ကုလသမဂ္ဂ၏ ရွှေ့ပြောင်းနေထိုင်သူ များဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅၂ နိုင်ငံမှ ထောက်ခံမဲပေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, December 24, 2018

ကုလသမဂ္ဂ၏ ရွှေ့ပြောင်းနေထိုင်သူ များဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅၂ နိုင်ငံမှ ထောက်ခံမဲပေး


စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ကမ္ဘာ့ကုလသမဂ္ဂ၏ တစ်ကမ္ဘာလုံး ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ သဘောတူစာချုပ် U.N Global Migration Pact ကို ဒီဇင်ဘာလ ၁၉ ရက်က မဲခွဲဆုံးဖြတ်ရာတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၂ နိုင်ငံမှ ထောက်ခံမဲပေးခဲ့သည် ဟု သိရသည်။
.
.
အဆိုပါ စာချုပ်ကို ကမ္ဘာ့နိုင်ငံ ပေါင်း ၁၅၂ နိုင်ငံက လက်မှတ်ရေးထိုးရန် သဘောတူကြောင်း ထောက်ခံမဲ ပေးခဲ့ပြီး သြစတီးယား၊ အယ်လ်ဂျီးရီးယား၊ သြစတေးလျ၊ ဘူလ်ဂေး ရီးယား၊ ချီလီ၊ အီတလီ၊ လတ်ဗီးယား၊ လစ်ဗျား၊ လက်ချင်စတိန်း၊ ရိုမေးနီးယား၊ စင်္ကာပူနှင့် ဆွစ်ဇာလန်နိုင်ငံ တို့မှ ထောက်ခံ/ကန့်ကွက်မဲ့ မပေးဘဲ ကြားနေခဲ့ကာ အမေရိကန်ပြည်ထောင်စု၊ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ ပိုလန်နှင့် အစ္စရေးနိုင်ငံတို့မှ ကန့်ကွက်မဲ ပေးခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ စာချုပ်တွင် ပြည်ပမှ မိမိနိုင်ငံအတွင်းသို့ အတားအဆီးအ ကန့်အသတ်မရှိ ဝင်ရောက်ရွှေ့ပြောင်း နေထိုင်ခြင်းကို ခွင့်ပြုရမည်ဖြစ်သလို ထိုသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်အခြေချ နေထိုင်ကြသူများအား ကန့်ကွက်ခြင်းကို အမုန်းစကား (Hate Speech )အဖြစ် သဘောထား သည်ဟု ဖော်ပြထားကြောင်း သိရ သည်။
.
အဆိုပါ စာချုပ်အား ထောက်ခံ မဲပေးခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုး သားပါတီမှ မြောက်ဦးမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ''သတင်းကတော့ မဖတ်ရသေးဘူး။ ဒါပေမဲ့ ဒီလိုမဲပေးတိုင်း  အတည်ပြုတယ်လို့ ပြောလို့မရပါဘူး။ ဒီလောက်အရေးကြီးတဲ့ စာချုပ်ကိစ္စမျိုး မဆိုထားနဲ့ စီးပွားရေး သဘောစာချုပ် သဘောတူညီမှုမျိုးကိုတောင် လွှတ်တော်က သဘောတူမှ ရတာပါ။ လွှတ်တော်ထဲရောက်လာရင် ဆွေးနွေး ပြီးမှ အတည်ပြု/မပြုသတ်မှတ်နိုင်မယ့်ကိစ္စမျိုး ဖြစ်ပါတယ်။ ရခိုင်ဘက်တင်မကဘူး။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဘက်တွေမှာလည်း ဒီလို ပြဿနာမျိုးတွေ ရှိနေတာ ဖြစ်လို့ တိုင်းရင်းသားတွေကတော့ ကြိုက်မှာ မဟုတ်ပါဘူး''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အစ္စရေးတိုင်းမ်း နေ့စဉ်သတင်း စာ၏ ရေးသားဖော်ပြချက်အရ အစ္စ ရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နေတန် ရာဟုက ယင်းစာချုပ်နှင့် ပတ်သက်၍ သဘောတူ လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်းနှင့် မိမိတို့၏ တာဝန် မှာ နယ်စပ်များကို မတရားဝင်ရောက် သူများရန်မှ ကာကွယ်ရမည့် တာဝန် အဖြစ် လုပ်ဆောင်ခဲ့သလို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သည်ဟု ကြေ ညာချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment

Recent Tube