ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တရားသူကြီးများအိမ်ရာ တည်ဆောက်မည့် မြေနေရာတွင် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် ထွေအုပ်မှ အကြောင်းကြားစာ ပေးပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တရားသူကြီးများအိမ်ရာ တည်ဆောက်မည့် မြေနေရာတွင် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် ထွေအုပ်မှ အကြောင်းကြားစာ ပေးပို့


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ အိမ်ရာနှင့် ပြည်နယ်တရားသူကြီးများ အိမ်ရာ တည်ဆောက် မည့် မြေနေရာ၌ ကျူးကျော် နေ ထိုင်သူများ ဖယ်ရှားပေးရန် တောင် ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒီဇင်ဘာလ ၃ ရက်က အကြောင်းကြားစာ ပေးပို့ထားခဲ့ ကြောင်း သိရသည်။ 
.
 
.
တောင်ကြီးမြို့၊ ကံကြီးရပ် ကွက်၊ တောင်ကြီး-ဟိုပုံးသွားကား လမ်းဘေး၊ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရုံးမြောက် ဘက်တွင် ကျူးကျော်နေထိုင်သူ များအား ဖယ်ရှားပေးရေးနှင့်ပတ် သက်၍ ဒီဇင်ဘာလ၊ ၄ ရက် မွန်း လွဲပိုင်းက တောင်ကြီးမြို့ရှိ ခရိုင်/ မြို့နယ်စုပေါင်းရုံးခန်းမတွင် သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိ ရသည်။
.
''ဒါနဲ့ ပတ်သက်ပြီး ၂ဝ၁၇ ခုနှစ် ကတည်းက မြို့မြေမှာ ပါပါတယ်။ မြို့မြေမှာပါပြီးတော့ အစိုးရစီမံခန့် ခွဲမှု မြေရာဇဝင်စာရင်းထဲမှာလည်း ပါပါတယ်။ တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီး အိမ်ရာနဲ့ ပြည်နယ်တရား လွှတ်တော် တရားသူကြီး အိမ်ရာတွေ ဆောက်လုပ်ဖို့ အစိုးရအဖွဲ့က ရွေး ချယ်တယ်။ အဲဒီနေရာမှာ ကျူးကျော် တွေရှိနေတယ်။ ငှက်ပျောပင်တွေ လာစိုက်ထားတယ်။ လာစိုက်တဲ့ သူက ၃ ဦးလောက်ရှိမယ်။ ကျောက် တိုင်တွေ အပင်တွေ စိုက်ထားတယ်။ အိမ်ကတော့ အစောင့်ပုံစံ သဘောပါ။ အဲဒီနေရာမှာ လူတော့မနေဘူး။ ခြံတွေ စိုက်ထားတယ်။ ကျွန်တော်တို့ ကတော့ ဥပဒေနဲ့အညီ နို့တစ်စာ ပေးပြီးတော့ ဖယ်ရှားပေးဖို့ ပေးပို့ထား တာ ဖြစ်ပါတယ်''ဟု တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းမြေနေရာ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂ ဦးနှင့် ပြည်နယ် တရားလွှတ်တော်၊ တရားသူကြီး ၂ ဦးတို့အတွက် အိမ်ရာတည်ဆောက်ပေးသွားရန်ရှိကြောင်း သိရသည်။
.
အဆိုပါမြေနေရာသည် ဧရိယာ အကျယ်အဝန်း ၁ ဒသမ ၈၂ ဧက ရှိပြီး ကျူးကျော်နေထိုင်သူများက ခြံဝန်းခတ်ခြင်း၊ အုတ်တိုင်များကာ ရံခြင်း တို့ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း တောင်ကြီးခရိုင် အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။
.
ယင်းမြေနေရာ၌ ကျူးကျော်နေ ထိုင်သူ စုစုပေါင်း ၃ ဦးရှိပြီး အစိုး ရ စီမံခန့်ခွဲခွင့်ရှိသော မြေနေရာမှ ဖယ်ရှားရန်အတွက် ဒီဇင်ဘာလ ၃ ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
.
အဆိုပါ အကြောင်းကြားစာအတိုင်း ဖယ်ရှားမှု မရှိဘဲ ဆက်လက် ကျူးကျော်မည်ဆိုပါက ၁၈၈၉ ခုနှစ် အထက်မြန်မာပြည်မြေနှင့်အခွန် စည်းမျည်းဥပဒေပုဒ်မ ၂၅ (ဃ) နည်းဥပဒေ ၆၉ (၂) အရ တောင်ကြီး ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးမှ တရားရုံးကို ဦးတိုက်လျောက် တရား စွဲသွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ နေရာ၌ မြေဝယ်ထားသူ များသည် မြေအဆင့်ဆင့် လက်လွှဲ၊ လက်ပြောင်း ဝယ်ယူထားခြင်းဖြစ်ပြီး  နစ်နာမှုများအတွက်လည်း သက်ဆိုင် ရာ ဝန်ကြီးဌာနများဆီသို့ အသနား ခံစာတင်ပို့ တိုင်ကြားထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats