တာဆန်းတံတား စုပေါင်းစစ်ဆေးရေးဂိတ်တွင် ငွေကျပ် သိန်းပေါင်း ၃၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာဆန်းတံတား စုပေါင်းစစ်ဆေးရေးဂိတ်တွင် ငွေကျပ် သိန်းပေါင်း ၃၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


အယ်လ်စိုင်း (ရှမ်းအညာမြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ သံလွင်မြစ်ကူးတံတား တာဆန်း စုပေါင်းစစ်ဆေးရေး ဂိတ်တွင် ဒီဇင်ဘာလ ၈ ရက်၊ ညနေပိုင်းက မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်းပေါင်း ၃၀၀ ခန့် တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်တပ်ဖွဲ့စု (၂၇) လွိုင်လင်မှ ဒုရဲအုပ် ဝင်းနောင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းပန်မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်၊ ညနေ ၆ နာရီခန့်က တာဆန်းတံတး စုပေါင်း စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာလျက် ရှိသော မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေနေစဉ် မိုင်းပန် ဘက်မှ မိုင်းတုံဘက်သို့ နမ့်စန်မြို့နေ ယာဉ်မောင်း လောက်ပေါင်း (၃၃ နှစ်) မောင်းနှင်လာသော Mark II အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် ဝဲဘက်တံခါး အံဝှက် အတွင်းမှ မှိုင်းခံစက္ကူဖြင့် ထုတ်ပိုးလျက် အပြာရောင် ကပ်ခွာအိပ်အတွင်း ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ခန့်အား စစ်ဆေးရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူ နမ့်စန်မြို့နေ ယာဉ်မောင်း လောက်ပေါင်း (၃၃ နှစ်)၊ နမ့်စန်မြို့နေသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats