ယစ်မျိုးလိုင်စင် ထပ်မံချထားပေးခြင်းမရှိသဖြင့် တောင်ကြီးမြို့ပေါ်၌ တရားမဝင်ရောင်းချသည့် အရက်ဆိုင် များပြားလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယစ်မျိုးလိုင်စင် ထပ်မံချထားပေးခြင်းမရှိသဖြင့် တောင်ကြီးမြို့ပေါ်၌ တရားမဝင်ရောင်းချသည့် အရက်ဆိုင် များပြားလာ



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အရက်ရောင်းချခွင့် ယစ်မျိုးလိုင်စင်များကို တရားဝင်အခွန် ထမ်းဆောင်၍ ရောင်းချလိုသူများ ရှိနေသော်လည်း လိုင်စင်အသစ် ထပ်မံချထားပေးခြင်း မရှိသဖြင့် တရားမဝင် ရောင်းချနေသည့်ဆိုင်များ များပြားလာနေသည်ဟု တောင် ကြီးဒေသခံများထံမှ သိရသည်။
.
.
''ကျွန်တော် အရက်ဆိုင်ဖွင့်တာ တော့ ကြာပါပြီ။ ဒါပေမဲ့ လိုင်စင် မရှိပါဘူး။ တစ်ခါတလေလာစစ်ဆေး မယ်လို့ ကြားရင်တော့ မရောင်းဘဲ နေလိုက်တယ်။ ဒီမြို့ပေါ်မှာက တရားမဝင် ရောင်းချနေကြတဲ့ဆိုင် တွေအများစုပါ။ သူ့ဆိုင်ရာပိုင်ရာကို ညှိပြီး ရောင်းနေကြတာပဲ။ ကျွန်တော့် အနေနဲ့ကတော့ လိုင်စင်နဲ့ တရားဝင် အခွန်ဆောင်ပြီး ရောင်းချချင်တယ်။ ဒါပေမဲ့ ထပ်ပြီးမထုတ်ပေးတော့ တ ရားဝင် ရောင်းချလိုသူတွေအတွက် အခက်အခဲ ဖြစ်စေသလို တရားမဝင် ရောင်းချမှုတွေကိုလည်း တိုးပွား လာစေသလို ဖြစ်နေတာပေါ့။ ဘယ် ရပ်ကွက်ကိုသွားသွား လမ်းဘေး ကုန် စုံဆိုင်ကအစ ရောင်းနေကြတာပဲ။ ဘယ်သူမှမဖမ်းကြပါဘူး''ဟု အရက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦး က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့ သည်။
.
တောင်ကြီးမြို့ပေါ်၌ လက်ရှိအ ချိန်တွင် ယစ်မျိုးလိုင်စင်အသစ် ချထားပေးခြင်းမရှိသော်လည်း ယစ်မျိုးလိုင်စင် မရှိဘဲ အရက်နှင့်ယမကာ မျိုးစုံ ရောင်းချနေသည့်ဆိုင်များ၊ ကုန် မျိုးစုံနှင့် အရက်ဘီယာရောင်းချသည့် ဆိုင်များ များပြားလာနေပြီး ယစ်မျိုး လိုင်စင်ရရှိထားသူများကလည်း တ ဆင့်ပြန်လည် ရောင်းချခြင်းများ ပြုလုပ်လျက်ရှိကာ ပေါက်ဈေးအနေ ဖြင့် ကျပ်သိန်း ၁၃ဝ မှ ၁၅ဝ အထိ ရှိနေသည့်အတွက် တရားဝင် အခွန် ဆောင်၍ ရောင်းချလိုသူများအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရ သည်။
.
ယင်းကဲ့သို့ တရားမဝင်ရောင်းချနေသည့် ယစ်မျိုးဆိုင်များအား ထိန်းချုပ်စီမံဆောင်ရွက်သွားမည့် အခြေ အနေနှင့် ပတ်သက်၍ တောင်ကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက ''အရက်သောက်သုံး တဲ့သူတွေ လျော့နည်းသွားစေဖို့ ဆို တဲ့ရည်ရွယ်ချက်နဲ့ လိုင်စင်အသစ် ကတော့ ချမပေးပါဘူး။ တရားမဝင် ရောင်းချတဲ့ဆိုင်တွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ်၊ သက်ဆိုင်ရာတာဝန် ရှိသူတွေရယ်၊ ကျွန်တော်တို့ဌာန ရယ် ပူးပေါင်းပြီး လစဉ်ပုံမှန်စစ်ဆေး တာတွေ ပြုလုပ်လျက် ရှိပါတယ်'' ဟု ပြောကြားခဲ့သည်။
.
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နမှ စီမံခန့်ခွဲလျက်ရှိသည့် ယစ်မျိုး လိုင်စင် အမျိုးအစား ၃၈ မျိုးအနက် တောင်ကြီးမြို့နယ်အတွင်းလိုင်စင် အမျိုးအစားပေါင်း ၁၈ မျိုးမှ လုပ်ငန်း ပေါင်း ၂၉၃ ခု အား ယစ်မျိုးလိုင်စင် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats