ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
နေမကောင်းလို့လား
.
''လာဟေ့ အာပလာ၊ ဈေးနေ့မဟုတ်ဘဲနဲ့ ရောက်လာတော့ ဘာများထူးလို့လဲ
သူငယ်ချင်း''
''ထူးဆို မင်းတို့ ကမ္ဘောဇတိုင်းသတင်းဂျာ နယ်၊ တန်ဆောင်မုန်းလပြည့်ထုတ်
issue-45 ထဲမှာဟာ သူငယ်ချင်းရေးတဲ့ဆောင်းပါး ပါမ လာလို့ နေမှကောင်းရဲ့လား သိချင်နေတာနဲ့
ပြေးလာတာ ဗယာကြော်''
''အဟဲ ငါ့ ကမ္ဘောဇတိုင်း မဟုတ်ရပေါင်ကွာ။ ငါ့ခေါင်းကြာဆံဖြူတွေကို
အကာအကွယ်ယူကြတယ်နဲ့တူရဲ့။ မျက်ကွယ်မှာ ငါမသိ လိုက်ရဘဲနဲ့ ရလိုက်တဲ့ မီဒီယာအကြံပေးရာထူးကိုများ
အထင်ကြီးမနေနဲ့ဟ။ ကိုယ့်ထမင်းကိုယ် စား၊ ဘကြီးနွားကျောင်း နွားပျောက်တော့ အရော်အစားပေးရမယ့်ကိန်းပါဟာ။
ပြီးတော့ မင်း က ငါ့ဆောင်းပါး အပတ်စဉ်ပါရမယ်လို့များ အောက်မေ့နေရော့သလားကွာ။ ငါက ပင်တိုင်
ဆောင်းပါးရှင်အဆင့်မှ မဟုတ်တာ အာပလာ ရယ်''
''နို့ ဂျာနယ်တို့ သတင်းစာတို့ဆိုတဲ့ စာပေ မီဒီယာတွေမှာ ပင်တိုင်ဆောင်းပါးရှင်ရဲ့
စာပေသြဇာကြောင့် စောင်ရေ တိုးမြဲလေဟာ။ ဖောက်သည် ခိုင်မြဲတာ ထုံးစံ မဟုတ်ဘူးလား ဗယာ
ကြော်''
''ဒီမှာ အာပလာ၊ ထုံးစံဆိုတာ လူကလုပ် တာပါဟာ။ မင်းတော်တော်နုံသေးတာကိုး
သူငယ်ချင်း''
''ဟေ့ စာရေးဆရာဗရချာရ။ ရှေးထုံး လည်းမပယ်နဲ့၊ ဈေးသုံးလည်းမလွယ်နဲ့တဲ့
ဗယာကြော်''
''အဟား ဒီမနက် မင်း တယ်ဟုတ်နေပါ လား၊ စကားပုံတွေ သုံးလို့ ငါတောင်
မျက်ခုံး မြင့်တက်သွားလေရဲ့၊ ဒီလိုကွ။ စာပေနယ်ထုံး စံတစ်ဘာသာ၊ အယ်ဒီတာတွေရဲ့ဆန္ဒကတစ်မျိုး
ကိုး အာပလာရယ်။ တို့တောင်ကြီးတန်ဆောင် တိုင်ပွဲတော်မှာ ဒီနှစ်ဘာထူးခြားလဲ မင်းသိရဲ့
လား''
''သိပါ့ဗျာ။ ငါက စာသမားမို့၊ စာပေပြိုင်ပွဲ တိုးလာတာ သိပါ့ဗယာကြော်''
''အေး အဲဒီ စာပေပြိုင်ပွဲကြောင့်ပါနေကျ ဆောင်းပါးတွေ ချန်ရစ်ခဲ့တာပေါ့
အာပလာ''
''ဘာဆိုင်လို့တုံးဟ၊ မင်းနှယ်ပြောရော့မယ် ကြံကြံဖန်ဖန် ဗယာကြော်ရယ်''
''ဆိုင်သမှ သိပ်ဆိုင်တာပေါ့၊ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း လေးကဏ္ဍလုံးကို
ပ၊ ဒု၊ တနဲ့ နှစ်သိမ့်ဆု ၂ ဆုစီ ပေါင်းလိုက် တော့ ဆု ၂ဝ ရတဲ့ လက်ရာတွေ အကုန်လုံး တစ်စုတစ်ပေါင်းတည်း
ဖော်ပြပေးချင်တဲ့ ဆန္ဒ ကြောင့်လေဟာ။ စာမျက်နှာ ၂၄ ကြီးများ တောင် ပေးလိုက်ရပါရောလား
အာပလာ''
''သူတို့အတွေးလေးကို ရွှေချထားလိုက်ချင် သေး ဟေး ဟေး။ ဒါနဲ့ ဆုအဆင့်တွေတော့
ဘာလို့ မဖော်ပြတာလဲတဲ့ ဗယာကြော်''
''အဟဲ လွှတ်ပြီးစိုးရိမ်ကြလို့နဲ့တူပါရဲ့ အာ ပလာရယ်။ ဝေဖန်တာတွေ၊
ပြဿနာကြီးငယ် တွေနဲ့ မီဒီယာ ဥပဒေတွေကိုလည်း ငဲ့ရသေး ဟုတ်လား''
''ဝေဖန်တာကို စိုးကြောက်ရင် ဘာမှမ ပြောမလုပ်နဲ့တော့ ဗယာကြော်ရေ၊
ငါက အထက်မှာပဲ တစ်မတ်သား ကျန်တယ်ထင်ထား တာ။ အောက်ခြေမှာလည်း ပြားသုံးလေးဆယ် မက ကျန်နေသေးကိုး''
''ရှူး တိုးတိုးဟ အာပလာ၊ လက်ကောက် စော်နံတဲ့စကား၊ ဖွဟဲ့ ရှောင်ထား
အာပလာ''
စာပေစကားဝိုင်း
.
''ဒါနဲ့ စကားမစပ် မင်းကိုတွေ့ရင်မေးမယ် နဲ့ စိတ်ထဲတေးထားတာ။ အဲ
ဟုတ်ပြီ။ တို့ ထ ၃ ကျောင်းမှာ ဟောပြောပွဲရှိတာ ငါမသိရပါ လား၊ မင်းတောင် ပါသေးတယ်ဟုတ်
ဗယာ ကြော်''
''ဟောပြောပွဲ မဟုတ်ရပေါင် အာပလာ၊ စာပေ စကားဝိုင်းလေးပါကွာ။ ကျောင်းသူ
ကျောင်းသားတွေအတွက် ရည်မှန်းချက်ကြီးကြီး ကြိုးစား အားထုတ်မှုကြီးကြီး၊ အောင်မြင်မှုကြီး
ကြီး ရစေချင်တဲ့ စေတနာနဲ့ ကျောင်းတော် ဟောင်းရဲ့ ကျေးဇူးပြန်ဆပ်တဲ့ပွဲငယ်လေးပါ သူ ငယ်ချင်း''
''ငါ ကြိုသိလိုက်ရင် လာနားထောင်ပါရဲ့ ကွာ၊ နို့ ဘာခေါင်းစဉ်နဲ့တုံး
ဗယာကြော်''
'' ဘဝ တိုးတက်အောင်မြင်ဖို့ စာသင် ကျောင်းမှ စကြစို့တဲ့။ အတန်းမတူ၊
ခေတ်မတူ တဲ့ အပြင် လှုပ်ရှားနေကြတဲ့ ဘဝလိုင်းမတူကြ တဲ့ ကျောင်းသူကျောင်းသားဟောင်း ငါးဦးတို့ရဲ့
စကားဝိုင်းလေးပါ အာပလာ၊ စိုစိုပြည်ပြည် အောင်အောင်မြင်မြင် ပျော်ရွှင်ကြည်နူးစရာပွဲ
လေးပေါ့ကွာ''
''အေးဟာ ငါ မသိလို့ မလာလိုက်ရတာ နာတာပဲ ဗယာကြော်၊ မနှစ် ပင်လုံပြည်ထောင်
စုပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံကြီးက ဒီလိုစတင် ပြီး စကားဝိုင်းကို မိတ်ဆက်ပေးလိုက်တာ
တစ် နိုင်ငံလုံးစကားဝိုင်း ယဉ်ကျေးမှုကြီးထွန်းကား လာတာ အားရစရာကောင်းလိုက်တာ ဗယာ ကြော်''
''တို့ဆီမှာက အခုမှ ခေတ်စားလာတာကိုး။ Panel ဆိုတဲ့ အတွေ့အကြုံအတွေးအမြင်တွေ တစ်ဦးနဲ့တစ်ဦး
ဖလှယ်ကြ၊ မျှဝေအကြံပြုကြတဲ့ ဆွေးနွေးစကားဝိုင်းမျိုး အနောက်နိုင်ငံများမှာ အစဉ်အလာကြီးခဲ့ကြတယ်။
အကျိုးကျေးဇူး လည်းများပါတယ် အာပလာ''
''ဟုတ်တာပေါ့ ဗယာကြော် ဘဝနဲ့ရင်းပြီး ရခဲ့ကြတဲ့ အတွေ့အကြုံသင်ခန်းစာတွေကို
လက်ဆင့်ကမ်းပေးတာ နားထောင်ရတဲ့အခွင့် အရေးရခဲပါဘိ သူငယ်ချင်း။ တစ်ထိုင်တည်းမှာ စာအုပ်အများကြီး
ဖတ်လိုက်ရတာထက်ပိုပြီး ဦးနှောက်ထဲ အသည်းထဲ ဖြောင့်ဖြောင့်ကြီး ဝင်ရောပေါ့ကွာ''
''အေးကွာ မင်းပြောလာလို့ ငါတစ်ခုပြန် သတိရလာတယ် အာပလာ။ မှတ်သားစရာ
ကောင်းပြီး လိုက်နာကျင့်သုံးတိုင်း အကျိုးများ စေတဲ့ ဆရာသမား မိဘဘိုးဘွားတွေရဲ့ သြဝါ
ဒစကားဆိုတာ တစ်သက်စွဲစေသွားတော့တဲ့ အကြောင်း''
''သာဓကလေးနဲ့တော့ပြောကွာ။ ဝါးလုံး ရှည်ကြီးနဲ့ လုံးချဖို့စိတ်မကူးနဲ့
ဗယာကြော်''
''အေးပါကွာ။ တို့ဘွားအေကြီးနဲ့ သူ့အ ပေါင်းအသင်း အမယ်ကြီးအိုတွေတစ်စုဟာ
နေ့ ခင်းပိုင်းတို့ အိမ်ဝိုင်းသရက်ပင်ကြီးအရိပ်အောက် မှာ အခါးရည်(ရေနွေးကြမ်း) သောက်ရင်း
စ ကားစမြည်ဝိုင်းလေး ဖြစ်မြဲကွ။ တစ်နေ့ဘုန်း တော်ကြီးရဲ့ သြဝါကို ဘွားအေကြီးက လက် ဆင့်ကမ်းတာမှာ
မဟုတ်မမှန်ရင်မလုပ်နဲ့ ဟုတ် မှန်တာမလုပ်ဘဲ မနေနဲ့တဲ့ အာပလာ''
''ကောင်းလိုက်တဲ့ လောကုတ္တရာနွယ်သြ ဝါဒကြီးပါလား ဗယာကြော်''
''လောကီနယ်အတွက်လည်း ကောင်းမှ ကောင်းပါပဲ။ ဒါပေမဲ့ ခေတ်စနစ်ကို
ကြည့်ရ သေးဟာ။ ဟုတ်မှန်တိုင်းပြောရင် လုပ်ရင် ရွာ ပြင်ထုတ်ခံရတတ်တယ်ကွ အာပလာ''
.
စည်းလိုက်နာ
.
''ပြောပြရဦးမယ် သူငယ်ချင်းရေ၊ တမြန် နေ့က ငါ့အိမ်ဝင်း အုတ်ထရံ
ကံကောင်းလို့ သီ သီလေး ဗယာကြော်ရေ့ ကံဆိုးသူက ငါ့ဝင်း နဲ့ကပ်လျက်ဝင်းလေဟာ''
''ဘာများတုံး အာပလာရာ မင်းစကားက ဦးခေါင်းမရှိ အမြီးမရှိနဲ့''
''တွဲကား နှစ်ဆက်နဲ့ အရှည်ကြီးအမြင့် ကြီးကွာ။ လမ်းကျဉ်းလေးကို
အတင်းကွေ့ဝင် တာမှာ မလွတ်မကင်းဖြစ်ရော၊ အရေးထဲ မော် တော်ဆိုင်ကယ်ကောင်လေးကလည်း အတင်း
အဓမ္မဇွတ်ကြီးကို တိုးဝင်တော့ အက်ဆီးဒင့် လေ ဗယာကြော်''
''ဒါနဲ့ မော်တော်ဆိုင်ကယ်ကောင်လေး ကိစ္စများရောလား အာပလာ''
''ကောင်လေးကိုရှောင်ရင်းနဲ့ အုတ်ဝင်းထ ရံက ကောင်လေးအစားခံလိုက်ရတာ
ဗယာ ကြော်''
''တော်သေးတာပေါ့ အာပလာရယ် လူမ သေကောင်း မပျောက်ကောင်း၊ အုတ်ဝင်းက
ပြန်ပြင်နိုင်တော့''
''ဒုန်းဆိုတဲ့ မြည်ဟည်းသံအကျယ်ကြီး ကြောင့် တို့တစ်တွေမှာ အလန့်ထန်းညက်''
''လုပ်ရော့မယ် အလန့်တကြားပါ အာပ လာရာ၊ လူသေရင် အလွန်ဆုံးရှုံး၊ အလုပ်ရှုပ်
ငွေကုန်၊ အချုပ်ထဲဝင်၊ တရားရုံးရောက်၊ ထောင်တန်းကျ''
''တို့တွေ လန့်ဖျပ်ကုန်တာ သွေးတိုးတောင် တက်ကြလို့ ဆေးခန်းပြေးရတယ်
ဗယာကြော်''
''အေး ဒါကြောင့် ငါဟိုတစ်ပတ်တုန်းက မြို့ရှောင်လမ်းဖြစ်သင့်ပြီလို့
ရေးတာ အာပလာ''
''အဲဒါမေးချင်တာ မြို့ရှောင်လမ်းအစီအ စဉ်နီးပြီလား ဗယာကြော်''
''နီး မနီးတော့ မသိဘူးလေ။ မြင်တာတွေ့ တာ အကြံပြုရုံသာ တတ်နိုင်တာကိုး။
လူကြီး တွေမှာလည်း စေတနာဘယ်လောက်ရှိရှိ ငွေ ကြေး၊ နည်းပညာ၊ လုပ်သားနဲ့ခွင့်ပြုမိန့်ဆိုတာ
တွေက ပြည့်စုံဖို့လိုသေးတာကိုး။ ဥုံဖွဆိုပြီး ဆေး ကြိမ်လုံးနဲ့တို့လို့မှမဖြစ်တာ အာပလာရယ်''
''အဟဲ မင်းကဥုံဖွဆိုလို့ ငါသာတန်ခိုးရှင် ဖြစ်ခဲ့ရင်တော့ တို့ရှမ်းပြည်မြို့တော်ကြီး
တောင် ကြီးမြို့ကို နယူးယောက်လို မဂ္ဂါစစ်တီးအဖြစ် အပြည့်စုံဆုံး မြို့ပြဧရာမကြီးဖြစ်သွားအောင်
ဖန်ဆင်းပေးလိုက်ချင်တယ်။ ဘယ်လိုတုံး မင်း သဘောက ဗယာကြော်''
''ဟိုး နိုး နိုးပါ အာပလာ အခု ငါ့အိမ် ပတ်ပတ်လည်မှာ အထပ်မြင့်လေးတွေ
မှိုလို ပေါက်လာရုံနဲ့တင် တယ်ပြီးမနိပ် တော့ဘူးဟ။ လူတွေက အထပ်မြင့်ကြီးပေါ်မှာ အဆင့်မြင့်မြင့်
တက်နေကြပေမယ့် စိတ်ဓာတ်ကတော့ အဆင့် နိမ့်နိမ့် မြေကြီးအောက်ထဲ နစ်ဝင်နေပြီရော ကွာ''
''ဘယ့်နှယ်ကြောင့်ဟာတုံး ဗယာကြော် ရယ်''
''စည်းမဲ့ ကမ်းမဲ့ အမှိုက်သရိုက်တွေ ငါ့ခြံ ဝင်းထဲပစ်ချကြလွန်းလို့
ဒေါက်တာချာတူးလန် ငါ့ခမျာမှာလည်း ဂျာဒူးဝါလား ရာထူးရထားပါ ရောလား။ သိမ်းလိုက်ရ၊ ကောက်လိုက်ရ၊
လှဲ ကျင်းစုပုံ ကျုံးပစ်ရတဲ့ အမှိုက်ဒုက္ခမသေးဘူး အာပလာရေ''
''အဟဲ ရာထူးသစ်တိုး ကုန်ကြမ်းတွေတိုး ပြီး စာရေးကွက်ရလို့ သူတို့ကို
ကျေးဇူးတင်သင့် တာပေါ့ ဗယာကြော်။ ဒါနဲ့ ငါ့ကို ဘာကျွေးမှာ လဲ၊ ဝမ်းကကျွိကျွိ ဆန္ဒပြနေ''
.
ထွေတလာ
.
''လာပြီ သောက်စားပုပ်ကြီး ကျွေးမှာပေါ့ အာပလာရယ်။ ငါ့အိမ်လာတိုင်း
တစ်ခုခုတော့ စားရစမြဲကိုများကွာ ဘွားအေကြီးရဲ့ လက်ကျငါ ရထားတဲ့အတိုင်း အလွမ်းပြေချက်ထားတာက
တော့ ငါးသားဖွဲခြောက်အိုးကပ် အုပ်ချက်ကြော် စပ်စပ်၊ ကမ္မဌာန်းရိုးဟင်းခါးရည်ကို ချင်းကြက်
သွန်ဖြူနိုင်နိုင်၊ မြေပဲချက်ဆီပျံကပဲပုပ်နံ့ သင်း သင်း၊ သခွားသီးအတို့အမြုပ်၊ တိုဟူးခေါက်
ကြော်နဲ့ ဆန်လုံးစီကြော်ြ<ွကပ်ြ<ွကပ်ကွာ။ ဗိုက် ရိုက်စားပေတော့။ နောင်မွန်ဆန်နီထမင်းက
လည်း မွှေးနေရောပဲကွ''
''ကျေးဇူးပဲ ဗယာကြော်ရေ၊ ရွာထမင်းရွာ ဟင်းဆိုတာ စားရခဲတယ်ကွ။ ငါကလည်း
တောသားပီပီ တောထမင်း၊ တောဟင်းကြိုက် လှချည့်။ ဒါနဲ့ မင်းငယ်ပေါင်းကိုသန်းဝေကြီး နိဗ္ဗာန်ဆော်ပန်းချီပုံဆွဲတာမှာ
သဗ္ဗူရိသအနွယ် ဝင် စာတန်းပါ ထည့်ဆွဲရေးပေးပုံထောက်တော့ မင်းကို ပညာပေး''
''အဲဒီအသုံးက စာထဲပေထဲမှာတော့ ရိုး တာနေပြီ။ ဒါပေမဲ့ တို့ရပ်ကွက်
ကာလသား တွေက ရပ်ကွက်သူ ရပ်ကွက်သားပဲဗျို့ဟစ်ကြ တယ်။ ဟိုး နှစ် ၆ဝ ကျော်တုန်းက ရပ်ကွက်
သန့်တယ်။ ဗုဒ္ဓဘာသာဝင်တွေချည်းပဲ။ တရုတ် ကုလား လက်ချိုးရေလို့ရနိုင်ပြီး ရေများရေနိုင်
ဆိုတဲ့အတိုင်း စည်းလုံးညီညာကြတာပြောရင် ယုံကြမယ် မထင်ပေါင်။ ဘာသာခြားတွေက တောင် ဘုရားပင့်တာ
ပါဝင်ကြ၊ ဆွမ်းလာပြီး လောင်းလှူကြ၊ ဘုန်းကြီးကျောင်းလိုက်တက် ကြတယ် အာပလာရေ''
''အံ့သြကုန်နိုင်ဖွယ်ပဲ ဗယာကြော်၊ ဒါနဲ့ စာပေပြိုင်ပွဲဝင်တဲ့ ငါ့အိမ်နားက
ဝါသနာအိုး တစ်ယောက် ဆုမချိတ်လို့ ပွစိပွစိ၊ သူ့ကဗျာက အရှည်ကြီးတဲ့၊ စုံမှစုံတဲ့။ မင်းကဗျာရွေးချယ်အဖွဲ့
ဝင်ဆို ဟုတ်လား''
''အာပလာရယ် ကဗျာဆိုတာ ကျစ်လျစ် ရမယ်၊ ရှည်တိုင်းကောင်းတာမှ မဟုတ်တာ၊
အကြောင်းအရာစုံတိုင်း ဆုမချိတ်နိုင်ဘူးလေ။ စည်းကမ်းချက် ညီဖို့ စပ်ထုံးစပ်နည်းမှန်၊
ကာ ရန်ညီအသံသာ အနှစ်သာရ ပြည့်၊ ကဗျာဝိ ညာဉ်ရွှင်မြူး၊ ဒဿနလည်း ထူးဖို့ဆိုတာတွေ လိုသေးတာကိုး။
ဆုရတဲ့ ကဗျာကိစ္စ ငါဆောင်း ပါးရေးပို့ထားပြီးပြီ။ ပါလာတဲ့အပတ် မင်းကပဲ ညွှန်းလိုက်ပေရော့ပေါ့နော''
''ဗိုက်လည်းအဝစားလို့ကားပြီ။ စကားတွေ လည်းဖောလို့ အတင်းစုံစွာ ပဒေသာကျယ်ပြော
ပြီ။ ဒါနဲ့ ငါ့မြေးမကြီးလေ။ ဟိုတနင်္ဂနွေနေ့ ၂၅.၁၁.၂ဝ၁၈ ရှမ်းစာပေနဲ့ယဉ်ကျေးမှုခန်းမမှာ
ကျင်းပတဲ့ ဖဲကြိုးဖြူနေ့အခမ်းအနားသွားတက် တယ်။ လက်ကမ်းစာအုပ်ရခဲ့တာ မင်းဆောင်း ပါးလေးပါလို့
ဖတ်ကြည့်ပြီးပြီ။ ခေတ်အဆက် ဆက် အကြောင်းဖတ်လို့ ကောင်းမှကောင်း၊ ပြောင်းလဲလာလိုက်တာ
ခုခေတ်ဆိုးကြီး''
''ဟ ဟ အာပလာ ခေတ်ဆိုးကြီးလို့ မသ မုတ် လိုက်ပါနဲ့ကွာ။ တို့တွေပါ
ခေတ်လူဆိုး ကြီးတွေ ဖြစ်ကုန်ပါဦးမယ်။ စာများများဖတ်ဖို့ သာ တွင်တွင် ဟောပြောတိုက်တွန်းပေးတော့
သူငယ်ချင်း''
''မင်းက စာဖတ်ရှိန်မြှင့်တင်ရေးကွန်ရက် အဖွဲ့ဝင်မို့ စာဖတ်ဖို့ချည်းပဲ
........''။ ။
.
.
.
#KBZTai #Shan