြစ်
ဖော်ထုတ် နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
.
ပြင်သစ် သံအမတ်ကြီး ခရီးစဉ် တွင် ၄င်းနှင့်အတူ ပြင်သစ်အစိုးရပိုင်
EDF လုပ်ငန်းကုမ္ပဏီ ၊ Schneider လျှပ်စစ်ကုမ္ပဏီ၊ Hydroquest Voltalia, Bioderma,
Accor Hotel အုပ်စု၊ ဆောက်လုပ်ရေး ကဏ္ဍမှ Byma, Freyssinet ESifh Razel-BEC အင်ဂျင်နီယာ
ကုမ္ပဏီများ ဖြစ် သည့် Artelia, Berim, Tractebei များ၊ အာကာသနှင့် လုံခြုံရေးကုမ္ပဏီ
များဖြစ်သည့် ATR နှင့် Thales များ၊ ပြင်သစ်ကော်ဖီ ကုမ္ပဏီတို့ ပါ ဝင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကုမ္ပဏီများ အနေဖြင့် ရွှေလီ ၃ ရေအားလျှပ်စစ် စီမံကိန်း၊ UNODC
၏ ဘိန်းထုတ်လုပ်မှုမှ ကော်ဖီထုတ်လုပ်မှု လုပ်ငန်းစီမံချက် များတွင် ပါဝင်လုပ်ဆောင်လျက်ရှိ
ကြောင်းနှင့် ပြည်တွင်း စီးပွားရေးလုပ် ငန်းရှင်များ လိုအပ်နေသည့် ငွေကြေး အရင်းအနှီးများကိုလည်း
အကျိုးအ မြတ် တစ်ရာခိုင်နှုန်းမျှသာ ရယူ၍ လုပ်ငန်းများကို မတည်ပေးရေးလုပ် ဆောင်ပေးနိုင်ရန်လည်း
ပြောကြားကြ ကြောင်း ညြေပညွေမနနညှနမလငခနျ မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်အိခင် ခင်ထံမှ
သိရသည်။
.
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး
ဦးစိုင်းရှဲန်တစ်လုံ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း
ကုန်သည် ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအ သင်းမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
.
.
.
#KBZTai #Shan