သတိ ရှေ့ ကြည့်၊ ဘယ်ကြည့်၊ ညာကြည့် အားလုံးကို ကြည့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သတိ ရှေ့ ကြည့်၊ ဘယ်ကြည့်၊ ညာကြည့် အားလုံးကို ကြည့်


မြေခဲတောင် မောင်မောင်ဝင်း
.
.
လတ်တလော တွေ့ရှိ မှတ်သားရသော ကမ္ဘာလုံးဆိုင်ရာ နေ့ထူးနေ့မြတ်များ၏ အမှတ် တရ အထိမ်းအမှတ် နေ့ပေါင်းများစွာထဲတွင် ထူး ထူးခြားခြား အနေဖြင့် ''ကမ္ဘာတစ်ဝန်းယာဉ် တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အမှတ်တရနေ့''သည်လည်း အပါအဝင် ဖြစ်ပါ၏။
.
ထူးခြားသည်မှာ တခြားသော အမှတ်တရ အထိမ်းအမှတ်နေ့ စသည် စသည်တို့သည် လ တစ်လ၏ နေ့ရက် တစ်ရက်ရက်ကို ပုံသေသတ် မှတ်ထားတတ်လေ့ ရှိသော်လည်း ယခုဖော်ပြပါ နေ့ကိုမူ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးသည် ''နိုဝင်ဘာလ၏ တတိယပတ်၊ တနင်္ဂနွေနေ့''ဟူ၍သာ အတည်ပြု သတ်မှတ်ပြဌာန်းပေးထားပါလေ၏။
.
၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အစည်းအဝေးမှ အဆိုပါ ထူးခြားသည့် အမှတ်တရနေ့ထူး နေ့ တစ်နေ့ကို သတ်မှတ်နိုင်ခဲ့ကြခြင်းလည်း ဖြစ်ပါ၏။
.
ယာဉ်တိုက်မှုကြောင့်ဟု ဆိုရာတွင် အများ ပိုင်လမ်းကို ဝိုင်းဝန်းအသုံးပြုနေကြသော ယာဉ် အသုံးပြုသူများနှင့် ထိုလမ်းကို အသုံးပြုသွား လာနေကြသော ပြည်သူများဟူ၍ ပါဝင်ကြမည် ဖြစ်သည်။
.
လမ်းကို အကြောင်းပြု၍ ယာဉ်အသုံးပြုသူ များနှင့် ပြည်သူများတို့သည် မည်သည့်အချိန် အခါ၌မဆို၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လူ့ကျင့်ဝတ် စသည်တို့ဖြင့် သတိထားပြီး စည်း ကမ်းရှိရှိဖြင့် ဖြတ်သန်း မောင်းနှင်ကာ သွားကြ၊ လာကြမည်ဆိုပါလျှင် ဖော်ပြပါ ''ယာဉ်တိုက်မှု ကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အမှတ်တရနေ့''ဟူသည် ကမ္ဘာ၌ ပေါ်ပေါက်လာစရာအ ကြောင်းရှိမည် မဟုတ်ပေ။
.
ယာဉ်ကို မောင်းနှင်အသုံးပြုနေသူသည် လက်ကိုင်ဖုန်း ၂ လုံး ၃ လုံးဖြင့် အသုံးပြုပြော ဆိုနေမည်ဆိုကတည်းက သူ့အတွက် အန္တရာယ် တစ်စုံတစ်ခုက အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ ကျရောက်လာတော့မည်ဆိုသည်ကို မှန်းဆထားသင့်ပါ၏။ တစ်ဘက်မှ ပြောဆိုစကားသံသည် သာယာနာပျော်ဖွယ် ဖြစ်မနေဘူးဆိုပါက လမ်းပေါ်က ယာဉ်အသုံးပြုသူသည် ယာဉ်ကို လမ်းဘေး၌ ခဏမျှ ရပ်တန့်ထားလိုက်သည်က ဖော်ပြသော ထူးခြားသည့် အမှတ်တရနေ့ စာရင်းတွင် သူပါဝင်နေမည် မဟုတ်တော့ပေ။
.
ထို့အတူ လမ်းကို အသုံးပြုနေကြသော ခြေကျင်သွား ပြည်သူများအနေဖြင့်လည်း ဖြစ်ပြီဆိုမှ ''ငါတော့မှားသွားပြီ၊ ဒဏ်ရာရသူများ၊ အမှတ်တရနေ့မှာ ငါတော့ ပါသွားပြီ''စသည် ဖြင့် မဖြစ်ရလေအောင် သတိကြီးစွာဖြင့် ရှေ့ လည်းကြည့်၊ ဘယ်လည်းကြည့်၊ ညာကိုလည်း ပြန်ကြည့် အားလုံးကို ကြည့်ပြီး ဖြတ်သန်းသွား လာသင့်ပေသည်။
.
ကမ္ဘာတစ်ဝန်းလုံး၌ ထိခိုက်ဒဏ်ရာ ရရှိမှု အကြောင်းအမျိုးမျိုး ဖြစ်ပွားရခြင်းများတွင် စစ်ပွဲများကြောင့် လည်းကောင်း၊ အကြမ်းဖက်မှုများကြောင့် လည်းကောင်း၊ လူမှုရေးအကြောင်းများ ကြောင့်လည်းကောင်းနှင့် ယာဉ်မတော်တဆမှု ကြောင့် ဖြစ်ပွားလာရခြင်း စသည်ဖြင့် ရှိနေလေ ရာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုသည် ရာခိုင်နှုန်း အများဆုံး (၂၂ ဒသမ ၈ ရာခိုင်နှုန်း)ရှိ နေသည်ကို တွေ့ရှိမှတ်သားရ ပါသည်။
.
နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံး၌ ယာဉ်မတော် တဆမှုကြောင့် လူပေါင်း ၁ ဒသမ ၃ သန်းခန့် သည် အသက်ဆုံးရှုံး လျက်ရှိနေသည် ဟူ၍ လည်း သိရှိရပါ၏။
.
ယာဉ် မတော်တဆမှု သို့မဟုတ် ယာဉ် တိုက်မှုနှင့် ပတ်သက်၍ ဟိုးယခင်ခေတ်၊ ယခင် နှစ်များက ဥပဒေကို လွဲမှားစွာ အသုံးချလျက် ကိုယ်ကျိုးစီးပွားရှာခဲ့ကြသည့် သာဓကပေါင်းများစွာ ရှိခဲ့ကြလေသည်။ ဥပဒေကို တတ်သိ နားလည်သည့် လူပုဂ္ဂိုလ်များနှင့် နားမလည်ကြသည့် လူပုဂ္ဂိုလ်တို့သည် ယာဉ်မတော်တဆမှု သို့မဟုတ် ယာဉ်တိုက်မှု တစ်ခုခုဖြစ်ပြီ ဆိုသည် နှင့် ယာဉ်ကြီးကိုပဲ အပြစ်တင်၊ ပုံချတတ်ကြ သည် မဟုတ်ပါလား။
.
ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ၂ဝ၁၂ ခု နှစ် ဧပြီလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်း စာပါ အောက်ပါလွှတ်တော် အမေး၊အဖြေ ကဏ္ဍကို ကူးယူတင်ပြလိုပါ၏။
.
မကြာသေးသော ပထမအကြိမ် လွှတ်တော် သက်တမ်း ကာလက ဖြစ်ပါ၏။ ''ယာဉ်ကြီး ယာဉ်ငယ် ထိခိုက်မှုပြဿနာများအား ဥပဒေနှင့် အညီ ဖြစ်စေရန် သက်ဆိုင်ရာဌာနနှင့် အဖွဲ့အ စည်းများက မည်သို့ ကြပ်မတ်ပြုပြင်ပေးနိုင်မည်ကို သိရှိလိုကြောင်း'' မေးခွန်းကို မူဆယ်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က မေးမြန်းခဲ့ရာ ထိုမေးခွန်းကို ပြည်ထဲရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အောက်ပါအတိုင်း ပြန် လည်ဖြေကြားခဲ့ပါလေ၏။
.
ဒုတိယဝန်ကြီး၏ ဖြေကြားချက်ကို ကြား နာလိုက်ရသော သက်ဆိုင်ရာ ဌာနများမှ ဥပဒေ ကို တတ်သိနားလည်နေကြပြီးဖြစ်သည့်ပညာရှင် လူပုဂ္ဂိုလ်တို့အဖို့ ''ငါတို့စားပေါက်တော့ ပိတ်ပါပြီ''ဟူ၍ မခံချိမခံသာ ဖြစ်သွားကြမည် ဖြစ်သကဲ့သို့။
.
ယာဉ်မတော်တဆမှု သို့မဟုတ် ယာဉ်တိုက် မှု ဖြစ်သွားခံကြရသည့် ယာဉ်ကြီးများကမူ ''ငါ က မှန်နေပါလျက်နဲ့ ဘာကြောင့် တရားခံဖြစ် သွားရတာလဲ ဆိုတာကို ခုမှပဲ သိရပါတော့တယ်။ သူတို့ကလည်း လုပ်စားနေကြတာကိုး''ဟူ၍အ သိအလင်း တံခါးပွင့်သွားရပြီ ဖြစ်ပါ၏။
.
''ဘာကြောင့် ရပ်ရပ် ဘေးချရပ်'' ဆိုသော သတိပေး ဆိုင်ဘုတ်အနီး၌ ရပ်တန့်ထားသော ယာဉ်ကြီးကို တခြားယာဉ်ငယ် တစ်စီးက အကြောင်း အမျိုးမျိုးဖြင့် ဝင်တိုက်မိသည့်တိုင် ထိုယာဉ်ကြီးခမျာ ဘာမဆိုင်၊ ညာမဆိုင်ဖြင့် ပြစ်မှုထင်ရှားသော အပြစ်ရှိသူ တရားခံစစ်စစ်  ဖြစ်သွားရသည့် တကယ့်ဖြစ်ရပ် ဖြစ်စဉ်တွေအ မှန်ပင် ရှိခဲ့ ပေါ်ပေါက်ခဲ့သည် မဟုတ်ပါလား။
.
'' အကြောင်းအမျိုးမျိုးကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ၁၉၆၄ ခုနှစ်မော် တော်ယာဉ် ဥပဒေနှင့် ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဥပဒေများတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများ အပေါ်ယာဉ်ကြီး ယာဉ်ငယ် ခွဲခြား၍ အပြစ်ပေး၊ အရေးယူရန် သတ်မှတ်ပြဌာန်းထားခြင်း မ ရှိပါကြောင်း။ စည်းကမ်း ဖောက်ဖျက်သော ပြစ်မှု ကျူးလွန်သော ယာဉ်မောင်းသူကိုသာ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်'' ဟူ၍ ထိုစဉ်က ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
.
ဒီမိုကရေစီ နိုင်ငံတော် သစ်ဆီသို့ ရှေ့ရှု ချီတက်လျက်ရှိသော ကျွန်တော်တို့ နိုင်ငံတော် သည် တိုးပွားများပြား လျက်ရှိသော ယာဉ်အမျိုး မျိုးတို့နှင့် လူ့အရင်းအမြစ်များတို့ကို ကာကွယ် စောင့်ရှောက်ရန် အလို့ငှာ ဒုတိယသမ္မတက ဥက္ကဌအဖြစ် ပါဝင်သော ''အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ''ကို ဖွဲ့စည်းထားရှိပြီး ''အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တ ရာယ် ကင်းရှင်းရေး ဥပဒေနှင့် နည်းဥပဒေများ'' ပေါ်ပေါက်ရေးကိုလည်း အလေးထားဆောင် ရွက်လျက်ရှိနေပါလေ၏။
.
''ကမ္ဘာတစ်ဝန်း ယာဉ်တိုက်မှုကြောင့် သေ ဆုံး၊ ဒဏ်ရာရသူများ အမှတ်တရနေ့''အတွက် မနက်ဖြန်ပေါင်းများစွာတွင် ပါဝင်ပတ်သက်မှု နည်းပါးမှုမှ လုံးဝလျှော့ပါးပပျောက်ရေးကို ရှေ့ရှုလျက် အေးသာယာမြို့၊ စက်မှုဇုန်၌ တည်ရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနသည် အခြေခံယာဉ်မောင်းသင်တန်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ သင်ရိုးညွှန်းတမ်း များအတိုင်း အတွေ့အကြုံရှိသော ဝါရင့်နည်းပြ များဖြင့် စနစ်တကျ လစဉ်လတိုင်း ဖွင့်လှစ်သင် ကြားပေးလျက်ရှိနေပါကြောင်း တင်ပြလိုက်ရပါ၏။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats