ဆောင်းပါးရဲ့ ရသက ခေါင်းစဉ်နဲ့ အစပြုတယ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, December 19, 2018

ဆောင်းပါးရဲ့ ရသက ခေါင်းစဉ်နဲ့ အစပြုတယ်



အောင်ဆန်းဝင်း
.
.
ရှမ်းပြည်နယ်အထင်ကရ ရိုးရာပွဲတော်၊ တောင်ကြီးမြို့အထိမ်းအမှတ် Trade Mark လို့ ဆိုနိုင်မယ့် မြို့လုံးကျွတ်မဟာဘုံကထိန်နဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးက ကျန်ခဲ့ တဲ့ နိုဝင်ဘာလအတွင်း တစ်ကြိမ်ပြီးဆုံးသွားခဲ့ ပြီဖြစ်ပါတယ်။ တောင်ကြီးမြို့ဆိုတာနဲ့ မီးပုံးပျံ  ကို တွဲမြင်သလို၊ မီးပုံးပျံဆိုတာနဲ့ တောင်ကြီး မြို့ကို အရောက်လှမ်းလာကြတဲ့အတွက် အ ထိမ်းအမှတ်ဆိုတဲ့ စကားလုံးကိုသုံးနှုန်းလိုက် တာပါ။ ခေတ်စကားနဲ့ ပြောရရင် တော်ရုံစကေးနဲ့ အထိမ်းအမှတ်ဆိုတဲ့ အသုံးအနှုန်းကို မရနိုင်ပါ ဘူး။ ခိုင်မာတဲ့ သမိုင်းကြောင်းရှိရမယ်။ ရိုးရာ အမွေအနှစ်လည်း ဖြစ်ရပါမယ်။ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်စည်ကားခြင်း၊ မြန်မာပြည်သာမက ကမ္ဘာအရပ်ရပ်ကို ကျော် ကြားရတဲ့အကြောင်းရင်းတွေထဲမှာ ရိုးရာအမွေ အနှစ်ကို လက်ဆင့်ကမ်းသယ်ဆောင်ထိန်းသိမ်း လာတဲ့အချက်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါ တယ်။
.
တောင်ကြီးမြို့တန်ဆောင်တိုင်မီးပုံးပျံပွဲ တော်လို့ ခေါင်းစဉ်ကြီးတပ်ထားပေမယ့် အဲဒီ ခေါင်းစဉ်ကြီးအောက်မှာ တခြားခေါင်းစဉ်ခွဲပြိုင် ပွဲတွေပါဝင်နေပါသေးတယ်။ မသိုးသင်္ကန်းရက် လုပ်ပြိုင်ပွဲ၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ပွဲတော်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံ ပြိုင်ပွဲ၊ ဖွင့်ပွဲပိတ်ပွဲနဲ့ တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ဧည့်ပရိသတ်တွေကို ဖျော်ဖြေ တင်ဆက်ဖို့အတွက် ရိုးရာသီချင်းပြိုင်ပွဲအစရှိတဲ့ ခေါင်းစဉ်ခွဲတွေပါဝင်ပါတယ်။ မြို့လုံးကျွတ် မဟာဘုံကထိန် လှည့်လည်ပွဲကတော့ ရှမ်း တောင်သူတွေရဲ့ အလှူအတန်းကိစ္စဖြစ်လို့ ပြိုင်ပွဲခေါင်းစဉ်ထဲ မပါပါဘူး။ ဒီတစ်ကြိမ်ကျင်းပ ပြီးသွားတဲ့ တန်ဆောင်တိုင်ပွဲတော်မှာ ထူးထူး ခြားခြားပြိုင်ပွဲအသစ်အနေနဲ့ စာပေဆိုင်ရာ ပြိုင်ပွဲတစ်ရပ် ထပ်တိုးပြုလုပ်နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့အတွက် ဂုဏ်ယူစရာတစ်ခုလို့ ဆိုရမှာပါ။
.
စာပေပြိုင်ပွဲ တစ်ရပ် ကျင်းပပြုလုပ်ဖို့ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ပြိုင်ပွဲစတင်ချိန်ကနေ ဆုရပြိုင်ပွဲဝင်တွေလက်ထဲ ဆုပေး အပ်ပြီးချိန်ထိ အမှန်အမှားအကြောင်းအကျိုး ထောက်ပြပြောဆိုတာကို ဝေဖန်ခံနိုင်မယ့်ပွဲစီ စဉ်သူတွေ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့အ လေ့အထလေးက အားလုံးသိတဲ့အတိုင်းပါ။ အ လကားစားရတဲ့ အလှူထမင်းဟင်းတောင် အ ရိုးများသလေး ချေးခါးသလေး လုပ်တတ်ကြ တယ် မဟုတ်လား။ ချီးမွမ်းဖို့သာ နှုတ်တွန့်ချင် တွန့်မယ်။ အပြစ်ဆိုတဲ့နေရာမှာတော့ ဆီလိုအ ပေါက်ရှာတတ်ကြတာအများသိ။ စာပေဆိုင်ရာ နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲက ထိလွယ်ရှလွယ်အကဲ ပိုဆတ်တယ်ပြောရမလားပါဘဲ။ အားလုံးက သူ့ ဘာသာရပ်အလိုက် တတ်မြောက်လို့ ကျွမ်း ကျင်လို့ (ဝါသနာရှင်တွေက တစ်ကဏ္ဍပေါ့) ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ။ နည်း နည်းလွဲတာနဲ့ များများအပြောခံရဖို့ သေချာပါ တယ်။
.
ဒီလို အကြောင်းအရာတွေကြောင့် နောက် တွန့်ပြန်ရင်လည်း စာပေပြိုင်ပွဲ တစ်ရပ်ဖြစ် မြောက်လာနိုင်စရာမရှိပါဘူး။ မှားရင်လည်းခံ မှန်လည်းခံမယ်ဆိုတဲ့ စိတ်နဲ့တောင်ကြီးမြို့ခံ စာပေအသိုင်းအဝိုင်းက ဝါရင့်စာပေပညာရှင် တွေ ဦးဆောင်ပြီး ပြိုင်ပွဲဖြစ်မြောက်အောင် ကြိုးစားကြပါတယ်။ ကြိုးစားမှုရလဒ်အဖြစ် စာ ပေပြိုင်ပွဲကို ဝင့်ဝင့်ထည်ထည်ပြုလုပ်နိုင်ခဲ့တာ လက်တွေ့ကျတဲ့ အောင်မြင်မှုတစ်ခုပါ။ ဒီနေရာ မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ အသိအမှတ် ပြုမှုကိုလည်း ကျေးဇူးတင်ရပါလိမ့်မယ်။ ပွဲစီ စဉ်သူတွေ ဘယ်လောက်လုပ်လုပ် အစိုးရအဖွဲ့ အသိအမှတ်မပြုရင် ပြိုင်ပွဲဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းရင်းက ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ဆုကြေးဆိုင်ရာအဝဝကို အစိုးရအဖွဲ့က တာဝန်ယူရလို့ပါ။ အခုဆိုရင် အစဉ်အလာ တစ်ရပ်အနေနဲ့ နှစ်စဉ်နှစ်တိုင်း စာပေပြိုင်ပွဲ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။
.
ပထမဆုံး စတင်အုတ်မြစ်ချ အကောင်အ ထည်ဖော်တဲ့ပွဲဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိမယ်ဆိုတာကို ကမကထပြုတဲ့ အသင်းအဖွဲ့ တွေနဲ့ အစိုးရတာဝန်ရှိသူများ သိရှိနားလည်ကြ ပါတယ်။ လက်ဖက်ကောင်းစားချင်ရင် ပလောင် တောင်တက်နှေးတယ်ဆိုတဲ့စကားရှိပါတယ်။ ဒီ တစ်နှစ် အတွေ့အကြုံကလာမယ့်အကြိမ်အ တွက် သင်ခန်းစာကောင်းတစ်ခုပေါ့။ လိုအပ် တာ ရှိရင်ပြင်မယ်၊ လိုအပ်ချက်တွေကို တတ် နိုင်သလောက်ဖြည့်ဆည်းနိုင်အောင်ကြိုးစား မယ်။ ပထမအကြိမ်ထက် ဒုတိယအကြိမ်မှာ ပိုကောင်းရမယ်ဆိုတဲ့ စိတ်နဲ့ ပြိုင်ပွဲအောင်မြင် ဖြစ်မြောက်အောင် အရင်ဆုံးကြိုးစားဆောင်ရွက် ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတော့ လိုအပ်ချက် ရှိတယ်ဆိုတဲ့ စကားရပ်အတွက် အထူးဇာချဲ့ နေစရာမလိုတော့ပါဘူး။ စာပေကိုချစ်မြတ်နိုး တဲ့ အရင်းခံစိတ်နဲ့ ပြိုပ်ပွဲဖြစ်မြောက်အောင် လုပ်တယ်ဆိုတာကို နားလည်လိမ့်မယ်လို့ ယူ ဆမိပါတယ်။
.
ထားတော့။ လက်ရှိအချိန်မှာ ပွဲစဉ်တွေ တစ်ခန်းရပ်သွားပြီဖြစ်လို့ အလွဲအချော်တွေဖြစ် မယ်၊ လိုအပ်ချက်တွေ များမယ်ဆိုခဲ့ရင် သင် ခန်းစာ ယူရုံကလွဲပြီး ပြင်ဆင်လို့မရတော့ပါဘူး။ နောက်တစ်နှစ်အတွက် အတွေးပွားရင်းပွဲပြီး မီး သေနေတုန်း ဆရာကြီးဒေါက်တာအောင်ကျော် တယ်လီဖုန်း ဆက်လာပါတယ်။ စာပေဆိုင်ရာ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ဆောင်းပါး ရေးဖို့ပါ။ သက်ဆိုင်ရာ ကဏ္ဍအလိုက် စာရေး သူတစ်ဦးက သုံးသပ်ချက်ရေးဖို့ ဖြစ်ပါတယ်။ ဆောင်းပါးနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ကို စာ ပေသားပေါက်ဖြစ်တဲ့ ကျွန်တော့်ကို ရေးသားဖို့ တိုက်တွန်းအကြံပြုပါတယ်။ (လူမိုက်ငှားတာ လားဆိုတာတော့ မပြောတတ်ပါဘူး)အမှန် တော့ သုံးသပ်ချက်ဆိုတဲ့ ခေါင်းစဉ်ကိုအသေအ ချာ ခွဲစိတ်ကြည့်ရင် အတော်ကျယ်ပြန့်ပါတယ်။ သုံးသပ်ချက်ဆိုတာနဲ့ ဝေဖန်ရေးဆိုတာပါလာ နိုင်လို့ပါ။
.
သုံးသပ်ချက်ဆိုတဲ့နေရာမှာလည်း ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်နဲ့ ပြိုင်ပွဲဝင်စာမူတွေ နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ဆိုပြီး ကွဲပြားမှု ရှိ နေပါသေးတယ်။ လိုအပ်ချက်တွေ ရှိမယ်။ လွဲ ချော်မှုတွေ ရှိမယ်ဆိုတာကို ရှေ့မှာတင်ပြပြီးဖြစ် လို့ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့သုံးသပ်ချက်က ရေးစ ရာ မလိုလောက်တော့ပါဘူး။ အဲဒီတော့ ရေးစ ရာအနေနဲ့ ပြိုင်ပွဲဝင်ဆောင်းပါးစာမူတွေနဲ့ပတ် သက်တဲ့ ခေါင်းစဉ်ကြီးတစ်ခု ထွက်လာပါတယ်။ ကိုယ်တိုင်က စာပေသားပေါက်အဆင့်၊ ရေးရ မယ့်အကြောင်းအရာက ဝေဖန်သုံးသပ်ချက် ဆောင်းပါး၊ အမြင်မတော်ဆင်တော်နဲ့ခလောက် ဆိုသလိုပေါ့။ ဆရာ့ ဆရာတွေရဲ့ လက်ရာကို ရေးရမှာဖြစ်တဲ့အတွက် လက်က ခပ်တွန့်တွန့် ရယ်ပါ။ ကြိုးစားပါ့မယ်လို့ ဆရာကြီး ဒေါက်တာ အောင်ကျော်ကို ကတိကဝတ်ပြုထားတော့ မ ရေးဘဲ လက်ရှောင်လို့ကလည်း မဖြစ်ပြန်။ လူ မိုက်တို့ ဘုန်း မိုးသို့ချုန်းရတော့တာပါပဲ။
.
စာပေဆိုင်ရာပြိုင်ပွဲနဲ့ပတ်သက်ပြီး ဝတ္ထု တို၊ ဆောင်းပါး၊ ကဗျာ၊ တစ်ကွက်ကာတွန်း ဆိုပြီး ကဏ္ဍလေးရပ်ပြုလုပ် ပါတယ်။ အဲဒီထဲမှာ ဆောင်းပါးကဏ္ဍနဲ့ပတ်သက်ပြီး ပညာရှင်ဆရာ တွေရဲ့ လူရာသွင်းမှုကြောင့် ပြိုင်ပွဲဝင်ဆောင်း ပါးတွေကို လေ့လာဖတ်ရှုခွင့်ရပါတယ်။ တောင် ကြီးမြို့တန်ဆောင်တိုင်နဲ့ ဆက်စပ်ပတ်သက်တဲ့ အကြောင်းအရာများကို ရေးဖွဲ့ရမယ်လို့ စည်း ကမ်းသတ်မှတ်ချက်မှာပါတဲ့အတွက် ပြိုင်ပွဲဝင် ဆောင်းပါးအားလုံး တန်ဆောင်တိုင်မီးပုံးပျံနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရေးဖွဲ့ထား ပါတယ်။ ဆက်စပ်ပတ်သက်တဲ့အကြောင်းအ ရာရေးထားတာ တစ်ပုဒ်မှ မပါဘဲ မီးပုံးပျံအ ကြောင်းအရာတွေချည်းပါ။ အမှန်တော့ မီးပုံး ပျံ မပါလည်း တန်ဆောင်တိုင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးသားလို့ ရနိုင်တာကို ပြိုင်ပွဲဝင် စာမူရှင်တွေ သတိမထားမိတာလား ဆိုတာ မပြောတတ်ပါဘူး။
.
မီးပုံးပျံနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း အထောက်အထားမှီငြမ်းအသုံးပြုတဲ့နေရာမှာ လည်း ပြိုင်ပွဲဝင် ဆောင်းပါးအားလုံးရဲ့ ရေးသား ချက်တွေက တစ်ပုံစံတည်းတစ်ထေရာတည်း ဖြစ်နေပါတယ်။ ကုန်းသားကျောင်းကစတယ်။ သိမ်တောင်ဆရာတော်က ယမ်းကိုတီထွင်အသုံး ပြုတယ်။ နောက်ပိုင်းမျိုးဆက်တွေက တီထွင်မှု အသစ်တွေ ဖန်တီးတယ်။ တစ်ခုတည်းရှိတဲ့ အထောက်အထားကိုအသုံးပြုရေးသားကြတာ ဖြစ်တဲ့အတွက် အကြောင်းအရာ တူတာကို ပြောစရာမရှိပေမယ့် ကွဲပြားခြားနားအောင် ရေးသားနိုင်ခြင်းမရှိတာကို လိုအပ်ချက်တစ်ခုလို့ မြင်မိတယ်။ စာပေပညာရှင်တွေရေးတဲ့ဆောင်း ပါးအများစုကို လေ့လာကြည့်ရင် အကြောင်းအ ရာ တူကောင်းတူနိုင်ပေမယ့် ရေးသားချက်က တော့ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားပါတယ်။ နောက်ထပ်အရေးကြီးဆုံးအပိုင်းက ဆောင်းပါး ခေါင်းစဉ်ပေးတဲ့အပိုင်းပါ။
.
အပုဒ်ရေ လေးဆယ်မှာ အားလုံးနီးပါး တောင်ကြီးတန်ဆောင်တိုင်ဆိုတဲ့ စာသားနဲ့ လွတ်တာ မတွေ့ရပါဘူး။ ဆုရစာမူငါးပုဒ်မှာ တောင်လေးပုဒ်က တောင်ကြီးတန်ဆောင်တိုင် ဆိုတဲ့စာသားနဲ့ တွဲဖက်အသုံးပြုထားကြပါတယ်။ တန်ဆောင်တိုင်နဲ့ ဆက်နွယ်တဲ့အကြောင်းအ ရာလို့ ဆိုထားတာပါ။ အဲဒီစာသားမပါဘဲ တ ခြား သင့်တော်ကောင်းမွန်တဲ့ ခေါင်းစဉ်တွေရွေး ချယ်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်း လောက်အောင်ကို အသုံးပြုထားကြပါတယ်။ ဆောင်းပါးတစ်ပုဒ်ရဲ့ ရသက ခေါင်းစဉ်နဲ့အစပြု တယ်လို့ ဆရာကြီးတွေရဲ့ ဆုံးမသြဝါဒစကား မှတ်သားခဲ့ဖူးပါတယ်။ စာမူရေးသားချက် အားနည်းနေပါစေ ခေါင်းစဉ်ကောင်းရင် စာ ဖတ်ပရိသတ်ကို ထိုက်သင့်သလောက် ဆွဲ ဆောင်နိုင်ပါတယ်။ လာမယ့်နှစ် တန်ဆောင်တိုင် စာပေပြိုင်ပွဲမှာ ခေါင်းစဉ်ကောင်းတဲ့ ပညာ ရှင်များ ပေါ်ထွက်နိုင်ပါစေလို့ အကြံပြုလိုက် ရကြောင်းပါ။
.
.
.
#KBZTai #Shan

Recent Tube