ကမ္ဘောဇဘဏ် နာယကမှ အောင်ခြင်းရှစ်ပါးစေတီတော်မြတ် တည်ထားရန်အတွက် မတည်ငွေ ကျပ်သိန်း ၃ဝဝ လှူဒါန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, December 24, 2018

ကမ္ဘောဇဘဏ် နာယကမှ အောင်ခြင်းရှစ်ပါးစေတီတော်မြတ် တည်ထားရန်အတွက် မတည်ငွေ ကျပ်သိန်း ၃ဝဝ လှူဒါန်း


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ရှိ ရေငံကျေးရွာ၊ အောင်တော်မူကုန်း တော်တွင် အောင်ခြင်းရှစ်ပါး စေတီ တော်မြတ် တည်ထားရန်အတွက် ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့်ဇနီး ဒေါ်နန်းသန်းသန်းထွေး မိသားစုမှ မတည်၍ ငွေကျပ်သိန်း ၃ဝဝ ကို လှူဒါန်းခဲ့ကြောင်း သိရ သည်။
.
.
ကျောက်ပန်းတောင်းမြို့နယ်ရှိ ရေငံကျေးရွာ၊ အောင်တော်မူ ကုန်း တော်၏ အောင်ခြင်းရှစ်ပါး စေတီ တော်မြတ် ဝတ္တကမြေပေါ်တွင် မြေ သန့်စင်ခြင်း မင်္ဂလာပွဲကို ဒီဇင်ဘာလ ၂၁ ရက်က ပြုလုပ်ခဲ့ရာ တောင်ကြီး မြို့၊ အောင်မြေဘုံစံသာမဏေကျော် ကျောင်းတိုက်နှင့် လောကမာန်အောင် ကျောင်းတိုက်တို့၏ ဦးစီးပဓါန နာယက ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒနှင့် သီရိဇေယျသိဒ္ဓိအောင် ဇရပ်ကုန်းကျောင်း ဆရာတော် ဘဒ္ဒန္တ သောဘိတတို့မှ ဦးဆောင်၍ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
'' ဆရာတော်တို့ရဲ့ ဒီနေရာ ဒီဒေသဟာ သာမန်ဒေသ မဟုတ်ပါဘူး။ ရဟန်းပညာရှိ၊ လူပညာရှိများစွာ ပေါ်ထွန်းခဲ့တဲ့ ထူးကဲသောဒေသ ဖြစ်ပါတယ်။ သာသနာပြုသမိုင်းမှာ ရဟန်းပညာရှိ ပုဂ္ဂိုလ်ထူးများ ပေါ်ထွန်းခဲ့သလို လူပုဂ္ဂိုလ်များမှာလည်း ဘိုးမင်းခေါင်တို့၊ ဘိုးတော်ဝါယမတို့ စတဲ့ ထွက်ရပ်ပေါက် လူပုဂ္ဂိုလ်ထူးကြီးများ ပေါ်ထွန်းရာ အောင်မြေဒေသ ဖြစ်ပါတယ်။ အဲဒါကြောင့် ဆရာတော်က အောင်ခြင်းရှစ်ပါး စေတီတော်လို့ အမည်တပ်ပြီး ဘုရားတည်မယ့် မြေနေရာ အကျယ် ၄ ဧကကို အောင်တော်မူကုန်းလို့ အမည်နာမ ခေါ်ဆိုသတ်မှတ်ခဲ့ပါတယ်။ တစ်ဖန် မတည်ငွေ လှူဒါန်းတဲ့ အလှူရှင် ဒါယကာကြီး ကလည်း ဦးအောင်ကိုဝင်းဆိုတော့ အောင်ဓါတ်ကို ရယူထားခြင်း ဖြစ်သလို အနာဂတ် သာသနာတော်ကြီး တိုးတက်ပြန့်ပွား အောင်မြင်စေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ရသလို တိုင်း ရင်းသား ညီအစ်ကို မောင်နှမများ အချင်းချင်း မေတ္တာဓါတ်တွေ သက် ဝင်ကာ အမိနိုင်ငံတော်ကြီး ငြိမ်း ချမ်းသာယာ ဝပြောအောင် ဤဒေ သမှ ထွက်ရပ်ပေါက် ဘိုးတော်များ ကလည်း တစ်ဘက်တစ်လမ်းမှ နေ ပြီး အမိနိုင်ငံတော်ကြီးအား စောင့် ရှောက်ပေးနိုင်ပါစေခြင်း အကျိုးငှာ လည်းကောင်း၊ ၇ ရက် သားသမီး များ ဖူးမျှော်ကြည်ညို လှူဒါန်းပြီး အချင်းချင်း မေတ္တာဓါတ်တွေ သက် ဝင်ကာ နိဗ္ဗာန်မဂ်ဖိုလ်ကို ဘဝ တို တိုနဲ့ မျက်မှောက်ပြုနိုင်ကြစေဖို့ ရည် ရွယ်ပြီးတော့ တည်ထားတော်မူခြင်း ဖြစ်ပါတယ်'' ဟု ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒမှ ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။
.
အဆိုပါ အောင်မြင်ခြင်းရှစ်ပါးစေ တီတော်မြတ်၏ ဝတ္တကမြေကို ရေငံ ကျေးရွာနေ မြေပိုင်ရှင်များဖြစ်ကြ သော ဦးအောင်စိန်+ဒေါ်သင်းကြည်၊ ဦးဆန်းလင်းအောင်+ဒေါ်သီတာဝင်း၊ ဒေါ်တင်ထွေး၊ (ဦးဝင်းရွှေ)+ဒေါ်မြ ထွေး၊ (ဦးမောင်သန်း)+ဒေါ်ဆယ်အေး၊ ဦးတိုင်းကျော်+ဒေါ်စိန်ကြည်၊ ဦးဝင်း ရွှေ+ဒေါ်အေးမြင့် မိသားစုတို့မှ လှူ ဒါန်းခဲ့ကြခြင်းဖြစ်ပြီး ယင်းမြေပေါ်တွင် ဗိုလ်မှူးနေလင်းထွန်း အမှတ် (၉၁ဝ) စစ်မြေပြင် အင်ဂျင်နီယာတပ် မန္တလေး မြို့တို့၏ စက်ယန္တရားများနှင့် စေတ နာဒါန၊ လုပ်အားဒါန လှူဒါန်းထောက် ပံ့မှုတို့ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube