ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေး ဝါးဖမ်းဆီးရမှုများနေ့စဉ်လိုလို ကြုံ
တွေ့နေရပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး
နှင့် ရဲတပ်ဖွဲ့ထံသို့ သတင်းပေးတိုင် ကြားရာတွင် မမှန်မကန် တိုင်တန်းမှု များကြောင့်
ရှာဖွေခံရသူ ပြည်သူများ နစ်နာမှုနှင့် ကြုံတွေ့ရမည်ကို ပြည်သူ အချို့က စိုးရိမ်လျက်ရှိကြောင်း
သိရ သည်။
.
.
''ကျွန်တော်တို့ ပြည်နယ်မှာကတော့ မူးယစ်ဆေးဝါး ဖမ်းမိတဲ့ဖြစ်စဉ်
တွေကတော့ မထူးဆန်းတော့ပါဘူး။ နေ့စဉ်လိုလို ကြားနေရတယ်။ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေက ရှမ်းပြည်လောက် မများဘူး။ မမှန်မ ကန် သတင်းပေး တိုင်ကြားတာတွေ
လည်း ကြားနေရတယ်။ သတင်းစာ တွေ၊ ဂျာနယ်တွေ၊ လူမှုကွန်ရက်တွေ ရုပ်သံသတင်းတွေမှာလည်း မြင်နေ
တွေ့နေရတယ်။ အဲဒီလို မမှန်မကန် တိုင်ကြားတွေ ကြားနေရတော့ ကျွန် တော်တို့ အနေနဲ့ စိုးရိမ်ရတာပေါ့။
ကိုယ်က မလုပ်ပေမယ့် အမြင်ကပ်တဲ့ လူက အဲဒီလို မမှန်မကန် တိုင်ပြီး မ သိအောင် လာထားသွားတာမျိုးဆိုရင်
ဘာမှ လုပ်လို့ မရဘူးလေ။ မှားတာ မှန်တာ၊ ဟုတ်တာ မဟုတ်တာ အ သာထားဦး။ အရင်ဆုံး အဖမ်းခံရမှာ
ပါ။ အဲဒါကြောင့် အရမ်းကို စိုးရိမ်မိ တယ်''ဟု တောင်ကြီးမြို့နေ ဒေသခံ ပြည်သူ ကိုမျိုးမင်းဝင်းမှ
ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
ယင်းကဲ့သို့ မမှန်မကန် သတင်းပေး တိုင်ကြားမှုများမှာ ရှမ်းပြည်နယ်
အတွင်း၌ ကြီးကြီးမားမား မရှိသေး သော်လည်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီး၊
ဘိုကလေးမြို့နယ်ရှိ ကျားမင်းငရုတ်ဆီလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့မူး ယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကား နေကြောင်း သတင်းအရ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက
လာ ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး မူး ယစ်ဆေးဝါးနှင့် ပတ်သက်၍ ရှာဖွေ တွေ့ရှိခဲ့ခြင်း
မရှိခဲ့သည့်အတွက် ရှမ်း ပြည်နယ်အတွင်း၌လည်း ယင်းကဲ့သို့ ဖြစ်ပေါ်လာမည်ကို ပြည်သူအချို့မှ
စိုးရိမ်လျက်ရှိကြောင်း သိရသည်။
.
''လာတိုင်တာတွေ၊ သတင်းလက်ခံရှိတဲ့ ဌာနတွေ၊ ရဲတပ်ဖွဲ့တွေ တိုင်ကြားစာ
လက်ခံဆောင်ရွက်ရတဲ့ သက်ဆိုင်ရာ ဌာနအနေနဲ့ သေချာ စစ်ဆေးပြီးမှသာ အတိုင်ကြားခံရတဲ့ သူ
(သို့မဟုတ်) လူနေအိမ်တွေကို စစ်ဆေးရှာဖွေတာမျိုး လုပ်သင့်တယ်။ တကယ်လို့ မရှိခဲ့ဘူးဆိုရင်
ရှာဖွေစစ် ဆေးခံရသူရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှု တွေအပြင် အသက်ဆုံးရှုံးနစ်နာမှုတွေ ရှိလာနိုင်ပါတယ်။
ဒါကြောင့် မမှန်မ ကန် သတင်းပေးတိုင်ကြားရင် တိုင် ကြားသူကို ထိရောက်စွာ အရေးယူ ပေးဖို့
လိုပါတယ်''ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အတွင်း၌ မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားနေ ကြောင်း
မမှန်မကန် တိုင်တန်းမှုများ ရှိလာခဲ့ပါက သက်ဆိုင်ရာ တာဝန်ပေး အပ်ခြင်း ခံရသည့် ရဲတပ်ဖွဲ့ဝင်များအ
နေဖြင့် တိုင်တန်းမှု သတင်းရရှိသော် လည်း အဆိုပါ တိုင်ကြားခံရသူများ နှင့် ပတ်သက်၍ ကျော်ဇောသတင်း၊
ပြစ်မှုဟောင်း၊ ပတ်ဝန်းကျင် စုံစမ်းမှု များအပြင် ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ် နည်းနှင့်အညီ
စုံစမ်းမှုများ ပြုလုပ်ပြီး စိစစ်အတည်ပြုချက် ရရှိမှသာ ဝင် ရောက်ရှာဖွေခြင်းနှင့် ဖမ်းဆီးမှုမျိုးကို
လုပ်ဆောင်သင့်ကြောင်း ¤င်းမှဆက် လက်ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံအတွင်း မူးယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့်
ဆေးဝါးများ အန္တရာယ်တားဆီး ကာ ကွယ် နှိမ်နင်းရေးအတွက် ပြည်သူလူ ထုထံမှ ပေးပို့လာသည့်
သတင်းအ ချက်အလက်များကို စနစ်တကျ လက်ခံနိုင်ရန် မူးယစ်ဆေးဝါး အထူး သတင်းတိုင်ကြားရေးဌာနကို
နိုင်ငံ တော်သမ္မတရုံးမှ ယခုနှစ် ဇွန်လ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် နိုဝင်ဘာလ
၂၄ ရက်အထိ အမှု ပေါင်း ၃၉၉ မှုမှ တရားခံ ၆၁၆
ဦး အား ဖမ်းဆီးအရေးယူ ဆောင်ရွက် နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။
.
.
.
#KBZTai #Shan